စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, January 12, 2012

မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်အပေါ် စွဲချက်များနှင့် ပတ်သက်ပြီး အပြစ်မရှိကြောင်း တရားရုံးဆုံးဖြတ်


မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်နှင့် ၎င်း၏သမီး နူရူလ်အက်ဇာဟ်(၀ဲ)ကို တရားရုံးအပြင်ဘက်တွင် တွေ့ရစဉ်

မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်အား လိင်တူချင်းစော်ကားမှုဖြင့် စွပ်စွဲထားမှုများမှာ အပြစ်မရှိကြောင်း တရားရုံးက ဇန်န၀ါရီလ၉ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

ဒုတိယ၀န်ကြီးချုပ်ဟောင်း အန်ဝါအီဗရာဟင်သည် ၁၉၉၈ ခုနှစ်ကလည်း အလားတူ လိင်တူစော်ကားမှုစွပ်စွဲချက်ဖြင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ အန်ဝါအီဗရာဟင်၏ ကိုယ်ရံတော် ဆိုက်ဖူဘူခါရီအက်ဇာလန် တိုင်ကြားခဲ့သောအမှုတွင် ဒီအင်န်အေအထောက်အထားများသည် အငြင်းပွားဖွယ်ဖြစ်သဖြင့် သက်သေမခိုင်လုံဘဲ ပြစ်ဒဏ် ချမှတ်၍မရနိုင်ကြောင်း ကွာလာလမ်ပူတရားရုံးချုပ်၌ တရားသူကြီး မိုဟာမက်ဇာဘီဒင်ဒီယာက စီရင်ချက်ကို ဖတ်ပြခဲ့သည်။

အန်ဝါ၏ အမှုစီရင်ချက်သည် မလေးရှားနိုင်ငံတွင် လွတ်လပ်သည့် တရားစီရင်ရေးရှိနေကြောင်းနှင့် အစိုးရသည် တရားသူကြီးများ၏ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးရန် မကြိုးစားကြောင်း ဖော်ပြနေသည်ဟု ပြန်ကြားရေး ၀န်ကြီးက ပြောကြားခဲ့သည်။ မလေးရှားဝန်ကြီးချုပ်နာ ဂျစ်ရာဇတ်သည် လာမည့်နှစ်အစောပိုင်းတွင် ရွေးကောက်ပွဲများ ကျင်းပပေးရမည်ဖြစ်ပြီး ထိုရွေးကောက်ပွဲများတွင် ၂၀၀၈ ခုနှစ်က အတိုက်အခံတို့ မကြုံ စဖူးအသာရခဲ့ခြင်းကို ပယ်ဖျက်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ အန်ဝါပြန်လည်လွတ်မြောက်လာမှုကြောင့် လာမည့်ရွေးကောက်ပွဲတွင် အတိုက်အခံတို့ ပိုမိုအားကောင်းလာနိုင်ပြီး ပိုမို အကြိတ်အနယ် ရှိလာနိုင်သည်။

အသက် ၆၄ နှစ် အရွယ် အန်ဝါသည် ၀န်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်ကို ဆက်ခံမည့်သူအဖြစ်သတ်မှတ်ခံခဲ့ရပြီး ၁၉၉၈ ခုနှစ်တွင် လိင်တူစော်ကားမှုစွပ်စွဲချက်ဖြင့် ထောင်ကျခဲ့ရသည်။ ၂၀၀၄ ခု နှစ်တွင် စွပ်စွဲချက်များရုပ်သိမ်းခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာခဲ့သည်။ လိင်တူစော်ကားမှုစွပ်စွဲချက်သည် မွတ်စလင်အများစုနေထိုင်သည့် မလေးရှားတွင် ထောင်ဒဏ် နှစ် ၂၀ အထိကျခံရနိုင်သည့် ပြစ်မှုဖြစ်သည်။

Ref:AFP

0 comments: