စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, July 27, 2012

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဒီမိုကရေစီမိတ်ဆွေများပါတီ(၁၀)ပါတီမှ ပါတီကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ

ယနေ့ နေ့လည် ၂ နာရီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒီမိုကရေစီ မဟာမိတ် (၁၀) ပါတီမှ ကိုယ်စားလှယ်များ လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမဆောင်၌ တွေ့ဆုံကြစဉ်။

နေပြည်တော် ဇူလိုင်လ ၂၇

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဒီမိုကရေစီမိတ်ဆွေများပါတီ (၁၀)ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့မှ ပါတီကိုယ်စားလှယ်များအား ယနေ့ မွန်းလွဲ ၂ နာရီတွင် လွှတ်တော် အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီများမှ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပြီး လွှတ်တော်ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေး နှင့် စီးပွားရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

0 comments: