
မန္တလေးမြို့တွင် မော်တော်ကားပြိုင်ကွင်းတစ်ခုတည်ဆောက်ရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။ အဆိုပါပြိုင်ကွင်းအား အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် တခြားပြည်တွင်းပြိုင်ပွဲများအတွက် ရည်ရွယ်ပြီးတည်ဆောက်ခြင်းဖြစ်သည်။ နိုင်ငံခြားကျွမ်းကျင်သူများ၏ အကူအညီဖြင့် တည်ဆောက်မည်ဖြစ်သော အဆိုပါ ကားပြိုင်ကွင်းသည် မီတာ ၁၄၀၀ အရှည်ရှိမည်ဖြစ်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ယခုနှစ်အလယ်ပိုင်းလောက်တွင် စတင်မည်ဖြစ်သည်။
ထိုစီမံကိန်းသာ အမှန်တကယ်ဖြစ်ပေါ်လာမည်ဆိုပါက မြန်မာနိုင်ငံတွင် ကားပြိုင်ပွဲများအား လူများပိုမိုစိတ်ဝင်စားလာဖွယ်ရှိပြီး ထူးချွန်သော ပရို ပြိုင်ကားမောင်းသမားများ ပေါ်ပေါက်လာနိုင်မည်ဖြစ်သည်။
MyanmarCarsDB
Welcome to SeekaHost
11 months ago










0 comments:
Post a Comment