စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, July 25, 2012

ရခိုင်ပြည်နယ် ငြိမ်ချမ်းရေး သုံးသပ်ချက် စာတမ်းများ ထွက်ရှိ

Zaw Lwin Win - photo




ဖတ်ကြည့်ရန် အထူးလိုအပ်သည့်အတွက်.. ဖေတ်ကြပါ.. လက်ဆင့်ကမ်း လေ့လာမှုပြုကြပါ... ပြီးတော့ သိမ်းထားကြစေရန်အတွက် ..ထပ်ဆင့်တင်ပြ လိုက်ပါသည်...။

မိုးမခ၊ ဇူလိုင် ၂၃၊ ၂၀၁၂

ယခင် ဇွန် ၈ က စတင်ပြီး ရခိုင်ပြည်နယ် နယ်စပ်ဒေသမှ အစပြု၍ ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားများကြောင့် အရေးအခင်းများ ဖြစ်ပွားခဲ့ပြီးနောက် ပြည်ပနိုင်ငံများနှင့် မူဆလင်နိုင်ငံများက ထုတ်ဖော်ပြောဆိုကြရာတွင် မြန်မာပြည်၊ ရခိုင်ဒေသတွင် ရိုဟင်ဂျာ အမည်ခံယူထားသည့် မူဆလင်များအား မြန်မာတို့က ရက်စက်စွာ သတ်ဖြတ်ဖျောက်ဖျက်နေသည်ဟု စွပ်စွဲချက်များ၊ ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပေါ်လာသည်။ အီရန်နိုင်ငံက ကုလသမဂ္ဂတပ်များ ၀င်ရောက်ပေးပါဟု ပြောဆိုသည်အထိ ဖြစ်လာသည်။
အတိတ်ကာလတလျောက်ကို ပြန်ကြည့်လျင် ကမ္ဘာနိုင်ငံအသီးသီးသည် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားနယ်စပ်ဒေသ ပြည်တွင်းစစ်များ၊ အတိုက်အခံ ဒီမိုကရေစီနိုင်ငံရေးသမားများအပေါ် အကြမ်းဖက် ဖမ်းဆီး အကျဉ်းချနေမှုများ၊ ၂၀၀၇ ရွှေဝါေ၇ာင်သံဃာတော်များ သတ်ဖြတ်နှိမ်နှင်းခံရခြင်း၊ ၂၀၀၈ နာဂစ်မုန်တိုင်း လူပေါင်းများစွာ သေဆုံး ဘေးဒုက္ခကပ်ဆိုက်ခြင်း စသည့် အရေးအခင်း ဘေးအန္တရယ် အသီးသီး ဖြစ်ပျက် ရင်ဆိုင်ခဲ့ရစဉ်က အထက်ပါ အရေးကိစ္စကဲ့သို့ မည်သည့်နိုင်ငံကမျှ အထူးတလည်အားဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့များ ၀င်ရောက်ကယ်တင်ရန် ကုလအတွင်းရေးမှူးအား တိုက်တွန်းခဲ့သည့် သတင်းကြားသိခဲ့ရခြင်း မရှိပေ။ ယခုကဲ့သို့ ရိုဟင်ဂျာ အမည်ခံ ဘင်ဂါလီလူမျိုးစုတို့၏ အရေးကိစ္စမှာ မြန်မာပြည်တွင်းသာမက ပြည်ပနိုင်ငံများနှင့် မူဆလင်နိုင်ငံများ၊ ဘာသာရေးအဖွဲ့အစည်းများအတွက် စိတ်ဝင်စားစရာ ဖြစ်လာသည်မှာ ထပ်မံ၍ စိတ်ဝင်စားဖွယ်ရာ ကောင်းသည်။
သို့ဖြစ်ပါ၍ မြန်မာပြည်တွင်းက

သမိုင်းကော်မရှင်အဖွဲ့မှ ဦးမြင့်သိန်း၏ သမိုင်းသုတေသနစာတမ်း၊
http://www.scribd.com/doc/100485171/Ya-Khain-Sar-Tan-Report-on-Rakhine


http://www.mediafire.com/view/?tw2co50cgxtc9wx

လက်ရှိအရေးအခင်းအပေါ် ရခိုင်ပြည်နယ် အမတ်တဦးဖြစ်သူ ကပ္ဗတိန်သာစိန်၏ စာတမ်း၊
http://www.scribd.com/doc/100484772/Speech-by-Captain-Thar-Sein-at-Burmese-Parliament-on-Rohingya-s-threat

http://www.mediafire.com/view/?yhcbevirhjocclb

မျက်မှောက် ရခိုင်ပညာရှင်များ၏ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းဒေသ ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် ပြန်လည်ထူထောင်ရေး အကြံပြုတင်ပြချက်
http://www.scribd.com/doc/100790161/Rakhine-Paper-on-Rohingya-Conspiracy-2012-and-the-past

http://www.mediafire.com/view/?adr233g4mouc86i

စာတမ်း ၃ စောင်ကို မိုးမခက အများပြည်သူတို့ လေ့လာဖတ်ရှုနိုင်ရန် စုစည်း တင်ပြလိုက်ပါသည်။

Ya Khain Sar Tan - Report on Rakhine

ယခု ပေးပို့သော စာတမ်းမှာ ပြည်ထောင်စုမြန်မာနိုင်ငံအ စိုးရ ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနဦးစီးဌာန၌ (၂၁-၃-၂၀၀၉)ရက်နေ့တွင် ကျင်းပသော "မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနှင့် မြန်မာနိုင်ငံ" "သုတေသနစာတမ်းဖတ်ပွဲ& quot;တွင် သမိုင်းသုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးမြင့်သိန်း ဖတ်ကြားတင်ပြသော "ရခိုင်ဒေသအတွင်းသို့ မွတ်ဆလင်များ ၀င်ရောက်လာခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုအဆင့် ဆင့်" စာတမ်းဖြစ်ပါသည်။

တိုင်းရင်းသားပေါင်းစုံ စုစည်းပေါင်းစည်းပြီး မြန်မာ့သွေးဖြင့် တည်ဆောက်ထားသော "ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး"အား နောင်နှစ်ပေါင်း(၈၀)ခန့်တွ င် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံကဲ့သို့ ဗုဒ္ဓပုထိုးအပျက်များဖြင့် မူဆလင်မြန်မာနိုင်ငံ မဖြစ်စေရန်အတွက် မြန်မာ့သွေး၊ မြန်မာ့စိတ်ဓါတ်ဖြင့် အမြဲတမ်း သတိရှိစေရန်အတွက် မိုးမခ၀က်ဘ်ဆိုက်တွင် ဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


"မြန်မာ့သွေး"

0 comments: