စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, July 25, 2012

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနား ဟာ အစိုးရရဲ့ ဖိတ်ကြားချက်အရ လာရောက်မည်




မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနား ဟာ အစိုးရရဲ့ ဖိတ်ကြားချက်အရ ဇူလိုင်လ ၃ဝ ရက်နေ့ ကနေ သြဂုတ်လ ၄ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားမယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံက လက်ရှိ ဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေ၊ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ၊ တိုင်းရင်းသား ဒေသတွေက တိုက်ပွဲတွေ၊ အထူးသဖြင့် ကချင်ပြည်နယ်က အခြေအနေတွေကို ဒီခရီးစဉ်
အတွင်း လေ့လာစုံစမ်းမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မစ္စတာ ကင်းတားနားဟာ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေ အပါအဝင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေ၊
နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူမှု အခြေပြု လူထု အဖွဲ့အစည်း တွေနဲ့လည်း
တွေ့ဆုံမယ်လို့သိရပါတယ်။

အဲဒီနောက် မစ္စတာ ကင်တားနားဟာ ခရီးစဉ် ပြီးဆုံးမယ့် သြဂုတ်လ ၄ ရက်နေ့ ကျရင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်လို့လည်း သိရပါတယ်။

RFA

0 comments: