စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 18, 2012

ပြည်​ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ A နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ငြိမ်းချမ်းရေးဆွေးနွေး

ဦးအောင်သောင်း ခေါင်းဆောင်သော ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ A နှင့် ဦးဆွမ်လွတ်မန် ဦးဆောင်​သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၈ ရက် ယနေ့ နေ့လည် ၁ နာရီတွင် တရုတ်နိုင်ငံနယ်စပ်မြို့ ရွှေလီရှိ ကျင်းချိန် ဟော်တယ် တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းဆွေး​နွေးပွဲ မစတင်မှီ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တို့ က KIO အဖွဲ့သို့ ပေးပို့သော ငြိမ်းချမ်းရေး စကားသဝဏ်လွှာများကို တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်။ နိုင်ငံတော် သမ္မတကြီးပြောကြားသော ငြိမ်းချမ်းရေး သဝဏ်လွှာကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ A ဒုတိယခေါင်းဆောင် ဦးသိန်းဇော်ကလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောကြားသော စကား သဝဏ်လွှာကို ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ A ခေါင်းဆောင် ဦးအောင်သောင်းကလည်းကောင်း KIO အဖွဲ့သို့ တဆင့်ပြန်လည်၍ အသိပေးပြောကြားခဲ့သည်။

ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ A တွင် အဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်း၊ ဒုတိယခေါင်းဆောင် ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းထွန်း၊ သမဝါယမ ဝန်ကြီးဌာန နှင့် မွေးမြူရေး နှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်း နှင့် အဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြပြီး KIO ဘက်မှ ဦးဆွမ်လွတ်မန် အပါအဝင် ၁၂ ဦးတက်ရောက်ခဲ့ကြသည်။

ယင်းနောက် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် အခြေခံရမည့် အချက်များကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် KIO အဖွဲ့က အဆိုပြုချက် တစ်ချက်ကို ဆွေးနွေးခဲ့ရာ ယင်း အဆိုပြုချက်သည် နက်နဲသည့် အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ A ဘက်မှ အသေးစိတ် ပြန်လည် ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ကြပြီး ညနေ ၅ နာရီ တွင် ဆွေးနွေးပွဲကို ခေတ္တရပ်နားခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၉ ရက် (မနက်ဖြန်) မနက်တွင် ဆက်လက်ဆွေးနွေးမည် ဟု သိရသည်။

Yangon Media Group

0 comments: