စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, January 20, 2012

တည်ဆဲဥပဒေများ၏ သုံးဆယ်ရာနှုန်းခန့် ဖျက်သိမ်းဖို့လိုအပ်ဟု ဥပဒေကြမ်းစိစစ်ရေးကော်မတီဝင်ကဆို

30 percents of current laws need to be demolished

ဇန်န၀ါရီ ၂၀၊ ၂၀၁၂ (YPI)

လက်ရှိကျင့်သုံးလျက်ရှိသော တည်ဆဲဥပဒေများအနက် သုံးဆယ်ရာခိုင်နှုန်းခန့်မှာ ပြည်သူအတွက် လုံးဝအသုံးမ၀င်ဘဲ ဖျက်သိမ်းရန်လိုအပ်လျက်ရှိကာ ထက်ဝက်ခန့်မှာ ပြင်ဆင်ရန်လိုအပ်သော ဥပဒေများဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းစိစစ်ရေး ကော်မတီဝင် ဒေါက်တာမြတ်ဥာဏစိုးကဆိုသည်။

လက်ရှိကျင့်သုံးနေသည့် တည်ဆဲဥပဒေ စုစုပေါင်း ၂၁၀ ကျော်ရှိပြီး ၎င်းတို့အနက်မှ ၆၀ ကျော်မှာ ဖျက်သိမ်းရန်လိုအပ်ကာ၊ အခြားဥပဒေ ၉၀ ကျော်မှာလည်း ပြင်ဆင်ရေးဆွဲရန် လိုအပ်လျှက်ရှိကြောင်း၊ အသစ်ရေးဆွဲရန်လိုအပ်သော ဥပဒေကြမ်း ၆ ခုကိုလည်း သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ တင်သွင်းအဆိုပြုထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီအနေနဲ့ တည်ဆဲဥပဒေတွေကို လေ့လာတဲ့အခါမှာ၊ ဆက်ကျင့်သုံးသင့်တဲ့ဥပဒေ၊ ဖျက်သိမ်းရမယ့်ဥပဒေ၊ ပြင်ဆင်ဖို့လိုအပ်တဲ့ဥပဒေနဲ့ အသစ်ရေးဆွဲသင့်တဲ့ ဥပဒေဆိုပြီး အုပ်စုလေးခုတွေ့ရတယ်။ အများဆုံးကတော့ ပြင်ဆင်သင့်တဲ့ ဥပဒေပါ ” ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ ဥပဒေပညာရှင်ရှေ့နေ ဦးအောင်သိန်းက “ပြင်စရာ၊ ဖျက်စရာတွေကတော့ ပြောရရင်အများကြီးပဲဗျ။ ဥပမာ အီလက်ထရောနစ် ဥပဒေက ဖျက်သင့်တယ်၊ ပြင်ရုံတင်မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်၊ အီးမေးလ်ကို သုံးတဲ့သူတိုင်းက ဒီဥပဒေနဲ့ ငြိနိုင်တယ်။ အဲလို အသုံးမ၀င်တဲ့ ဥပဒေမျိုးတွေ၊ နောက် အရေးပေါ်အက်ဥပဒေ ဆိုတာတွေကို ဖျက်ကို ဖျက်သင့်နေပြီ” ဟု ၀ိုင်ပီအိုင်သို့ ပြောကြားသည်။

ဒေါက်တာမြတ်ဥာဏစိုးကလည်း ၎င်းတို့ဥပဒေကြမ်းစိစစ်ရေးကော်မတီအနေဖြင့် ဖျက်သိမ်းရန် ပြန်ဆင်ရန်ရှိသော ဥပဒေများကို ဖျက်သိမ်းပြင်ဆင်နိုင်ရန်ကြိုးပမ်းလျက်ရှိသကဲ့သို့ အသစ်ရေးဆွဲရန်လိုအပ်သော ဥပဒေများကိုလည်း ရေးဆွဲနိုင်ရန်အတွက် အစိုးရအဖွဲသို့တင်ပြထားကြောင်း၊ ထိုဥပဒေများ၏ အကောင်အထည်ဖော်မှု အခြေအနေကို လာမည့်လွှတ်တော်တွင် အစိုးရ၏ အာမခံချက်နှင့် ကတိက၀တ်စောင့်ကြည့်ရေးကော်မတီမှ စိစစ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် အစိုးရ၏ အာမခံချက်နှင့် ကတိက၀တ်များ စောင့်ကြည့်ရေးကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်က “ ကျွန်တော်တို့ကော်မတီမှာ လုပ်ပိုင်ခွင့်ရှိပါတယ်၊ ကျွန်တော်တို့ကော်မတီကမေးရင် အစိုးရက လက်ရှိရောက်နေတဲ့ အနေအထားနဲ့ ပြီးစီးနိုင်မယ့် အချိန်ကိုပါ အတိအကျပြောဖို့ တာဝန်ရှိပါတယ်” ဟု ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီမှ အသစ်ရေးဆွဲရန်အတွက် အစိုးရအဖွဲ့သို့ တိုက်တွန်းထားသော ဥပဒေများမှာ ကျန်းမာရေးအာမခံဥပဒေ၊ ကျန်းမာရေး သုတေသနကျင့်ဝတ်ဆိုင်ရာဥပဒေ၊ နိုင်ငံတကာ ပညာရေးဝန်ဆောင်မှု ဆိုင်ရာဥပဒေ၊ မသန်စွမ်းသူများ စောင့်ရှောက်ရေးဥပဒေ၊ မူကြိုကျောင်းဥပဒေနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဥပဒေတို့ ဖြစ်သည်။

လာမည့်ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်တတိယ ပုံမှန်အစည်းအဝေးတွင် လယ်ယာမြေဥပဒေကြမ်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေကြမ်း၊ မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေကြမ်းနှင့် မီဒီယာဥပဒေကြမ်း များကို ဆွေးနွေးသွားမည်ဖြစ်သည်။ ။

Yangon Press International

0 comments: