စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, January 23, 2012

အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရန် မည်မျှအချိန်ယူရမည်ဆိုသည်ကို ခန့်မှန်းရခက်ကြောင်း ဂျွန်မက်ကိန်း ပြောကြား




မြန်မာနိုင်ငံသို့ ဇန်န၀ါရီလ ၂၂ ရက်နေ့က ရောက်ရှိလာခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း အပါအ၀င် အထက်လွှတ်တော်အမတ်လေးဦးသည် ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အဆိုပါနေ့ ညနေ ၆နာရီ ၁၅မိနစ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်း ပွဲတွင်အမေရိကန်အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း၊ ဂျိုးလီဘာမင်၊ ရှယ်လ်ဒန်ဝှိုက်ဟောက်စ်၊ ကယ်လီ အာယိုတီတို့က မြန်မာနိုင်ငံအပေါ် အ မေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူထားမှု၊ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံဆက်ဆံရေး၊ ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ၊ နိုင်ငံတွင်းဖြစ်ပွားနေသည့် တိုင်းရင်းသားလူမျိုးများနှင့် ပဋိပက္ခအရေး၊ အကျဉ်းထောင်များတွင် ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွှတ်ပေးရေး၊ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လွတ်လပ်စွာ စုဝေးခွင့် စသည့်အကြောင်းအရာများကို တစ်ဦးချင်းစီ ပြောကြားခဲ့သည်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက''အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့အတွက် ဘယ်လောက်အချိန်ယူရမယ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။ ဒါက တိုး တက်ဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ပါ။ ပထမဦးဆုံး အဓိကခြေလှမ်းကတော့ ဧပြီလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေပါ'' ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း၊ ဂျိုးလီ ဘာမင်၊ ရှယ်လ်ဒန်ဝှိုက်ဟောက်စ်၊ ကယ်လီ အာယိုတီတို့သည် နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ရန်ကုန်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း ဇန်န၀ါရီလ ၂၂ ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးကိစ္စရပ်များ၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် လေ့လာသူများ ခွင့်ပြုရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစ်စိုက် အားပေးထောက်ခံသူတစ်ဦးဖြစ်သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အိုဘားမားနှင့် ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ရီပတ်ဘလီကန်ပါတီ၏ အထက်လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်သည်။

အမေရိကန်သမ္မတ အိုဘားမားလက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့်လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန် - မြန်မာ သံတမန်ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။
ELEVEN MEDIA GROUP

0 comments: