စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 18, 2012

ဦးတင်မောင်ဝင်း (ခရမ်း) ၏ သေဆုံးခြင်း ၂၁ နှစ်ပြည့်



၁၈-၁-၂၀၁၂ နံနက် ၉း၀၀ နာရီ တာမွေမြို့နယ် ဗိုလ်စိန်မှန် ရပ်ကွက်မှာ ပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်
ဦးတင်မောင်ဝင်း (ခရမ်း)၏ ၂၁နှစ်မြောက် နှစ်ပတ်လည်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က
‘ရဲဘော် ရဲဘက်တွေ အချင်းချင်း တဦးနှင့်တဦး သစ္စာတွေ မေတ္တာတွေ ထားပြီး အလုပ်လုပ် လာကြတာပါ၊ အဲ့တာကြောင့် အခုအထိ ကျမတို့ ရပ်တည်
နိုင်တာပါ၊ ကျမတို့ကို ထောက်ခံတဲ့ သူတွေကို အမြဲပဲ ကျေးဇူး တင်ပါတယ်’ လို့ နှစ်ပတ်လည် ပွဲကို ရောက်ရှိလာတဲ့ ပရိတ်သတ်တွေနဲ့ ပြည်တွင် ပြည်ပ
သတင်းထောက်တွေကို ပြောဆို ခဲ့ပါတယ်။ ဦးတင်မောင်ဝင်း (ခရမ်း) ဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ခရမ်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် အဖြစ်
ဝင်ရောက် အရွေးခံခဲ့ရပြီးနောက် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လက်ထက် ထောင်သွင်း အကျဉ်းကျခံရပြီး ထောင်တွင်း လပိုင်းမျှသာ နေခဲ့ရပြီး ရုတ်တရက်
သွေးကင်ဆာ ရောဂါဖြင့် သေဆုံးသွားပြီဟု အာဏာပိုင်တွေ ဘက်မှ မိသားစုဝင်တွေကို အကြောင်းကြား ခံခဲ့ရတာ ဖြစ်ပါတယ်။ ဦးတင်မောင်ဝင်း (ခရမ်း)
ဟာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ကွယ်လွန် ခဲ့တာဖြစ်ပြီး အခု ၂၀၁၂ ခုနစ် ဇန်နဝါရီလ ၁၈ ရက်နေ့ ဟာ ကွယ်လွန်ခဲ့တာ ၂၁ နှစ်ပြည့်
မြောက်တဲ့ နေ့ပဲ ဖြစ်ပါတယ်။




BURMA VJ MEDIA NETWORK

0 comments: