အစိုးရနှင့် KNU အကြား ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးမှုကို ဇန်န၀ါရီ ၁၂ ရက်နေ့ နေ့လည် ၁ နာရီ ခန့်တွင် ဘားအံမြို့ ဟိုတယ်ဇွဲကပင်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
"ကျွန်တော်တို့ ညီအကိုတွေ တစ်ဖက်နှင့်တစ်ဖက် ရန်ဖြစ်နေခဲ့ကြတာ ၆၃ နှစ်တောင် ရှိပြီလို့ သမ္မတကြီးက ပြောပါတယ်။ KNU လိုချင်တာ ပေးလိုက်ပါလို့ ကျွန်တော်တို့ကို သမ္မတကြီးက ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။" ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယနေ့အစည်းအဝေး မတိုင်မီတွင် ပြောကြားခဲ့ပါသည်။
"ကျွန်တော်တို့ကို လက်နက် စွန့်လွှတ်ဖို့ ဒီတစ်ကြိမ်မှာ သူတို့က မတောင်းဆိုပါဘူး။ တိုင်းရင်းသားလူမျိုးစုတွေအတွက် တန်းတူအခွင့်အရေး ရရှိဖို့ သူတို့ဆောင်ရွက်ချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ သူတို့ကို ယုံကြည်ပါတယ်။" ဟု ဆွေးနွေးမှုနှင့်ပတ်သက်ပြီး KNU ဗိုလ်မှုးချုပ် ဂျော်နီ က အစည်းအဝေမတိုင်ခင် ပြောကြားခဲ့ပါသည်။
ထို့အပြင် နှစ် ၆၀ ကြာ တိုက်ခိုက်လာကြသူများကြားတွင် တစ်ကြိမ်တွေ့မှုဖြင့် အဆုံးသတ်နိုင်မည် မဟုတ်ကြောင်း ၄င်က ဆက်လက် ပြောကြားခဲ့ပါသည်။
(အသေးစိတ်ကို ဆက်လက်ဖော်ပြသွားပါမည်။)
Source : AFP
Welcome to SeekaHost
9 months ago










0 comments:
Post a Comment