စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, January 20, 2012

၈၈-မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

၈၈မျိုးဆက်ကျောင်းသားများက လက်ရှိအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ပြည်သူလူထုသိရှိနိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ် မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီ ထိ တော်ဝင်စင်တာ ၇-လွှာတွင် ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

“ ကျွန်တော်တို့ ၈၈-မျိုးဆက် ကျောင်းသားတွေရဲ့ ရှေ့လုပ်ငန်းစဉ် တွေကို စာနယ်ဇင်းရှင်းလင်းပွဲ တစ်ခုလုပ်ပြီး ပြည်သူအားလုံးကို အသိပေးသွားဖို့ စီစဉ်ရတာပါ” ဟု အဆိုပါ အဖွဲ့မှ ကိုဌေးကြွယ် ကပြောသည်။

မင်းကိုနိုင် ကိုကိုကြီး ကိုဌေးကြွယ် အပါအဝင် ၈၈-မျိုးဆက်ကျောင်းသားများ သည် ဇန်နဝါရီ ၁၃ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာကြပြီးနောက် တစ်ပတ်အကြာတွင် ယခုကဲ့သို့ သတင်စာရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။

ရေးသားသူ - D-မင်း,ကျော်သူ

YANGON MEDIA GROUP

0 comments: