စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, January 12, 2012

မိုဘိုင်းဖုန်းကို ဆက်သွယ်ရေးဝန်ကြီးဌာန ကသာ သတ်မှတ်ကြောင်း Elite ကုမ္ပဏီဆို

လာမည့် မတ်လဆန်းတွင် ရောင်းချပေးမည့် တန်ဖိုးနည်း ဂျီအက်စ်အမ် ဖုန်းများအား ကနဦးတပ်ဆင်ခ တန်ဖိုးသတ်မှတ်ခြင်းမှာ မိမိတို့ အကျိုးတူကုမ္ပဏီများနှင့်မဆိုင်ဘဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စီစဉ်ခြင်းသာဖြစ်ကြောင်း Elite ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ဦးစိုင်းခင်မောင်အေးက ဆိုသည်။

‘ ဆင်းမ် ကတ်တန်ဖိုး (ကနဦးတပ်ဆင်ခ)တွေနဲ့ အသုံးပြုခတွေကို သတ်မှတ်တာ ဆက်သွယ်ရေးကလုပ်တာပါ။ ဈေးလျှော့တာ၊ မလျှော့တာကို ကျွန်တော်တို့လုပ်လို့မရပါဘူး။ သူတို့မှာပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတာပါ ’’ ဟု ၎င်းကဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက လာမည့် မတ်လဆန်းတွင် အငှားချပေးမည့် တန်ဖိုးနည်းဖုန်းများ၏ တန်ဖိုးမှာ သုံးသိန်းဝန်းကျင်သာဖြစ်ကြောင်း ဇန်န၀ါရီလ ၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

‘ သုံးသိန်းဝန်းကျင်ပါပဲ။ အဲဒီထက် ဈေးမြင့်ဖို့မရှိသလို လျော့ဖို့လည်း မရှိပါဘူး။ ဖုန်းအသုံးပြုခကလည်း တစ်မိနစ်ကို ငါးဆယ်ကျပ်ထက်လျော့ဖို့မရှိပါဘူး ’’ ဟု ၄င်းကဆိုသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးစီး၍ တန်ဖိုးနည်း ဖုန်းစီမံကိန်းအဖြစ် ဖုန်းလိုင်းအရေအတွက်သန်းသုံးဆယ် ကို ငါးနှစ်အတွင်း ချထားပေးရန် အစီအစဉ်ကို ဆက်သွယ်ရေး ပြည်ထောင်စု ၀န်ကြီးက သမ္မတထံတင်ပြထားသည်။ ယင်းအစီအစဉ် အရ ပထမအသုတ်အဖြစ် လာမည့် မတ်လတွင် ဖုန်းလိုင်းပေါင်း ၄ သန်းကို ကနဦးတပ်ဆင်ခ သုံးသိန်းဝန်းကျင်၊ ဖုန်းအသုံးပြုခအဖြစ် တစ်မိနစ်လျှင် ငါးဆယ်ကျပ်ဖြင့် ချထားပေးမည်ဖြစ်ကြောင်း၊ ချထားပေးသည့် လိုင်းအရေအတွက် များပြားလာပါက ကနဦးတပ်ဆင်ခ လျော့နည်းလာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခုအချိန်တွင် ကနဦးတပ်ဆင်ခအနေဖြင့် လက်ရှိရောင်းချလျှက်ရှိသည့် ငါးသိန်းဖုန်းထက် အဆ ၁၀၀ ခန့်သက်သာမည့် ကျပ်ငါးထောင်တန် ဂျီအက်စ်အမ် ဆင်းကဒ်များ ရောင်းချပေးရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် ရွှေပြည်တံခွန်ကုမ္ပဏီ မှ ပြည်ထောင်စု အစိုးရထံ တင်ပြထားသည်။ ထိုငါးထောင်တန်ဖုန်း၏ ပြောဆိုခမှာလည်း မြန်မာ့ ဆက်သွယ်ရေးမှ လက်ရှိကောက်ခံလျက်ရှိသော တမိနစ် ငါးဆယ်ကျပ် နှုန်းထားထက် ထက်ဝက်သက်သာမည်ဖြစ်သည်။

ငါးထောင်တန် ဆင်းကဒ် စီမံကိန်းနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ယင်းစီမံကိန်းမှာ ဥပဒေအရရော နည်းပညာပိုင်းဆိုင်ရာအရပါ မဖြစ်နိုင်ကြောင်း၊ အကယ်၍ စီမံကိန်းအကောင်အထည် ဖေါ်မည်ဆိုပါက လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဖြင့်သာ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

အထက်ပါကိစ္စနှင့်ပတ်သတ်ပြီး လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ‘သူ (ရွှေပြည်တံခွန်ကုမ္ပဏီ) က ရဲရဲကြီးအာမခံထားတဲ့ဟာကို အစိုးရအဖွဲ့ကနေ ဘာတွေကို ဘာကြောင့် သုံးသပ်နေလဲ ကျွန်တော် မသိဘူးဖြစ်နေတယ်။ အံ့သြတယ်။ အစိုးရအနေနဲ့ ဖြစ်နိုင်ချေရှိမရှိ ပြည်သူကို ပြတ်ပြတ်သားသားတုံ့ပြန်လိုက်ပေါ့ ’’ ဟု YPI သို့ပြောကြားသည်။

၎င်းကပင် ကနဦးတပ်ဆင်ခ မြင့်မားသော ဖုန်းများ၏ ရောင်းချသည့်ပုံစံမှာ ဈေးကွက်စီးပွားရေးစနစ်နှင့် ကိုက်ညီခြင်းမရှိဘဲ အစိုးရ လက်ဝါးကြီးအုပ်ပုံစံမျိုးတွင်သာ ရှိတတ်ကြောင်း၊ ယခု ရွှေပြည်တံခွန်ကုမ္ပဏီ၏ စီမံကိန်းမှာမူ စီးပွားရေးရှုထောင့်မှ ကြည့်ပါက များစွာ ဖြစ်နိုင်ပြီး ကုမ္ပဏီရော ပြည်သူပါ အကျိုးအမြတ်ရှိနိုင်ကြောင်းပြောကြားသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Elite ၊ ရွှေသံလွင်၊ IGE စသော ပုဂ္ဂလိက ကုမ္ပဏီ ၁၃ ခုနှင့် ပူးပေါင်း ပြီး ဂျီအက်စ်အမ်ဖုန်းလိုင်းပေါင်း ၅၇၀၀၀၀ ကျော်နှင့် စီဒီအမ်အေ ဖုန်းလိုင်းပေါင်း ကိုးသိန်းကျော်ကို ရောင်းချထားပြီးဖြစ်သည်။ မြန်မာနိုင်ငံမှ မိုးဘိုင်းဖုန်း ကနဦးတပ်ဆင်ခ (နံပါတ်သေ ဆင်းကဒ် တန်ဖိုး)မှာ ဒေသတွင်းနိုင်ငံများအနက် ဈေးအကြီးဆုံး နိုင်ငံ တနိုင်ငံ ဖြစ်လျှက် ရှိသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဆင်းကဒ် တကဒ်၏ တန်ဖိုးမှာ ကုမ္ပဏီ အပေါ်မူတည်၍ ၂ ဒေါ်လာဝန်းကျင်မှ ၃ ဒေါ်လာအကြားသာရှိကာ တမိနစ် ပြောဆိုခမှာလည်း တမိနစ် ၂၅ ကျပ်ဝန်းကျင်သာကျသင့်သည်ကို တွေ့ရသည်။ ။

source - Yangon Press International

0 comments: