စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, July 28, 2012

မြန်မာ့ ငြိမ်းချမ်းရေးသည် အစိုးရက KIA အပေါ် ကိုင်တွယ်မှုနှင့် ဆိုင်ဟု MPSI ကဆို


မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည်၊ အစိုးရမှ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ တောင်းဆိုချက်ကို မည်သို့ ကိုင်တွယ် မည်နည်း ဆိုသည့် အပေါ် တည်မှီနေကြောင်း Myanmar Peace Support Initiative (MPSI) အဖွဲ့၏ အကြံပေး ပုဂ္ဂိုဟ် Mr. Ashley South က ယမန်နေ့က ထိုင်းနိုင်ငံ စံခလ ဘူရီမြို့၌ ကျင်းပသော ရှင်းလင်းပွဲ တရပ်တွင် ပြောကြား ခဲ့ပါသည်။

“ ကချင်ပြသနာဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးရဲ့ အဓိက (ကီး) ပြသနာဖြစ်တယ်။ ဒါကို အစိုးရ ဘယ်လို ကိုင်တွယ်မလဲ၊ တိုင်းရင်းသားတွေ ကတော့ ပြည်တွင်းငြိမ်းချမ်းရေးဟာ အပစ်အခတ် ရပ်စဲရေး မဟုတ်ဘူး၊ နိုင်ငံရေးပြသနာကို ဖြေရှင်းပေးဖို့ တောင်းဆိုနေတာဖြစ်တယ်။ မှန်ပါတယ်။ ဒီတော့ အပစ်အခတ် ရပ်စဲရေးဟာ ငြိမ်းချမ်းရဲ့ အစဘဲ ရှိသေးတယ်။ နိုင်ငံတကာ မှာကတော့ အပစ်အခတ် ရပ်စဲရေး လုပ်နိုင်ရင် ငြိမ်းချမ်းပြီးလို့ ယူဆနေကြတယ်။ ဒါကြောင့် အစိုးရက သူတို့ရဲ့မီဒီယာပေါ်မှာ အပစ်အခတ် ရပ်စဲရေး ရပြီးလို့ တွင်တွင်အော်နေတာပေါ့” ဟု ဆိုပါသည်။

Myanmar Peace Support Initiative (MPSI) အဖွဲ့သည်၊ ပြီးခဲ့သည့် ဇန္နာဝါရီလက နော်ဝေးနိုင်ငံခြားရေး ၀န်ကြီး မြန်မာ နိုင်ငံကို အလည်အပတ် ရောက်ရှိပြီးနောက် မြန်မာ့ငြိမ်းချမ်းရေး အတွက် အကူအညီပေးရန် ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်ပါသည်။ ဤအဖွဲ့၌ Charles Petrie (ရန်ကုန်၌ တာဝန် ထမ်းဆောင်ခဲ့ဖူးသော UN အကြီးအကဲဟောင်း တဦးဖြစ်သူ၊ ရွှေဝါရောင် တော်လှန်ရေး၌ မြန်မာနိုင်ငံမှ နှင်ထုတ်ခံရသူ) နှင့် Mr. Ashley South တို့အား အကြံပေး ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ထားပါ သည်။

၎င်းတို့သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့များ၏ သဘော တူညီချက်အတိုင်း တိုင်းရင်းသား ဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေးပွဲပေါင်း အကြိမ် (၂၀၀) ကျော် ကျင်းပခဲ့ပြီး အမြင်ဖလှယ် နိုင်ခဲ့ပါသည်။ ဤသို့ ရရှိသော ရလာဒ်အပေါ် မူတည်ပြီး အကူအညီ ပေးသွားမည်ဟု ဆိုပါသည်။

“ ကျနော်တို့က အစိုးရနဲ့ သဘောတူထားတဲ့ အတိုင်း ကာယကံရှင်များနှင့် တိုက်ရိုက် အကူအညီပေးနေပါတယ်။ တကယ့်လိုချင်တာက အနီးကပ် ကူညီသွားတဲ့သဘောပါ” ဟု Ashley ကဆိုပါသည်။

ရှင်းလင်းပွဲကို တွေ့ရစဉ် (ဓါတ်ပုံ - ရွှေဟင်္သာသတင်းဌာန)

နော်ဝေး အစိုးရသည် မြန်မာ့ ငြိမ်းချမ်းရေးအတွက် ဒေါ်လာသန်း (၇၀) ကူညီသွားမည်ဟု UNFC ခေါ် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီနှင့် လာရောက် ဆွေးနွေးစဉ် ပြောကြားခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူက ဆိုပါသည်။

Ashley South သည် ၁၉၉၄ ခုနှစ်မှစပြီး နှစ်ပေါင်း၂ဝ နီးပါး တိုင်းရင်းသားအရေး၌ ပါဝင်ဆောင်ရွက်ခဲ့ပြီး အတွေ့အကြုံများ ကိုမူ Mon Nationalism and Civil War in Burma: The Golden Sheldrake နာမည်ဖြင့် စာအုပ်ရေးသား ခဲ့သူ ဖြစ်ပါသည်။

ရွှေဟင်္သာသတင်းဌာန

0 comments: