စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, July 27, 2012

ရန်ကုန်မြို့ အမေရိကန် သံရုံးက နိုင်ငံရေးနဲ့ စီးပွားရေးဌာန ပထမ အတွင်းဝန် Mr. Douglas Sonnek နဲ့ Mr. Bob Bailey တို့က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေး

(Photo: 88 Generation Students)


ရန်ကုန်မြို့ အမေရိကန် သံရုံးက နိုင်ငံရေးနဲ့ စီးပွားရေးဌာန ပထမ အတွင်းဝန် Mr. Douglas Sonnek နဲ့ Mr. Bob Bailey တို့က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် တို့ကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရုံးခန်းမှာ ဒီနေ့ မနက်က တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ပြီးတဲ့နောက်ပိုင်း အခြေအနေတွေနဲ့ ၈၈ အဖွဲ့ရဲ့ ၆ လ အတွင်း ဆောင်ရွက်ချက်တွေကို
ပြောဆိုကြတာဖြစ်တယ်လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

ဒါ့အပြင် အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိစ္စနဲ့ ပြန်လွတ်လာ တဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ပညာရေးအခက်အခဲတွေကိုလည်း ထည့်သွင်းပြောဆို
ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့
အရေးကြီးတဲ့အကြောင်းလည်း ဆွေးနွေးခဲ့ကြပါတယ်။

RFA

0 comments: