စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, January 16, 2012

ဗိုလ်ခင်ညွန့် ကို ခွင့်လွှတ်မြန်ကြသူများအတွက်..


ဦးခင်ညွန့်ကို လွှတ်လိုက်တာဟာ သူတို့ ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲဆိုတာ စမ်းသပ်ကြည့်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့လူဟာ ပြန်လည် ထင်ပေါ်လာနိုင်သေးလား ဆိုတာ စမ်းကြည့်တာလဲ ဖြစ်နိုင်တယ်။သူလုပ်ခဲ့ တာ ကောင်းခဲ့တာတွေရှိတယ် ဘာဘာညာညာ။ မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိက တရားခံ ထဲမှာ သူပါတယ်။ တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်းဆိုရင် တရားခံ နံပါတ် ၂ ဟာ ဦးခင်ညွန့် ပဲ။၈၈ မှာ အတိုက်အခံ တွေဘက်က ကြားဖြတ်အစိုးရဖွဲ့ ဖို့  နှောင့်နှေးခဲ့ရတဲ့ အခြေအနေမှာ သပိတ် တန်ပြန်ရေး ဖော်ဆောင်သွားတာ သူ နဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေဖောက်ပြ မင်းမဲ့ စရိုက်ဆိုတဲ့ ဘက်ကို လုပ်ပြသွားတာသူပဲ။ အဲ့ဒါကြောင့် ဒီနေ့ တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင်လိုက်ရတယ်ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့်  ရဲ့  အလှည့်စားခံလေးတွေ ဖြစ်သွားတာပဲ..

ဒီနောက်မှာ သပိတ်နှိမ်နှင်းရေးတွေကို လူမဆန်အောင် ကြူပင်ခုတ် ကြူငုတ် မကျန် လုပ်ခဲ့တာသူပါပဲ။ ရေကြည်အိုင် လိုမျိုး နာမည်ဆိုး နဲ့ ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေက ငရဲခန်း နှိပ်စက်ခန်းတွေဟာ သူ့ စနက်တွေချည်းပါပဲ။ ဆိုင်ကယ် မောင်းခိုင်းတာ က အစ သောက်တဲ့ ရေထဲ မာကျူရီထည့်ပြီး ဦးနှောက်ပျက်အောင် လုပ်တဲ့အထိ ဆိုးရွားခဲ့တာသူပါပဲ။ ရေကြည်အိုင်ကို ၀င်သွားတဲ့ သူမှန်သမျှ အကောင်းအတိုင်းပြန်ထွက်လာတယ်ဆိုတာ အလွန်ရှားပါတယ်။ လူမသိ သူမသိ လက်လွန်သွားတဲ့သူတွေ ဘယ်လောက်ရှိသလဲဆိုတာ ရေတွက်လို့ မရပါဘူး။ ။တကယ်တော့ မြန်မာ တပြည်လုံးကို အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တာ မျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ညအချိန် မတော် အိမ်တံခါး လာခေါက်ပြီး ညီလေး အစ်ကိုတို့ နဲ့ ခဏလိုက်ခဲ့ပါ။ လို့  ဘယ်တော့ များ အခေါ်ခံရမလဲ ဆိုတဲ့ အကြောက်တရားမျိုးကို လူတွေစိတ်ထဲ ရိုက်သွင်းခဲ့တာ ဗိုလ်ချုပ်ခင်ညွန့် ပါ။ နိုင်ငံရေး ဆိုတာ လုပ်တာနဲ့ သချိင်္ုင်းကုန်းပဲ ပြေး မြင်အောင် လုပ်ထားတာ သူပါ။စစ်သားတွေဟာ မျက်ကန်းမျိုးချစ်နဲ့ ငါတကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ ကြိုးစားပါတယ်။

တကယ်တော့ စစ်ဗိုလ်ချုပ်တွေ ချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ်ခင်ညွန့် လို ပါးပါးနပ်နပ် နဲ့ ကောက်ကျစ်တဲ့ စစ်သား မဟုတ်တဲ့ သူကြောင့် သာ စစ်တပ် သက်ဆိုးရှည်ခဲ့တာပါ။အာဏာရှင်တွေရဲ့ ကယ်တင်ရှင်ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ နေရာပေးခြင်းခံခဲ့ရတာပါ။ဦးနေ၀င်း ဆင်းပြီး သူ့ သြဇာခံတွေ လဲ ထည့်မရတဲ့ အဆုံးမှာ ဗိုလ်ခင်ညွန့် ကို နောက်ဆုံးလက်နက်အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒိအချိန်မှာ ဗိုလ်ချုပ် စောမောင် ဆို တာရုပ်သေးပဲ။ နောက်က တကယ် လှုပ်ရှားခဲ့ တာ တွင်း ၁ ၊့  တွင်း ၂ နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့် တို့ ပဲ။အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲသူက ဗိုလ်ချုပ်ခင်ညွန့် ပဲ။ ဗိုလ်ချုပ် သန်းရွှေကိုလဲ အစက ဟန်ပြ အဖြစ် တင်ခဲ့တာပဲ။ နောက်မှ သူတို့ အပေါ်ရောက်သွားလို့ ခံလိုက်ရတာ။

သေနတ်ရှိမှ နေရာမြဲတဲ့ စစ်တပ်ထဲမှာ စစ်ကောင်းကောင်း မတိုက်တတ်၊ စစ်တပ်ကျောထောက် နောက်ခံ မရှိတဲ့ ဗိုလ်ခင်ညွန့် ဟာ သူ့ အခြေအနေ မကောင်းဘူးဆိုတာ သိပါတယ်။ ဒါကြောင့် တိုင်းရင်းသားတော်လှန်ရေး အုပ်စုတွေနဲ့  စစ်ပြေငြိမ်းရေးလုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခိုအဖွဲ့ ၊လက်နက်ကိုင် သူပုန် အဖွဲ့ တချို့ ကို ငြိမ်း အဖွဲ့ တွေ အဖြစ်ဖန်တီးပြီး ကျောထောက် နောက်ခံရအောင် ကြိုးစားခဲ့ပါတယ်။ဒါကြောင့် ကိုးကန့် တို့  ဟာ မြန်မာ လူမျိုးထဲတောင် ပါဝင်ခွင့်ရခဲ့ ပါတယ်။ သူ့ ကြောင့် ငြိမ်းအဖွဲ့ တွေ သူတလူငါတမင်း လုပ်ချင်တိုင်းလုပ်တာကို ခံခဲ့ရပါတယ်။စစ်တပ် ကျောထောက်နောက်ခံ မရှိတဲ့ သူအဖို့  ဒီလို ရည်ရှည် သွားတာ ဟာ နောက်ဆုံး သူ ဒုက္ခရောက်မယ်ဆိုတာကို သဘောပေါက်လာပါတယ်။ စစ်အစိုးရ အနေနဲ့ ရည်ရှည်သွားတာဟာ မကောင်းဘူးလို့ အစောဆုံး သဘောပေါက်တာလဲ ပါမယ် ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။အဲ့ဒီအချိန်မှာသာ သူ့ ကို ပေးကခဲ့ ရင် အခုပုဆိုးဝတ်ကြီးတွေကိုဗီလိန်နေရာထားပြီး သူက မင်းသားနေရာကနေ ကမှာကို မြင်ခဲ့လို့  စင်ပေါ်ကနေ ကန်ချခံခဲ့ရတာပါ။

တကယ်တော့ ဗိုလ်ချုပ်ခင်ညွန့် ဟာ စစ်သား စစ်စစ် မဟုတ်ပါဘူး။ ရှေ့ တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့ လား မပြောတတ်ဘူး။ စစ်တက္ကသိုလ် ဆင်းလဲ မဟုတ်ပါဘူး။ စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဥာဏ်နည်းနည်း နဲ့ ပဲ လုပ်တတ်ပါတယ်။ သူကတော့ ဥာဏ်ရှိပြီး ကောက်ကျစ်တဲ့သူပါ။ ကဲ ဘယ်သူဟာ ပို ကြောက်စရာ ကောင်းလဲ စဉ်းစားကြည့်ကြပါ။ သူလို လူမျိုးကို ကျနော်တို့ အာဃာဋ ထားစရာမလိုဘူး။ ဘာဖြစ်လို့ လဲဆိုတော့ အဲ့ဒီအတွက်အချိန်မရှိလို့ ပဲ။ တခြား တိုးတက်ရေးလုပ်စရာတွေ အများကြီးရှိနေတယ်။ ဒါပေမယ့် နိုင်ငံတိုးတက်ရေးမှာ ၀င်မနှောင့်ယှက်နိုင်အောင်တော့ သတိထားနေရမယ်။ သူလုပ်ခဲ့တာတွေကို တော့ မေ့မပစ်ပဲ ထပ်မခံရအောင် သင်ခန်းစာတော့ ယူရမယ်။ မောင်ညီ MMCP

ဦးခင်ည့န့်ဘာတွေလုပ်ခဲ့ လဲ ဟုတ်လား

၁-စစ်အစိုးရတတ်ခါစမှာ သူတဦးတည်းမှာ ပါဝါအပြည့်ရှိတယ်လို့ ပြောလို့ ရလောက်အောင်ကို ပါဝါရှိပါတယ်...အဲ့အချိန်က သူဆန္ဒပြကျောင်းသားတေNLD နဲ့ လူ့ ဘောင်သစ်ပါတီဝင်တွေ ကိုဘယ်လို့ ဘ၀တွေရိုက်ချိုးခဲ့တယ် ဆိုတာ ပြန်ပြောပြဖို့ လိုမယ်မထင်ပါဘူး...မန္ဓလေးသံဃာ့အရေးအခင်းကနေစပြီး သံဃာတွေကို ဘယ်လိုသူ ထောင်သွင်းအကျဉ်းချခဲ့ပါသလဲ....၂-အာဏာတည်ဆောက်ပုံ...ကြမ်းတဲ့နေရာမှာ သူ့ လောက်ဘယ်သူမှ မကြမ်းပါဘူး...သူ့ အထက်က ဦးစောမောင် ၊ သူ့ လယ်ဗယ်ထက် တဆင့်မြင့် ဦးမြင့်အောင်၊ဦးထွန်းကြည် တို့ အုပ်စု ၊သူတွေကို ဘယ်လိုရှင်းသွားလဲ... အဲ့အချိန်မှာ ဦးသန်းရွှေတောင် သူ့ ပါဝါသူအသာလေး စုနေရတဲ့အဆင့်ဘဲ ရှိသေးပါတယ်... နောက် ဦးတင်ဦး ကေစ့်... မသေမချင်း လုပ်ကြံခံရတာ သူ့ ကြောင့်မဟုတ်ဘူးဆိုရင်တောင် သူအကာအကွယ် မပေးနိုင်ခဲ့တာဟာလည်း သူ့ ကိုယ်သူလုံလှပြီလို့ တော့ပြောလို့ မရနိုင်ပါဘူး...နောင်သူ ဇွဲနေ၀င်းတို့ ဗယုတ်သုတ်ခ အလုပ်မှာတချက်၊ သူ့ လူတွေ လည်လွန်းပြီး -ချီးနင်းမိနေချိန်မှာ တချက်အခြေပျက်သွားလို့ သာ သူခံလိုက်ရတာပါ။အဲ့တော့ သမိုင်းမှာ ဘယ်သူ တာဝန်အရှိဆုံးလည်းဆိုတာပေါ်လောက်ပါပြီ။ဦးသန်းရွှေက သူ့ လောက်မတော်ပါဘူး....ဦးသန်းရွှေ မဟုတ်တာလုပ်ရင် လူသိတာများတယ်...သူမဟုတ်တာလုပ်တာ လူသိပ်မသိဘူး...သူက ဆင်ဖြုမရှင်နဲ့ စုဘုရားလတ် ပုံစံ တဘက်ကပွဲခင်းပြီး တဘက်က လူသတ်တဲ့သူစားမို့ ပါ...သူလုပ်သွားတာ အားလုံးဟာ ဆန်းဆန်းပြားပြားမပါပါဘူး...တကယ်တော့ သူသိပ်တော်ပါတယ်ပြောရင် ဗလလို ငမြောက်ငခြောက်ကောင်ကလည်း အဲ့လိုနေရာလေးသာ ရပစေ မြန်မာပြည်ကို အနှစ်၄၀လောက် ပိတ်ထားလို့ ရတယ်လို့ ကြွေးကြော်ချင်ပါတယ်...ဘာကြောင့်လဲ မေးရင်တော့ မြန်မာလူမျိုးတွေက မြန်မာလူမျိုးတွေမို့ ပါဘဲ....အခုတောင် ဖေ့စ်ဘုတ်မှာ အရင်ထောက်လှမ်းရေးအတွက် အသုံးတော်ခံခဲ့တဲ့ 7days voice eleven တို့ က တဖြည်းဖြည်းနဲ့ မင်းကိုနိုင် တပုံ သူ့ ပုံတပုံတင်ပြီး စည်းရုံးရေးဆင်းနေပါပြီ...အားလုံးကလည်း ဘဘကြီးနေကောင်းလားတို့  အရမ်းဝမ်းသာတာဘဲတို့ ဖြစ်ကုန်ကြရော....ကျုပ်တို့ လူမျိုးကလည်း မေ့တတ်တာကို....၁၉၈၈ အရေးအခင်းဖြစ်တယ်...အရေးအခင်းပြီးတာနဲ့  အရပ်ထဲ နတ်ပွဲတွေနဲ့  တခြိမ်းခြိမ်းပေါ့...မေ့ကုန်ပြီ...မသေတဲ့မိသားစုတွေက..၁၉၉၀ရွေးကောက်ပွဲလုပ်တယ်...မနက်ဖြန်ဘဲပေးမလိုလိုလုပ်နေလိုက်တယ်...ကြားထဲမှာ ဖမ်းလိုက်တာ မနည်းမနော...အမှတ်မမှားရင် လွတ်တော်ခေါ်မယ်ကို ၁၉၉၁-၂နှစ်လောက်မှကြေငြာတာရွေးကောက်ပွဲပြီးတယ်... ၁၉၉၃ ညီလာခံခေါ်တယ်...တနှစ်တကြိမ် တခါတလေ ၂-၃ကြိမ်ခေါ်တယ်... လူတွေဆူပူမှာဆိုးလို့  မြို့ တော်ဝန် မာရသွန်.....ပြေးလိုက်ကြတာဘဲ...တီကို ကားရအောင်လို့ ....နအဖ ဖလား လှေသဘင်၊မြင်းခင်းသဘင်၊ ဟောပြီးတော့ အမျိုးသားအားကစားပွဲတော်၊ နောက်တော့ကျောင်းသားအားကစားပွဲတော်လုပ်ပေးတယ်၊

ဒါတွေဟာ ပုံမှန်ပါဘဲ...တကယ်တော့ အလှည့်တွေထဲမတော့ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ လူတယောက်အတွက် တကယ့်ကို ပုံမှန်ပါဘဲ....အခုအွန်လိုင်းမှာဟော့နေတဲ့ မြန်မာ့အင်တာနက်ဖောင်ဒါဆိုတဲ့ စကားလုံး....မှားတယ်... ပုဂံဆိုက်ဘာကို စလုပ်တဲ့ရည်ရွယ်ချက်ကိုက သူ့ အတွက်ပါ။သူ လုပ်ခဲ့တာ တကယ်တော့ ကကလှမ်းအတွက် ရည်ရွယ်ပြီးလုပ်ခဲ့တာပါ...သူမလုပ်ရင် သူကျန်ခဲ့တော့မယ်...အဲ့နောက်ကနေမှ လူတွေမသုံးနိုင်တဲ့ ဈေး၊ လူတွေမသုံးနိုင်တဲ့ စပိဒ့်တွေနဲ့  လူတွေကြားထဲ ချထားပေးလိုက်တာပါ...ဒါလည်း လေးစားလောက်စရာမရှိပါဘူး... သူနိုင်ငံအုပ်ချုပ်နေတဲ့ သူတယောက်...သူ့ အလုပ် သူလုပ်ရမှာပေါ့... ဒါကျွန်တော်တို့ က ပိုပြီးချီးကျူးထောပနာပြုနေစရာ ဘာလိုလို့ လဲ....ကောင်းတာကို ချီးကျူးခံချင်ရင်တော့ ဘုန်းကြီးကျောင်းသွား အလှူလုပ်ပါ... ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လှူ ...ဘုန်းဘုန်းတွေ ပြောတဲ့ သာဓု ဆိုတာကို ပီတိခံပေါ့...နောက် လူတွေပြောတဲ့ မာလ်တီမီဒီယာ... ဟားတိုက်တာ ရယ်ချင်ရဲ့...စက်ရှိတယ်..ရုပ်ပြ၊ အင်တာနတ်ကနေစာသင်မယ်တဲ့ မီးမလာဘဲ...အဲ့တော့ အဲ့တာတွေဟာ အပိုဆိုတာ သဘောပေါက်ပေါ့...ထမင်းကျွေးလို့ ထိုင်စားမယ့်လူကို ထမင်းသိုး ဟင်းသိုးကျွေးတာ ထုတ်ပြီး ချီးကျူးလောက်တဲ့သူဟာ ထမင်းသိုးဟင်းသိုးကြိုက်တဲ့သူဘဲဖြစ်မှာပေါ့... နောက်တခု မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအသင်း... ဒါဟာ တပ်တွင်းအားပြိုင်ဖို့  လောက်နေရာတခုပါ...အဲ့လိုနေရာမှာ ဒေါ်ကြိုင်ကြိုင်တို့ က မတိုးဘူးလေ... သူ့ မိန်းမက ဒေါက်တာဆိုတော့ ပိုပြီးလူဝင်ဆန့် တော့ ဒါကိုတည်ခဲ့တာဘဲ....နောက် အတန်းပညာရေးကို ဘယ်လောက်ထိဖျက်ဆီးပစ်တယ်ဆိုတာ အားလုံးအသိပါ...မအောင်မနေရ အတန်းတင်ပညာရေးစနစ်ဟာ သူ့ ကြောင့်ပေါ်ထွန်းလာတာပါ။အဲ့ဒီပညာရေးစနစ်ကထွက်လာတဲ့သူတွေ အခုအချိန်ထိ နိုင်ငံတကာမှာ ဘွဲ့ ခြင်းတူရင် ဒီပလိုမာခြင်းတူရင် ဘယ်သူက ခေါင်းမော့ရင်ကော့ ရပ်တည်နိုင်ပါသလဲ...ကိုယ့်ဘာသာကိုယ် မပြင်ထားရင် ဘာအဆင့်မှမရှိလောက်အောင် အနှိမ်ခံရပါမယ်...အဲ့လောက်ဆိုရင် သူ့ ဘာလဲသိလောက်ပါပြီ...

သူဟာ ရုပ်ရှင်သရုပ်ဆောင် ကြက်သမားဝင်းမြင့် ( ဦးလူချော မှန်ပါတယ်နော် ) ရဲ့ညီလို့ မပြောရဘူး သရုပ်ဆောင်ကောင်းသူပါ...ဘုရားထီးတော်တင်ရင် ဆုတခုဘဲတောင်းတယ်...နိုင်ငံတော် သာယာဝပြောပြီး နိုင်ငံကြီးအေးချမ်းပါစေ...တဲ့ ( နည်းနည်းတော့စကားလုံးကွဲနိုင်တယ် )အဲ့လိုဟန်ပါပါ မာန်ပါပါနဲ့ ဆုတောင်းလို့  လူကောင်းထင်နေရင်တော့ မှားမှာပေါ့...ကျွန်တော် အိမ်ကနေ ရှေ့ တပြက ဘုရားသူထီးတင်ခဲ့ သလို ကျွန်တော့်လမ်းထိပ်က ကကလှမ်းရုံးမှာလည်း သူ့ တပည့်တွေ ဗျင်းနေတာ ကိုယ်တွေ့ မျက်မြင်....အဲ့တော့ မိချောင်းမျက်ရည် လို့ သာပြောချင်တယ်... သူ့ အကြောင်း ထဲကနေ ကောင်းတာလေးတခုနှစ်ခုလောက်တော့ ရှိတာပေါ့...သူ့ တပ်မတော်ဘ၀ နေ၀င်ချိန်မှာ အာဏာကို ပုံစံပြောင်းယူဖို့ အကြံနဲ့  ဒေါ်စုကို သူက ဒီပရင်းမှာ ကယ်တဲ့ပုံစံချိုးယူတာမျိုး အာစီယံမှာ သူ့ တပည့်ဦးဝင်းအောင်ကို အလှည့်အပြောင်းလာတော့မယ် ဆိုတဲ့စကားထွက်စေတာမျိုး ကို ကြိတ်ပြီးချီးကျူးမယ်ဆိုရင်ပေါ့....ဒါပေမယ့် ဒီလူဟာ ကျွန်တော်တို့ ပုံနှိပ်စက်သမားတွေပြောသလိုပြော

ရရင် မှင်အနက်ဘဲ...ဘယ်လိုမှင်နဲ့ မှ သူ့ ကိုအရောင်ပြောင်းလို့ မရနိုင်ဘူး...သူဟာ လူမကြမ်းဘဲ စိတ်ဓါတ်ကြမ်းတဲ့ အတွင်းကောက်သမားပါ...ကျေးဇူးဗလ (MMCP)

ရွေဝါရောင်ရဲ့ အရှေ့မှာ ၉၆ ကျောင်းသားအရေးအခင်းဆိုတာ ရှိခဲ့တယ်ကွယ့်။ ဘယ်သူမှ အတိအကျမသိဘဲ လို့ ဆိုရအောင် အဲဒီကျောင်းသားတွေ မသေသေးဘူးကွယ့်။အဲဒီသူကြီးလဲ အပြင်ဘက်မှာ အရှင်လတ်လတ်ကြီး ညွှန်ကြားနေတာကွယ့်။လှည်းတန်းမှာနံနက်လင်းအားကြီး ကတ်တ၇ာလမ်းပေါ် ထိုင် လက်ချင်းချိတ်တွဲထားတဲ့ ကျောင်းသားတွေကို မီးသတ်ပိုက်နဲ့ အနီးကပ်အတင်းထိုးခွဲ ကားပေါ်ပစ်တင်ခိုင်းတာ အခုေ၇ွှဘိုထောင်က လွှတ်တဲ့ထဲပါတဲ့ ဗိုလ်ခင်ညွှန့် လက်ရုံး ဗိုလ်မှူးချုပ်ခင်အောင် တဲ့။ အဲဒီတုန်းက ဗမခ မဟုတ်သေးဘူးထင်တယ်။ အမိန့်အရ အနီးကပ်ညွှန်ကြားသူပေါ့။ထောက်လှန်းရေးတစ်စု ၇က်ရက်စက်စက် နှိမ်နင်းခဲ့တဲ့မန်းလေး သံဃာ့အရေးအခင်းဆိုတာလဲ မှီလိုက်သူတွေ ရှိသေးတယ်ကွယ့်။ကျောင်းသားတစ်ယောက်ကို မမိလို့ အမေနဲ့ နှမကို (အလယ်တန်းကျောင်းသူ တောင် မချန်) ထောင်ထဲဖမ်းထည့်ပလိုက်တာကော သူ တော်တဲ့အချက်လို့ ပြောဦးမလား။ မျှားခေါ်တတ်လိုက်တာ ပေါ့နော်အဲဒီတ၀ိုက် စစ်ထောက်လှမ်းေ၇းတွေ သတင်းပေးတွေ စိုးမိုးချိန်က လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် ဘော်ဘော်တွေနဲ့ ကိုယ့်နိုင်ငံအကြောင်း အကောင်းအဆိုး နည်းနည်းတောင် မဟ၀ံ့ ၊ ကချင်ပုဆိုးတောင် မ၀တ်ရဲ၊ အိမ်မှာ အန်တီစုပုံ တောင် မထားရဲတဲ့ သာမန်ကျောင်းသား ပြည်သူတွေရဲ့ ဘ၀တွေ ရှိခဲ့တယ်။ အဲဒါ ပုံပြင်တွေ ယုံတမ်းစကားတွေ မဟုတ်ဘူး။အမှန်က ဒီလူကြီးအကြောင်း ပြောဖို့ ၀င်လာတာမဟုတ်ဘူး။ ဖတ်၇တော့ လဲ မနေနိုင်လို့။.................................................. ..............................

.................... .............................

အလဲဗင်းမှာ ဇောတိက ဆိုတဲ့ တစ်ယောက်က ကိုမင်းကိုနိုင် ကို ကွန်မန့်ပေးထားတာ သဘောကျလို့ ပြုံးမိတယ်။ မိတ်ဆွေတွေေ၇ာ ဖတ်ချင်မလားလို့ ကူးလာတယ်ဗျာယုံတယ်ဗျာ.

ခင်ဗျားကိုတော့.

တစ်ခုဘဲပြောချင်တယ်

ဗမာပြည် နိုင်ငံရေး ကတော့ ခင်ဗျား သက်ဆုံးတိုင် ရိုးမြေကျ လုပ်ရ မှာဘဲ။

ဒီတော့ ဒါတွေ ဆက်မလုပ်ခင် မိန်းမ ယူဗျာ

ခင်ဗျားလို လူမျိုးရဲ့သွေးမျိုးဆက် ဗမာပြည်လို လူကြောက်တွေ ပေါ တဲ့ တိုင်းပြည်မှာ လိုကို လိုတယ်။

ကျုပ်မှာ နှမတွေ မကျန်တော့တာ နာသဗျာ။

ဗိုလ်ချုပ်ကတော့ ဒဏ်ရာနဲ့ ဆေးရုံရောက်ခဲ့လို့ သူနာပြုဆရာမလေးနဲ့ တွေ့ခဲ့တယ်။ ကျွန်တော်တို့ အကိုကြီးမှာ ဖူးစာရှင်တောင် ရှာဖို့ အချိန်မရှိခဲ့ဘူး။ကိုဋ္ဌေးကြွယ်ပုံ မြင်ရတော့လဲ စိတ်မကောင်းဘူး ။ အထဲမှာ ကျန်းမာေ၇းမကောင်းခဲ့တာကြောင့် ရော ထင်တယ်ကျ သွားလိုက်တာ။ ရွှေဝါရောင်တုန်းက အားလုံးအဖမ်းခံနေ၇ပြီး သူတစ်ယောက်ထဲ အပြင်မှာ ကျန်ခဲ့တဲ့အချိန်ထိ အမျိုးမျိုး ရှောင်တိမ်းရင်း လှုပ်ရှားခဲ့တာ။အဲဒီ အကိုကြီးဟာ အင်းယားမြိုင်ထဲမှာနေတဲ့ ချမ်းသာတဲ့ အသိုင်းအ၀ိုင်းကလာတဲ့သူ လို့ဘယ်သူထင်မလဲမဆိုင်သလို မနေခဲ့ကြတဲ့ သူတို့မျိုးဆက်ကြောင့်သာ မြန်မာပြည်ဟာ သူရဲကောင်းတွေ နေတဲ့ တိုင်းပြည် လို့အခုထိ ဆက်လက် ဟစ်ကြွေးနိုင်ခဲ့တာ။လေးစားဂုဏ်ယူ ကျေးဇူးတင်စွာဖြင့်သားလှဘယ်သူတွေ ဘယ်လိုပဲ အဘညွှန့်ရဲ့ ဘုန်းတော်ဘွဲ့တွေ ရွတ်နေကြပါစေ ကျနော်တော့ သူ့မျက်နှာမြင်တာနဲ့ ပထမဆုံး ပြေးမြင်မိတာက ကိုတင်နွယ် ဆိုတဲ့ ဇိမ်ခေါင်းကြီးပဲ။

အဘညွှန့်ဘာလုပ်ခဲ့သလဲတော့ မသိပါဘူး အဘညွှန့်ရဲ့ သားသမီး အမ်အိုင်တွေကြောင့် တနိုင်ငံလုံး ဇိမ်နန်းတွေ ပေါ်ပေါ်တင်တင် ဖွင့်ရဲလာတာတော့ အတော်ထင်ထင်ရှားရှားပဲ။တဖက်ကနေ လှည့်ပြီးကျေးဇူးတင်ရမယ်ဆိုရင် ကိုရင်ချက်ကြီးတို့ ပြည်တွင်းဖြစ်ကုန်ကြမ်းရစေဖို့ စတင်မိတ်ဆက် ကျေးဇူးပြုခဲ့တာ အဘညွှန့်ရဲ့ အမ်အိုင်တွေပဲ။----------------

ဒါပေမဲ့ သူလွတ်ခြင်းမလွတ်ခြင်းကို ကျနော်တော့ ဘယ်လိုမှ မခံစားမိပါဘူး၊ အကျဉ်းကျနေသူ လွတ်မြောက်တဲ့အတွက် မုဒိတာပွားပါတယ်။ ဒါပေမဲ့ သူဟာ တနိုင်ငံလုံး အကြောက်တရားနွံထဲ ဆွဲချခဲ့တဲ့ အဖွဲ့အစည်းကြီး တစ်ခုကို ဦးဆောင်ခဲ့တဲ့ သူတစ်ယောက် ဆိုတာ ဘယ်လိုမှ ငြင်းဆို ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။မော်ကင်းလေး

မခံခဲ့ရဘူးတဲ့သူတွေကတော့ ခံခဲ့ရတဲ့အမြင်ကိုဘယ်သိမလဲဗျ။မိသားစုတွေ သားတကွဲ၊မယားတကွဲ..ဖြစ်ခဲ့တာတွေ၊လူဘ၀သက်တမ်းတ၀က်လောက်ကို ထောင်ထဲမှာကုန်ဆုံးခဲ့ရတာတွေ၊ကိုယ့်အိမ် ကိုယ်နေတာတောင် ကြီးလန့်စာစားနေခဲ့ရတာတွေ၊..ပြောရရင်တော့ ကုန်မှာတောင်မဟုတ်ဘူး။ဒီလို လူမျိုးကို အကာအကွယ်ပေးတဲ့သူတွေ facebook ပေါ်မှာလဲ အတော်များသားကလား။ဒီလူကြီးရဲ့လက်တံကတော်တော်ရှည်သေးတာတွေ့ရပါတယ်။(သူတပည့် ဟောင်းတွေ တော်တော်များများလဲ facebook ပေါ်ရှိနေတာသေချာတယ်)ထောက်လှမ်းရေးဆိုတဲ့အတိုင်း ညဏ်နီညဏ်နက်၊ကလိမ်ကကျစ်ညဏ်ကတော့ တော်တော်ကြောက်ဖို့ကောင်းရိုးအမှန်ပဲ။မြွေပွေးလိုလူမျိုးပါ။ဒီလူကြီး အခုလို ထောင်ကျတာလဲ ယုံကြည်ချက်ကြောင့်မဟုတ်ပါ။ သွားလေသူကြီးက မြွေပွေးတစ်ကောင်ကိုပခြုပ်ထဲထည့်လိုက်တာပါ။(သူတို့အာ ဏာ ထိပါးမှာမြင်လို့လားမသိ)ခုတော့ မြွေပွေးတစ်ကောင်ပြန်လွတ်လာပြီပေါ့။xxMMCPxx

သူတို့တွေက ရန် ငါ ပြတ်တယ်။ ဒါကြောင့်လည်း သူတို့တွေက ပြတ်ပြတ်သားသား အသာစီးရ အပေါ်စီးကနေပြီး လုပ်ချင်သလို လုပ်ခဲ့ကြတယ်။ ကျတော်တို့က မေတ္တာ ဂရုဏာ မုဒိတာ ဥပစ်ခါတွေကို ကျင့်သုံးတယ်။ နည်းနည်း အသာစီးရလာရင် ဆက်ပြီး အနိုင်ယူဖို့၊ အမြစ်ပြတ် ခြေမှုန်းဖို့ ဆိုတာတွေကို စိတ်မ၀င်စားတော့ဘူး။ အားလုံး အတူတကွ လက်တွဲ့ နေထိုင်ရေးကို ပိုဦးစားပေးတယ်။ ဒါကြောင့် သူတို့တွေ ထင်တိုင်းကြဲတာကို ခဏခဏ ခါးဆီးခံခဲ့ကြရတယ်။ တစ်ခါတစ်လေ တော့လည်း ကိုယ်လည်း ရန် ငါ ပြတ်သူ ဖြစ်ခြင်လာတယ်။ ဒါပေမဲ့ ငါဟာလူ၊ တိရစ္ဆာန်မဟုတ်ဘူး လို့ ပြန်စဉ်းစားလိုက်မိရင် ရန် ငါ မပြတ်နိုင်သူ ပြန်ဖြစ်သွားတယ်။ လူအဖြစ်ကို အဆုံးရှုံးခံပြီးမှ ရမဲ့ အနိုင် ထိုက်တန်ရဲ့လား တစ်ကယ်ကော လိုချင်ရဲ့လားလို့ ပြန်စဉ်းစား စရာတွေ ဖြစ်လာခဲ့တယ်။

အခုအချိန်မှာ အခုလို လွှတ်ပေးလိုက်တာနဲ့ ပက်သက်ပြီး ဆိုက်ဝါးတွေ လုပ်နေတယ်လို ကျတော်လည်း ခံစားရတယ်။ ဇာတ်ရှိန်ကို မြှင့်သယ်သွားတယ်။ လူနည်းနည်း စိတ်ဝင်စားတဲ့ ကိစ္စကနေပြီး လူအများ စိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်လာအောင် လုပ်ယူတယ်။ ပြီးမှ ဖြည့်ချလိုက်တယ်။ လူတွေ အားလုံး ရင်သပ် ရှုမောစရာ ဖြစ်သွားတယ်။ မြစ်ဆုံကိစ္စ အကျဉ်းသား လွတ်ပေးရေး ကိစ္စတွေမှာ သေသေချာချာ ပလန်ဆွဲပြီး ဒါရိုက်တာ ကောင်းကောင်းနဲ့ ရိုက်တဲ့ ရိုက်ချက်တွေလို ကျတော်လည်း အစ်ကို တစ်ချို့နဲ့ အမြင်တူတယ်။ သတ္တာကြီးပေါ် ကျောက်တုံးတင်ပြီး ပြန်ချပေးတဲ့ အော်ပီကျယ် ကာတွန်း အဓိပါယ်မျိုး ဆိုတဲ့ အဖြစ်မျိုးဆိုတာကိုလည်း လက်ခံတယ်။ချုပ်ချုပ်ကြီးရဲ့ သမီးတော်တွေ ဌာနတွေ အားလုံးက တစ်ပြိုင်နက် ထွက်ပြီးမှ ဆိုတာလေးကို ပိုပြီးသိချင်လာတယ်။ အစ်ကို သိထားတာတွေကို ရှယ်ပေးပါလား....အခုတစ်လော မြောက်ပိုင်း ကျောင်းသားတပ်မတော် အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေ အရိုးတွန်နေတယ်။ ခွင်လွှတ်နိုင်သူတွေ ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လိုမရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အဖျောက် မခံသင့်ဘူး။ အရေးယူတာ မယူတာ က နောက်တစ်ပိုင်း အမှန်အတိုင်း သမိုင်းမှာ ရှိကျန်ရစ်ဖို့ နောက်တစ်ပိုင်းပါ။ ထိုအတူ ဒီပဲယင်းဆိုတာလည်း လူအများအပြား လူမသိသူမသိ၊ လူလိုသူလို မဟုတ်ဘဲ အသက်ပေးခဲ့ရတဲ့ အရေးအခင်းပါ။ ခွင့်လွှတ်နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ခြင်ချိန်ပြီး ခွင့်လွှတ်အုန်းတော့ သမိုင်း မှတ်တမ်း အမှန်အတိုင်း အပြည်အစုံ ရှိသင့်တယ်။ နောက်လူတွေလည်း သိသင့်တယ်။ အခုဘဲကြည့် ဘာမှ မကြာသေးတဲ့ နှစ်ကာလတွေတုန်းက လုပ်သွားတဲ့ ညောင်နှစ်ပင်တောင့် မသိသူတွေ ရှိနေပြီ။ မအအောင်လို့ သမိုင်းသင်တာပါ ဆိုတာ ဒေါက်တာ သန်းထွန်းရဲ့ စကား ပြန်အမှတ်ရကြပါ။

ဦးခင်ညွှန်နဲ့ ပတ်သက်ပြီး သမိုင်းကြောင်းတွေ ကောင်းသလား ဆိုးသလား တော်သလားဆိုတာတွေ ဆွေးနွေးခြင်ရင် နိုင်ငံရေး သရက်ထဲမှာ သူအမည်နဲ့ သီးခြား တစ်ခုရှိပါတယ်။ အဲသည်ဖက်မှာ ဆိုရင် ပိုပြီး သင့်လျော်လေးမလားလို့ အကြံပေးတာပါ။ကျတော် ဂရုပြုမိသလောက် အမည်ကျော်တွေထဲမှာ ကိုယ်ကိုကိုယ် publicity ဖြစ်အောင် promotion ကို သေသေချာချာ စဉ်စားပြီး စနစ်တစ်ကျနဲ့ အချိန်အကုန်ခံပြီး လုပ်ယူတဲ့လူ နှစ်ယောက်ကို တွေမိတယ်။ တစ်ယောက်က ကျော်ဟိန်းပါ။ သူ ဘုန်းကြီး မ၀တ်ခင် နှစ် အနည်းငယ်အလိုမှာ နှစ်ရှည် ပလန်ချပြီး စနစ်တစ်ကျ လုပ်သွားတာပါ။ နောက်တစ်ယောက် အခု မြို့ မေတ်တာ ခံယူနေသူကြီးပါ။ လူတွေဟာ တစ်ခုခုကို အများထဲက ရွေးရတော့မယ် ဆိုရင် ယဉ်ပါးနေတဲ့ ကြားဘူးတဲ့ အရာကိုဘဲ ရွေးတယ် ဆိုတာ စနစ်တကျ လေ့လာချက်များမှာ တွေ့ရှိရတဲ့ လူအကျင့်ပါ။ ဒါကြောင့် ကိုယ်ပစ်စည်းကို ကောင်းတဲ့ ကိစ်စနဲ့ တွဲပြီးတော့ဘဲ ဖြစ်ဖြစ် ဆိုးတဲ့ကိစ်စနဲ့ဘဲ တွဲပြီးတော့ဘဲ ဖြစ်ဖြစ် လူတွေရဲ့ မျက်စီထဲကို နားထဲကို ခေါင်းထဲကို ထပ်ခါတလည်းလည်း ၀င်အောင်လုပ်ပေးရမယ်။ အဲဒီလုပ်ထားနိုင်ရင် အဲသည်လူဟာ တစ်ခုခုကို ရွေးရတော့မယ်ဆိုရင် မသိစိတ်ကနေပြီး သူမကြာခဏ ကြားဘူးနေတဲ့ အမည်ကိုဘဲ ရွေးတော့တယ် ဆိုတာ အခြေခံ မာကက်တင်း နိယာမ တစ်ခုပါ။ ဒါကို တီဗီမင်းသားကြီးက ကောင်းကောင်း နားလည်ပုံ ရပါတယ်။လူမကြိုက်တဲ့ ပစ္စည်းကို လူကြိုက်များတဲ့ ပစ္စည်းနဲ့ တွဲထုတ်တာ ခေါက်ရိုးကျိုးနေတဲ့ မဆလ မာကက်တင်း နည်းစနစ်ပါ။ လူအများရဲ့ အသက် သွေး ဘ၀ မျက်ရည်တွေနဲ့မှ စားပျော် အိပ်ဝင် ပြီး လူလုပ်ခဲ့သူတွေကို လွှတ်ပေးရင် လူထုက လက်ခံမှာ မဟုတ်ဘူးဆိုတာကို သိလို့ လူထုကြီးက အောင့်သက်သက်နဲ့ စိတ်လျော့ပြီး လက်ခံသွားရအောင်လို့ အခုလို တွဲပြီး ထုတ်လိုက်တာပါ။ အောင်အောင်ဦး

ဗိုလ်ချုပ်ကြီး ခင်ညွန့် နှင့် အမေးအဖြေ မှ ကောက်နှုတ်ချက်များ

မိမိလွတ်မြောက်လာလို့ ၀မ်းသာပေမယ့် အပြည့်အ၀တော့ ၀မ်းမသာနိုင်သေးပါဘူး။ ကိုယ့်ကြောင့်ကျနေတဲ့ တပည့်သားမြေးတွေ ကျန်နေသေးတာရယ်၊ ကျန်တဲ့တခြားသူတွေ၊ ပြည်သူတွေအားလုံးကို လွတ်စေချင်ပါတယ်။ သူတို့တွေရဲ့ မိသားစုဝင်တွေကိုလည်း ၀မ်းသာစေချင်ပါတယ်။

အခွေထွက်လာတာလေးက အင်းစိန်ကိုသွားပြီးတရားရင်ဆိုင်ဖို့ပါ။ အဲဒီအချိန်က အနားပေးခံရပြီး ၈ လလောက်မှာပါ။ လွယ်သွားတ...ဲ့လွယ်အိတ်လေးက သီတဂူဆရာတော်ကြီး ချီးမြှင့်ထားတာလေးပါ။

ဒေါ်အောင်ဆန်းစုကြည် ကလူတော်ပါ။ ထက်မြက်ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်စဉ်ကလည်

း အာဃာတ မရှိခဲ့ပါဘူး။ ညီမလေးလိုပါပဲ ။သူက တိုင်းပြည်အတွက် အကျိုးရှိသူပါ။ နိုင်ငံတကာကိုလည်း ၀င်ဆံ့တယ်။ ပြည်တွင်းကလည်း ထောက်ခံတယ်။

အင်တာဗျူးအပြည့်အစုံကို Popular News တွင် ဖတ်ကြရမည်။

~Credit to Ko Ye~

Myint Mo Oo ~~Face book မှ ကူးယူ ဖော်ပြပါသည်။

1 comments:

ဖင်ခံလိုက်ပေါ့ မင်းတို့ NLD တွေ