စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, January 16, 2012

မြန်မာတိုင်းရင်းသားများ မလေးရှားတွင် စေတီတော် ရွှေထီးတော်တင်


မလေးရှားနိုင်ငံ စမုန်ညှင်းပြည်နယ်တွင် တည်ရှိသော စမုန်ညှင်းစေတီတော် ရွှေထီးတင်ပွဲကို ၂၀၁၂ခုနှစ် ဇန်န၀ါရီလ (၈)ရက်နေ့က စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု သိရသည်။
ရွှေထီးတော်တင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်ပြီး ဦးဆောင်ကျင်းပသူ လက်ထောက်ဆရာတော် ဦးပဏ္ဍိတက ယခုကဲ့သို့ ပြောသည်။

``မလေးရှားမှာ အခုလို ဗုဒ္ဓဘာသာရဲ့ အထွဋ်တမြတ်ဖြစ်တဲ့ စေတီတော် ထီးတင်ပွဲကို ကျင်းပရတာဟာ အင်မတန်မှ ၀မ်းမြောက်ဖို့ကောင်းပါတယ်။ ဂုဏ်ယူစရာလည်း ကောင်းပါတယ်။ ဒီလိုစေတီတော် တည်ဆောက်ဖို့အတွက် မလေးရှားက လူကြီးတွေနဲ့ ဆွေးနွေးရတာ ပထမတော့ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုအခက်အခဲကြားက ရွှေထီးတော် တင်နိုင်ခဲ့တာဟာ ဦးဇင်းတို့ ဗုဒ္ဓဘာသာလူမျိုးတွေအတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်။''
အဆိုပါ စေတီတော် ရွှေထီးတော်တင်ပွဲကို မြန်မာနိုင်ငံမှ ရောက်ရှိနေကြသော ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်၊ ဗမာ အစရှိသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများက တက်ညီလက်ညီ ၀ိုင်းဝန်းဆောင်ရက်ပေးကြသောကြောင့် ယခုကဲ့သို့ အောင်အောင်မြင်မြင် နှင့်ကျင်းပနိုင်ခြင်း ဖြစ်သည်ဟု သိရသည်။




ထီးတော်တင်ပွဲနှင့်ပတ်သက်၍ဦးဆောင်ပါဝင်သူ ဂေါပကတစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။

ဒီလို ရွှေထီးတော် တင်နိုင်ခဲ့တဲ့အတွက် အရမ်းကို ဂုဏ်ယူပါတယ်။ နောက်ပြီး ပရိတ်သတ်တွေလည်း ဒီလောက်ထိ ရောက်လာလိမ့်မယ်လို့ မျှော်လင့်မထားဘူး။ နောက်တစ်ခုက ဒီလို နိုင်ငံမျိုးမှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ စေတီတော် ထီးတင်ပွဲတွေ ဖြစ်လာလိမ့်မယ်လို့လည်း မမျှော်လင့်ခဲ့ပါဘူး။ မမျှော်လင့်တဲ့ကြားက ခုလို စေတီတော် ရွှေထီးတင်ပွဲ ကျင်းပနိုင်ခဲ့တဲ့အတွက် ကျေနပ်ဝမ်းသာဂုဏ်ယူမိပါတယ်။

ပွဲတော်သို့ မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားများနှင့် မလေးရှားရှိ တရုတ်လူမျိုးများ အပါအ၀င် တခြား ဗုဒ္ဓဘာသာဝင် စုစုပေါင်း တစ်သောင်းကျော်ခန့် တက်ရောက်ခဲ့သည်ဟုသိရသည်။
ထီးတော်တင်ပွဲတွင် ကျွေးမွေးခြင်း၊ ကားအကြိုအပို့ကိစ္စရပ်များ၊ ကျန်းမာရေး ဆေးခန်းများကို မလေးရှားနိုင်ငံရှိ မြန်မာကုမ္ပဏီအသီးသီးမှ တာဝန်ယူလုပ်ဆောင်ပေးခဲ့သည်။ ရွှေထီးတော် တင်ပွဲအခမ်းအနားကို နံနက် ၇း၀၀ တွင် စတင်ဖွင့်လှစ်ကာ ညနေ ၇ နာရီတွင် စေတီတော် ထီးတင်ပွဲကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။

စမုန်ညှင်းစေတီတော်ကို ၂၀၁၁ခုနှစ်က စတင်ပြီး ဆရာတော် ဦးသိဒ္ဒိဝံက ဦးဆောင်ကာ တခြားဆရာတော်များ၊ မလေးရှားတရုတ်များနှင့် ၀ိုင်းဝန်း တည်ဆောက်ခဲ့ပြီး ၂၀၁၂ခုနှစ် ဇန်န၀ါရီလ(၈)ရက်နေ့တွင် ထီးတော် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
မလေးရှားနိုင်ငံတွင် ယခု ရွှေထီးတော်တင်သော စမုန်ညှင်းစေတီတော် အပါအ၀င် အီပို့စေတီတော်နှင့် ကလန်းစေတီတော်၊ ပီနန်းရွှေစေတီ ဟူ၍ စုစုပေါင်း စေတီတော် လေးဆူတည်ရှိကြောင်း သိရသည်။

0 comments: