စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, July 26, 2012

လက်ရှိ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေမှာ ဆွေးနွေးချက်တွေ၊ တင်သွင်းချက်တွေဟာ အချိန်တိုတို နဲ့ ထိရောက်မှုရှိဖို့ လိုအပ်တယ်


လက်ရှိ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေမှာ ဆွေးနွေးချက်တွေ၊ တင်သွင်းချက်တွေဟာ အချိန်တိုတို နဲ့ ထိရောက်မှုရှိဖို့ လိုအပ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က
ပြောလိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်မှာ
ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို အခုလို
ပြောကြားခဲ့တာပါ။

လွှတ်တော် အစည်းအဝေးတွေ မလိုအပ်ဘဲ အချိန်တွေ ကြာလွန်းနေတာ၊ ထိရောက်မှု မရှိတာတွေနဲ့ ပတ်သက်ပြီး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါ့ပြင် NLD ပါတီအနေနဲ့ လွှတ်တော်တွင်း တင်သွင်းမယ့် အဆိုတွေ၊
ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ် ပြင်ဆင်သွားမယ်
လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်
ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းတဲ့ အဆိုကို မနေ့က NLD ကိုယ်စားလှယ်တွေ ဝင်ရောက် ဆွေးနွေးတဲ့အချိန်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေး ပြောကြားခဲ့တယ်လို့ သိရပါတယ်။

RFA

0 comments: