စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, July 25, 2012

လူငယ်တွေကိုယုံပါ



ဂျာနယ်လစ်ဆိုတာ လူမှုအသိုက်အဝန်း၏ ဘယ်ကဏ္ဍမှာမဆို အရေးကြီးသောအလုပ်ကို ဆောင်ရွက်နေသူ တစ်ယောက်အဖြစ် ပါဝင်နေပါတယ်။ ဂျာနယ်လစ်အများစုသည် လူအများလိုအပ်တယ်လို့ ယူဆရတဲ့ သတင်း အချက်အလက်များကို ပေးကြသည်။ လူအများသိလိုသည့် သိထိုက်သည့် သူတို့ပတ်ဝန်းကျင်ကမ္ဘာရဲ့ အကြောင်းတွေကို လူထုရှေ့မှောက်ရောက်အောင် ဆောင်ကျဉ်းပေးကြသည်။ ၄င်းသတင်းအချက်အလက်များမှ ပြည်သူတွေဟာ မိမိတို့ဘဝမှာ ဘာတွေလုပ်ချင်လဲဆိုတာကို ဆုံးဖြတ်နိုင်ကြသည်။ တစ်ခါတစ်ရံ အချို့သတင်း အချက်အလက်တွေဟာ လူတွေရဲ့ သေရေးရှင်ရေးနှင့် ပတ်သက်နေသည်များကို တွေ့ရပါသည်။ ထို့ကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အရေးကြီးသော (Journalism) ကဏ္ဍတစ်ရပ်အား လူငယ်များ အတွက် သင်တန်းတစ်ရပ် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။


၂ဝ၁၂ ခုနှစ်၊ ဇူလိုင် (၂ဝ) ရက်နေ့မှစ၍ (၂၂) ရက်နေ့အထိ Journalism & Citizen Journialism သင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်၌ အလင်းဆက်(IR) မှ နံနက် (၉းဝဝ) နာရီမှ ညနေ (၅းဝဝ) အထိ (၃) ရက်ကြာ ရက်တို သင်ကြားပို့ချပေးခဲ့ပါသည်။ ယင်းသင်တန်းတွင် အသင်းသူ/သားများအဖြစ် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ သင်တန်းသား/သူများနှင့် ဝန်ထမ်းများ၊ Citizen Journalism အား စိတ်ပါဝင်စား၍ လာရောက် တက်ရောက်သင်ကြားကြသူများ၊ ဂျာနယ်လစ်များ စသဖြင့် သင်တန်းသား/သူ (၂၈)ဦး တို့ တက်ရောက် သင်ကြားခဲ့သည်။ သင်တန်းဆရာများအနေဖြင့် အလင်းဆက်(IR)၊ နီအဲဝိုင် (Mosa)မှ သင်ကြားပို့ချပေးခဲ့သည်။

Journalism & Citizen Journialism သင်တန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် ပြည်ပနိုင်ငံသို့သွားရောက်စဉ်က ကိုယ်အင်္ဂါမသန်စွမ်းသူ (လက်နှစ်ဖက် မရှိသူ) တစ်ဦးသည် မိမိတို့ကျင်းပသော လူမှုရေးလုပ်ဆောင်ချက် အခမ်းအနားသို့ တက်ရောက်လာကာ မိမိအား သူကိုယ်တိုင် ရေးစပ်ထားသော ကဗျာနှင့် ဒီဇိုင်းပုံအား ပေးခဲ့ရာ ထိုသူသည် သူကိုယ်တိုင်ရေးဖွဲ့ စပ်ဆိုထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို တွေ့ရှိရခဲ့ပါသည်။ ယင်းကဗျာ စာသားနှင့် ဒီဇိုင်းပုံတို့သည် အလွန်ပင် ထူးခြား သပ်ရပ်မှုရှိကြောင်း တွေ့ရှိခဲ့ရသည်။ ထိုသူသည် သူ၏ ခြေနှစ်ဖက်ဖြင့် ကွန်ပြူတာအား အသုံးပြုကိုင်စွဲကာ အကျိုးပြု စာ၊ ကဗျာများအား ရေးသားခဲ့သော လူမှုရေးသူရဲကောင်း Citizen Journalist တစ်ဦးဖြစ်ကြောင်းကို မိမိ အသိ အမှတ်ပြု ဂုဏ်ယူမိကြောင်း၊ ထို့ကြောင့် ယခုသင်တန်းတက်ရောက်ကြသော ညီအစ်ကို မောင်နှမများသည် ကိုယ် အင်္ဂါသန်စွမ်းမှုများရှိနေသောကြောင့် မိမိတို့၏ သန်စွမ်းသောကိုယ်အင်္ဂါနှင့် မိမိတို့၏ ထက်မြတ်သော ဦးနှောက်ကို အသုံးပြုကာ အများပြည်သူ အကျိုးရှိစေမည့် သတင်းအချက်အလက်များကို ရှာဖွေရေးသားကြရန် အင်အားတစ်ရပ် အား ပြောကြားခဲ့ကာ သင်တန်းအား အလင်းဆက် (IR)မှ စတင်သင်ကြားပေးခဲ့သည်။


ယင်းသင်တန်းတွင် အလင်းဆက်(IR)မှ ဂျာနယ်လစ်ဇင်(Journalism)၊ သတင်းဓါတ်ပုံကောင်းအတွက် အရေးကြီးမှု၊ ဂျာနယ်လစ်ကောင်းတစ်ယောက်၏ အရည်အချင်း၊ ဂျာနယ်လစ်တို့၏ကဏ္ဍ အစရှိသည့် သင်ခန်းစာ တို့ အား သင်ကြားပို့ချပေးခဲ့ပြီး၊ နည်းပညာပိုင်းအနေဖြင့် နီအဲဝိုင်(Mosa)မှ Internet နည်းပညာများ၊ Internet Journalism (Blogger)၏ အရေးပါပုံများ၊ Mobile ဖုန်းများ၏ အသုံးဝင်ပုံများစသဖြင့် နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ အသုံးချနိုင်စေရန် နိုင်ငံသားဂျာနယ်လစ်သင်တန်းအား သင်ကြားပို့ချပေးခဲ့ပါသည်။



Journalism & Citizen Journialism သင်တန်းပို့ချပေးခြင်းဖြင့် ရရှိခဲ့သော အတွေးအခေါ်များ၊ အမြင် များအား တုန့်ပြန်ချက် (Feedback)အနေဖြင့် သင်တန်းသား/သူများမှ ပြောကြားခဲ့ကြရာတွင် “မိမိတို့သည် ယခင်က ကွဲလွဲစွာ မသိသေးခဲ့သော ဂျာနယ်လစ်ဇင်နှင့် နိုင်ငံသားဂျာနယ်လစ်ဇင်အား ယခုအခါတွင် ကွဲလွဲစွာ နားလည်သဘောပေါက်ခဲ့ကြောင်း၊ နိုင်ငံသားဂျာနယ်လစ်ဇင်ဆိုတာ နိုင်ငံသားများအပေါ် အခြေပြုပြီး (သို့) နိုင်ငံ သားများ ကိုယ်တိုင်တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး သတင်းနှင့် သတင်းဖြစ်လောက်သည့် အချက်အလက်များကို စုဆောင်းခြင်း၊ သတင်းပို့ခြင်း၊ ဝေဖန်ဆန်းစစ်ခြင်းနှင့် ထုတ်လွှတ်ဝေဖန်ခြင်းကို ကောင်းစွာနားလည် သဘောပေါက် လာကြောင်း” စသဖြင့် တုန့်ပြန်ချက် (Feedback)များ ကိုပြောကြားခဲ့ပါသည်။ ထို့ကြောင့် ဒီမိုကရေစီလမ်းစဉ် ဘက်သို့ ကူးပြောင်းလာပြီဖြစ်သော မြန်မာနိုင်ငံသည် ပွင့်လင်းညှင်သာသော လူအဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက် လာစေရန်အတွက် အများပြည်သူတို့အား အကျိုးဖြစ်ထွန်းလာစေမည့် Journalism & Citizen Journialism သင်တန်းအား ပို့ချပေးခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့အားလုံးသည် “စုံမှိတ်မြှပ်သေကြမလား ပုံနှိပ် ထုတ်ဝေကြမလား” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု ကျင့်သုံးကြရမည်ဖြစ်သည်။


လူငယ်တွေကိုယုံပါ


လူငယ်တွေကိုယုံပါ။

သူတို့မှာ အသိကိုယ်စီရှိပါတယ်။

ကိုယ်တာဝန်ယူလုပ်တဲ့ အလုပ်တစ်ခုကို

အကောင်းဆုံးဖြစ်အောင် လုပ်ချင်တာ လူ့သဘာဝပဲဖြစ်တယ်။

လူငယ်တွေကို စိတ်ချလက်ချနဲ့

လွတ်လွတ်လပ်လပ် လုပ်ခွင့်သာပေးလိုက်ပါ။

အံ့သြစရာကောင်းလောက်အောင်ကို

သူတို့ လုပ်ပြပါလိမ့်မယ်။



(လူထုစိန်ဝင်း)



by Kyaw Thu 

0 comments: