စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, July 27, 2012

မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင် လူကြီး (၅) ဦးဟာ ဂီတ အစည်းအရုံးကနေ မနေ့က နုတ်ထွက်

ဂီတအစည်းအရုံးအလွှာ အသီးသီးမှ ရွေးချယ်ကာ စိစပ်ကြီးကြပ်မှု ကော်မတီဝင်များ ဖွဲ့စည်းနေစဉ် June 15, 2012

မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေး ကော်မရှင် အဖွဲ့ဝင် လူကြီး (၅) ဦးဟာ ဂီတ အစည်းအရုံးကနေ မနေ့က
နုတ်ထွက်လိုက်ကြပါတယ်။

နုတ်ထွတ်လိုက်ကြတဲ့ သူတွေကတော့ ဘိုကလေး ဦးတင့်အောင်၊ ဦးမင်းနောင်၊ ဦးမောင်မောင်ကြီး၊ စန္ဒရားဦးမောင်မောင်တုတ်နဲ့
ဒေါ်သင်းသင်းမြတ်တို့ ဖြစ်ကြပါတယ်။

အခုလို နုတ်ထွက်ပေးလိုက်တာဟာ ခေတ်သစ်ဂီတအလွှာနဲ့ မြန်မာနိုင်ငံ
ဂီတအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကြား နားလည်မှု လွဲမှားနေတာကို ပြန်လည် သင့်မြတ်လိုတာကြောင့် နုတ်ထွက်တာလို့ အဆိုတော် ဦးမင်းနောင်က ပြောပါတယ်။

လူငယ် ခေတ်သစ် ဂီတသမားတွေက ဂီအစည်းအရုံးကို အသစ်ပြန်လည် ဖွဲ့တဲ့အခါ လက်ရှိ နေရာရပြီးသား စတူရီယိုအလွှာလိုပဲ ခေတ်သစ် ဂီတသမားတွေကိုလည်း နေရာတနေရာ သတ်မှတ်ပေးဖို့
တောင်းဆိုခဲ့ကြပါတယ်။

အဲဒီတောင်းဆိုမှုအပေါ် ဂီတအစည်းအရုံး ရွေးကောက်ပွဲကော်မရှင် လူကြီးတွေက လက်မခံဘဲ ယခင် စစ်အစိုးရလက်ထက်က ချမှတ်ထားတဲ့ ဖွဲ့စည်းပုံအတိုင်း ဂီတအစည်းအရုံးကို ဆက်လက် ဖွဲ့စည်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့အတွက် လူငယ်ဂီတသမားတွေနဲ့ လူကြီးတွေကြားမှာ ပဋိပက္ခ ဖြစ်ကြတာ ဖြစ်ပါတယ်။

RFA Burmese
 

1 comments:

တော်တော်ရင့်ကျက်မှု မရှိတဲ့လူတွေပါပဲ။ မြန်မာပြည်မှာက အဖွဲ့အစည်းတစ်ခုလုပ်လို့ အဖွဲ့ဝင်၅ယောက်ရှိရင် အလုပ်က မစရသေးဘူး အုပ်စုက ၇စုလောက် ကွဲချင်ကြတယ်။ ဒါကြောင့် မတိုးတက်တာပဲ။ အရာရာကို ငါမှငါ၊ ငါ့အာဏာကိုမထိပါးနဲ့၊ ငါသာလျှင်သိ၊ ငါသာလျှင်တတ်ဆိုတဲ့ ငါအတ္တတွေ လွန်ကဲကြတာကိုး။ ကိုယ့်အဖွဲ့အစည်း တိုးတက်ရာတိုးတက်ကြောင်းကို ဖြန့်ကျက်မတွေးခေါ်နိုင်ပဲ ထစ်ကနဲရှိ ကိုယ့်အတ္တပေတံနဲ့ပဲ တွေးခေါ်ဆုံးဖြတ်ခဲ့ကြလို့ မြန်မာပြည်ကြီး နှစ်ပေါင်းများစွာ နောက်ကျကျန်ခဲ့ပြီ၊ အဲဒီ မကောင်းတဲ့ သောက်ကျင့်တွေ အရိုးစွဲနေကြတုန်းပါပဲ။
အပြောင်းအလဲကို လက်မခံနိုင်တဲ့လူတွေ မြန်မြန်ထွက်ကြပါ။ ဒီလိုလူတွေ အနုပညာအရာမှာ တစ်ဖက်ကမ်းခပ်အောင် ပါရမီဓာတ်ခံကြောင့် တော်သလိုလို ရှိကောင်းရှိမယ်။ အဖွဲ့အစည်းလိုက် ပတ်ဝန်းကျင်တစ်ခုလုံးကို ညီညွတ်မျှတစွာ တိုးတက်အောင် ဖန်တီးနိုင်စွမ်း၊ စီမံခန့်ခွဲနိုင်မှု၊ စိတ်သဘောထားကြီးမြတ်မှုတွေမှာတော့ သုညအဆင့်ပဲရှိတယ်လို့ ယုံတယ်။
ရင့်ကျက်မြင့်မြတ်ပြီး မေတ္တာတရားဦးစီးတဲ့ စိတ်သဘောထားကောင်းတွေနဲ့ အမှန်တကယ် အလုပ်လုပ်ပါမှ နေရာတိုင်း တိုးတက်လာမှာပါ။ ခေတ်စနစ်ရဲ့ တွန်းအားကြောင့် အရင်အရှိန်နဲ့ လိမ့်နေသူတွေ၊ စိတ်သဘောထား သေးသိမ်ပြီး ရင့်ကျက်မှုမရှိသူတွေ အချိန်တန်ရင် ဘေးကိုရောက်သွားပါလိမ့်မယ်။
ဘယ်လိုပဲ စကားအလှတွေ သုံးထားထား အခုလို နှုတ်ထွက်တဲ့ကိစ္စကတော့ ဂီတရပ်ဝန်းတိုးတက်ရေးအတွက် အပေါင်းလက္ခဏာ မဆောင်ဘူးဆိုတာ နားလည်သင့်တယ်။
စိတ်ကောင်းရှိကြပါ။ သဘောထားကြီးကြပါ။ ကိုယ့်အလုပ်အပေါ် သစ္စာရှိကြပါ။ မေတ္တာတရားကို အခြေခံကြပါ။