ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဖြစ်မြောက်ရေး
ကော်မတီ) ကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
ဘာသာရပ် အသီးသီးကို ကိုယ်စားပြုတဲ့ အလုပ်အမှုဆောင် ၂ဝ၊
အဖွဲ့ဝင် ၁ ရာကျော်နဲ့ ဒီ ကော်မတီကို ဖွဲ့စည်းခဲ့ တယ်လို့ အလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဥပဒေ တတိယနှစ် ကျောင်းသား ကိုအဂ္ဂက RFA ကို ပြောပါတယ်။
ကော်မတီ ဖွဲ့စည်းတဲ့ အခမ်းအနားကို သင်္ဃန်းကျွန်း မြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသား များ အဖွဲ့ ရုံးခန်းမှာ ပြုလုပ်ခဲ့ပြီး၊ ကိုမင်းကိုနိုင်နဲ့ ကိုမင်းဇေယျတို့ တက်ရောက်ခဲ့ပါတယ်။
ကျောင်းသား သမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီ ဦးဆောင်သူတွေ
ဖြစ်တဲ့ ကိုစည်သူမောင်နဲ့ ကိုဒီငြိမ်းလင်းတို့က ခွပ်ဒေါင်း အလံတော်ကို ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အလုပ်အမှုဆောင် အဖွဲ့ကို လွှဲအပ်ခဲ့ပါတယ်။
0 comments:
Post a Comment