စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, July 25, 2012

ခမည်းခမက် မောင်ခင်ရွှေကလည်း လွှတ်တော်ထဲမှာ ၀န်ကြီးတစ်ယောက်ကဲ့သို့ အာဏာရှိသဗျ





လွှတ်တော်ဥက္ကဠကြီးလည်း NLD ရဲ့ အဆိုတွေ ဘယ်တော့ သူ့ဘက်မျှားဦးလှည့်လာမလဲ နားရွက်ထောင်နေရင်းနဲ့ သွားတော့မှာပဲ...။

ခမည်းခမက် မောင်ခင်ရွှေကလည်း လွှတ်တော်ထဲမှာ ၀န်ကြီးတစ်ယောက်ကဲ့သို့ အာဏာရှိသဗျ။ အရင်က လွှတ်တော်ထဲမှာ ဒေသခံကိုယ်စားလှယ်တွေတင်တဲ့အဆိုတွေကို ဆိုင်ရာဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေက ဒိုင်ခံ ဖြေရှင်းတယ်..။ အဲ.. သူ့မြေသိမ်းတဲ့ကိစ္စကျတော့ သူကိုယ်တိုင် မြေပြန်မပေးနိုင်ကြောင်း ရှင်းလိုက်တာများဗျာ..။ ၀န်ကြီးတစ်ပါးထက်တောင် Decision ချပြနေသေး.။

လွှတ်တော်ထဲကအဆိုတစ်ခုက ကိုယ့်အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်လို့ ထပြီးကန့်ကွက်၊ ထပြီးဆုံးဖြတ်တဲ့အမတ်ကို ခမည်းခမက်ဖြစ်လို့ သတိမပေးပဲ မိန့်မိန့်ကြီး ထိုင်ကြည့်နေတဲ့ လွှတ်တော်ဥက္ကဌက မြန်မာနိုင်ငံမှာပဲ ရှိမယ်နဲ့တူပါတယ်..။

အဆိုကိုတင်တဲ့သူက ဘယ်လူတန်းစားကိုကိုယ်စားပြုသလဲ..။ ဘယ်လူတန်းစားအတွက် တင်တာလဲ...။

အဆိုကို ကန့်ကွက်တဲ့သူကကော ဘယ်လူတန်းစားကို ကိုယ်စားပြုထားသလဲ..။

အဲဒါလေးကိုတော့ လွှတ်တော်ဥက္ကဌကြီး ကြည့်သင့်ပါတယ်.။

မောင်ခင်ရွှေကို ဆောက်လုပ်လယ်စိုက်အိုးအိမ်စက်မှုဟိုတယ်ခရီး ၀န်ကြီးအဖြစ် ပေးဖို့သာ လွှတ်တော်ဥက္ကဌ ခမည်းခမက်ကြီးက ဆုံးဖြတ်လိုက်ပါတော့ဗျာ.။ သူက ဒါတွေနဲ့ အကုန်ပတ်သက်နေတယ်လေ..။

သူ့စကားတွေက ..သက်ဆိုင်ရာဝန်ကြီးတွေ ... သေလို့ရတယ်..။ :


စက်မှုမြေအဖြစ် ရောင်းပြီးတဲ့ လယ်မြေတွေကို ပြန်မပေးနိုင်တဲ့အကြောင်း ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် (၉) က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ဇူလိုင်လ ၂၃ ရက်နေ့ မှာ
ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ဒါ့အပြင် - လယ်မြေတွေကို ကုမ္ပဏီတွေက သိမ်းယူပြီးနောက် စက်မှုဇုန်နဲ့ အိမ်ရာ စီမံကိန်းတွေ ဆောင်ရွက်နေတယ်ဆိုပြီး သတင်းမီဒီယာ တွေကနေ တဆင့် လယ်သမားတွေကို သွေးထိုးမြှောက်ပင့် အရေးဆိုနေကြတဲ့ စွပ်စွဲချက်တွေ ဟာလည်း လွဲမှားနေတယ်လို့ ဦးခင်ရွှေက ပြောပါတယ်။

ဦးခင်ရွှေရဲ့ ဇေကမ္ဘာ ကုမ္ပဏီဟာ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ ကျေးရွာ
အုပ်စုက လယ်မြေဧက ၁ ထောင် ကျော်ကို တိုးချဲ့စက်မှုဇုန် ဖော်ထုတ်ဖို့
ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂ဝ၁ဝ ခုနှစ်က သိမ်းယူခဲ့ပါတယ်။

လယ်တဧက အတွက် ကျပ် ၅ သောင်းပေးပြီး ဒီလယ်တွေကို စွန့်လွှတ်ကြောင်း လက်မှတ်ထိုးဖို့ လယ်သမားတွေကို ပြောဆိုခဲ့ပေမယ့် လယ်သမားတွေက လက်မခံခဲ့ပါဘူး။

အဲဒီနောက် ငွေ မယူရင် လယ်တွေကို သိမ်းယူမယ် ဆိုပြီး ဇေကမ္ဘာကုမ္ပဏီက
လယ်သမားတွေကို ခေါ်ယူ ပြောဆိုခဲ့တယ်လို့ သိရ ပါတယ်။

0 comments: