စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, July 27, 2012

Burma Freedom and Democracy Act နဲ့ဆိုင်တဲ့ ပိတ်ဆို့ထားမှု အားလုံးကို ရုပ်သိမ်းပေးဖို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန် အစိုးရတာဝန်ရှိသူတွေကို စာရေးသား မေတ္တာရပ်ခံ


လူ့အခွင့်အရေးချိုးဖေါက်မှုအတွက် မြန်မာနိုင်ငံကို စီးပွါးရေးပြစ်ဒဏ်ခတ်
ပိတ်ဆို့ဖို့ ၊ ၂၀၀၃ခုနှစ်မှာ အမေရိကန်အစိုးရက ပြဌာန်းထားတဲ့ Burma Freedom and Democracy Act နဲ့ဆိုင်တဲ့ ပိတ်ဆို့ထားမှု အားလုံးကို ရုပ်သိမ်းပေးဖို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန်
အစိုးရတာဝန်ရှိသူတွေကို စာရေးသား မေတ္တာရပ်ခံလိုက်ကြောင်း
ပြည်သူ့လွှတ်တော် အင်တာနက် စာမျက်နှာမှာ ဒီကနေ့
ဖေါ်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အပါအဝင်
ဆီးနိတ်လွှတ်တော် အမတ်တွေဖြစ်တဲ့ Mitch McConnell, John McCain, Joe Liberman, Jim Webbနဲ့ အမေရိကန်သံအမတ် Derek Mitchell တို့ဆီကို မေတ္တာ ရပ်ခံစာ ပေးပို့ခဲ့တာပါ။

အခုလို မေတ္တာရပ်ခံစာရေးတာဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တဦးရဲ့ လုပ်ပိုင်ခွင့်အရ လုပ်ဆောင်တာမျိုးဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်အစိုးရရဲ့ စီးပွါးရေးပြစ်ဒဏ်ခတ် ပိတ်ဆို့မှုတွေရုပ်သိမ်းသွားရေး
အတွက်`မည်သည့်ပုဂ္ဂိုလ်မဆို မည်သည့် နည်းလမ်းဖြင့် ဖြစ်စေ
ဝိုင်းဝန်းကြိုးပန်းပေးဖို့` ဆိုတဲ့ အရေးပေါ်အဆိုတရပ်ကို ကျားဖြူပါတီ
ကွန်ဟိန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက
ဇူလိုင်(၁၃)ရက်နေ့ လွှတ်တော်မှာတင်သွင်းခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန် အစိုးရတာဝန်ရှိသူတွေကို စာရေးသားလိုက်တာပဲ ဖြစ်ပါတယ်။

RFA Burmese

0 comments: