စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, July 27, 2012

ကုန်ပစ္စည်းများအား အမေရိကန်သို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် ဥပဒေအား သက်တမ်း တိုးလိုက်ပါက မြန်မာနိုင်ငံအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း International Crisis Group ပြောကြား




မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် ဥပဒေအား သက်တမ်းတိုးလိုက်ပါက မြန်မာနိုင်ငံအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း သုတေသန အဖွဲ့အစည်းကြီးဖြစ်သည့် International Crisis Group က ပြောကြားခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ပိတ်ပင်ထားမှုကို သက်တမ်းတိုးလိုက်ခြင်းသည် အလုပ်အကိုင် ဖန်တီးပေးသည့် ကုန်ထုတ်လုပ်ရေး လုပ်ငန်း ဖွံ့ဖြိုးမှုကို ဟန့်တားနှောင့်ယှက်ရာ ရောက်သည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာရေး အပေါ် သက်ရောက်မှု အကြီးအကျယ် ရှိနိုင်ကြောင်း၊ အမေရိကန်၏မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် ဥပဒေအား ဆက်လက်ထားရှိခြင်းသည် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ် မည်ကဲ့သို့ ကောင်းကျိုးရှိမည်ကို နားလည်ရန် ခက်ခဲကြောင်း International Crisis Group က ပြောကြားခဲ့သည်ဟု bloomberg သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ရေးအတွက် ဖိအားပေးရန် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်နိုင်ငံသို့ တင်ပို့မှုပိတ်ပင်ထားမှုကို နောက်ထပ်သုံးနှစ် သက်တမ်းတိုးရန် အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက ဇူလိုင်လ ၁၈ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်သွင်းမှုကို ပိတ်ပင်ထားသည့် The Burmese Freedom and Democracy Act of 2003 သည် ဇူလိုင်လ ၂၆ ရက်နေ့တွင် သက်တမ်းကုန်ဆုံးပြီဖြစ်သည်။

အဆိုပါဥပဒေအား အမေရိကန် ကွန်ဂရက်တွင် နှစ်စဉ်သက်တမ်း တိုးရသည်။

ပြီးခဲ့သည့်နှစ်များအတွင်းက အဆိုပါဥပဒေအား သက်တမ်းတိုးမှုမှာ လုပ်ရိုးလုပ်စဉ်အဖြစ် ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ထူးခြားလျက်ရှိနေသည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ၁၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်နိုင်ရန် အမေရိကန် ကုမ္ပဏီများအား ခွင့်ပြုကြောင်း ဇူလိုင်လ ၁၁ ရက်နေ့က ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြမည့် အမေရိကန် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏လုပ်ဆောင်မှုများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ အစီရင်ခံ တင်ပြရမည်ဖြစ်ပြီး အမေရိကန် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါက နိုင်ငံခြားရေးဌာနသို့ ရက်ပေါင်း ခြောက်ဆယ်အတွင်း အကြောင်းကြား ရမည်ဖြစ်ကြောင်းနှင့် အမေရိကန်ဒေါ်လာ ငါးသိန်းနှင့်အထက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများသည် စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်အစီရင်ခံအကြောင်းကြားရမည် ဖြစ်ကြောင်း အဆိုပါကြေညာချက်အရ သိရသည်။

ထိုသို့ ကြေညာပြီးနောက် ဇူ လိုင်လ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ် နှံမှုအခွင့်အလမ်းများ လေ့လာရန် Boeing, Chevron, Google, General Motors, IBM, Dell, Time Warner, Visa, MasterCard ,World wide, ExxonMobil, Coca-Cola, Federal Express,GE အစရှိသည့် နာမည်ကျော် အမေရိကန်ကုမ္ပဏီများ ပါဝင်သည့် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့သည်။

အမေရိကန် ကုမ္ပဏီများသည် အာရှနှင့် ဥရောပမှ ပြိုင်ဘက်များ မြန်မာနိုင်ငံ၏ စီးပွားရေးဈေးကွက် အား လက်ဦးရယူသွားမည်ကို စိုးရိမ်ကြောင့်ကြသည့် အတွက် မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် စိတ်ထက်သန်လျက် ရှိနေသည်။

အလားတူ အမေရိကန် အခြေစိုက် GE ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ ဗဟိုရ်စည်ဆေးရုံ၊ ပန်းလှိုင်ဆေးရုံတို့သည် အမေရိကန်ဒေါ်လာ နှစ်သန်းဝန်းကျင် တန်ဖိုးရှိ ခေတ်မီရောဂါ ရှာဖွေရေးနှင့် ကုသရေးစက်ပစ္စည်းများ ၀ယ်ယူခြင်းအတွက် ရန်ကုန်မြို့၌ ဇူလိုင်လ ၁၄ ရက်နေ့က အရောင်းအ၀ယ် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ကြသည်။

ယခု အမေရိကန်မှ စီးပွားရေးပိတ်ဆို့ ဖြေလျှော့မှုများသည် အမေရိကန်ကုမ္ပဏီ လုပ်ငန်းရှင်များအတွက် သာဖြစ်ပြီး မြန်မာနိုင်ငံသားများ၊ ပို့ကုန်နှင့်ငွေကြေးလဲလှယ်မှုများ အတွက် မပါရှိသေးပါ၍ တစ်လမ်းသွား၊ တစ်ဖက်သတ်ဆန် နေပါကြောင်း၊ ၎င်းကိစ္စအား ပြန်လည်သုံးသပ်၍ မြန်မာပြည်သူများအကျိုး၊ မြန်မာတိုင်းရင်းသားများ၏ အကျိုးကိုသာ စဉ်းစားဆောင်ရွက်ပေးရန် လိုပါကြောင်း ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ကာ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့်လမ်းစဉ်ကို ကျင့်သုံးခဲ့သည်။

Eleven Media Group

0 comments: