စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, January 17, 2012

အသနားခံစာ ပယ်ချခံရတဲ့အတွက် အံ့သြမိပါတယ်လို့ ရွှေညဝါ ဆရာတော် ဆို

ရွှေညဝါ ဆရာတော် ဦးပညာသီဟ

ရွှေညဝါဆရာတော်ရဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့စွဲပါ သံဃာ မဟာနာယကအဖွဲ့ထံ တင်ပြထားသော အသနားခံစာ ပယ်ချခံရတဲ့အတွက် အံ့သြမိပါတယ်လို့ ရွှေညဝါ ဆရာတော် အရှင်ပညာသီဟ က မိန့်ကြားလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာမှ အခုလို ပယ်ချခံရတဲ့သတင်းကို သိရှိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

မဟန ဆရာတော် ၄၇ ပါး စုံညီက ရွှေညဝါဆရာတော်ကို ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီမှာ ဗဟန်း ကြားတောရလမ်းမှာရှိတဲ့ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ကြီး တည်ရာဌာနသို့ ကိုယ်တိုင် လာရောက် တွေ့ဆုံဖို့ ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့စွဲပါ စာနဲ့ ဆင့်ခေါ်ထားတယ်လို့ သိရှိရပါတယ်။

အဆိုပါ ဆင့်ခေါ်စာအတွက် ရွှေညဝါ ဆရာတော် အနေနဲ့ အယဉ်ကျေးဆုံး၊ အသိမ်မွေ့ဆုံးနဲ့ တည်တည်ငြိမ်ငြိမ် အခြေအနေပေါ် မူတည်ပြီး ရင်ဆိုင်မယ်လို့ မိန့်ကြားပါတယ်။

ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်အတွင်း ဖွင့်လှစ်ထားတဲ့ ဗုဒ္ဓတက္ကသိုလ်မှာ ပညာတက်ရောက် ဆည်းပူးနေတဲ့ သံဃာတော် အပါး တထောင်ကျော် ရှိတဲ့အတွက် သံဃာ့မဟာနာယက ဆရာတော်တွေထံသို့ အသနားခံ တင်ပြမယ်လို့ ရွှေညဝါ ဆရာတော်က မိန့်ကြားပါတယ်။

ရွှေညဝါ ဆရာတော်အနေနဲ့ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကမ္ဘာ့ဒီမိုကရေစီနေ့အတွက် သြဝါဒစကား မိန့်ကြားခဲ့ပြီး အနာဂတ် မျိုးဆက်သစ်တွေ ညီညွတ်ဖို့ ဆိုတဲ့ ကဗျာကို ရွတ်ဆိုခဲ့တာသာ ရှိတဲ့အတွက် အခုလို ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်လိုက်တဲ့အပေါ် ထေရ်ကြီးဝါရ်ကြီး သံဃာ့မဟာနာယက အဖွဲ့အနေနဲ့ ဆိုဆုံးမတာကို ခံယူဖို့ အသင့်ရှိပါတယ်လို့ အသနားခံ တင်ပြထားပေမဲ့ အခုလို ပယ်ချခံလိုက်ရတာ ဖြစ်ပါတယ်။


ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့မှ ရွှေညဝါဆရာတော်အား ဆင့်ခေါ်စာ

ရွှေညဝါဆရာတော်ရဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့စွဲပါ သံဃာ မဟာနာယကအဖွဲ့ထံ တင်ပြထားသော အသနားခံစာ ပယ်ချခံရတဲ့အပေါ် ရွှေညဝါ ဆရာတော် ဦးပညာသီဟကို ဘားမားဗီဂျေ မီဒီယာမှ ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ပါသည် ။



ရွှေညဝါဆရာတော်ရဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့စွဲပါ သံဃာ မဟာနာယကအဖွဲ့ထံ တင်ပြထားသော အသနားခံစာ ပယ်ချခံရတဲ့အပေါ် သာဓု ပရိယတ္တိ စာသင်တိုက် ဒုတိယတိုက်အုပ်ဆရာတော် ဦးသူရိယကို ဘားမားဗီဂျေမှ ဆက်သွယ်မေးမြန်းခဲ့ပါသည် ။



By ဇာဏီ ( Burma VJ Media Network)

0 comments: