စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, January 12, 2012

အိန္ဒိယရှိ ငါးနှစ်အောက်ကလေးများ၏ ၄၂ ရာခိုင်နှုန်း အာဟာရချို့တဲ့နေကြောင်း လေ့လာတွေ့ရှိ အမျိုးသားရေးအရှက်ရစရာ ကိစ္စဖြစ်ကြောင်း ၀န်ကြီးချုပ် ပြောကြား

ဟိုက်ဒရာဘတ်ရှိ အစိုးရအထက်တန်းကျောင်းတွင် နေ့လည်စာ စားနေကြသော အိန္ဒိယကလေးငယ်များ


အိန္ဒိယနိုင်ငံရှိ အသက် ၅ နှစ် အောက်ကလေးများ၏ ၄၂ ရာခိုင်နှုန်းတွင် အာဟာရချို့တဲ့မှုလက္ခဏာများ တွေ့ရှိခဲ့ရပြီး ထိုတွေ့ရှိမှုသည်နိုင်ငံအတွက် အရှက်ရစရာကိစ္စတစ်ခုဖြစ်ကြောင်း ၀န်ကြီးချုပ်မန်မိုဟန်ဆင်းက ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ပြော ကြားခဲ့သည်။

၎င်းတွေ့ရှိချက်သည် အိန္ဒိယနိုင်ငံ၏ NGO တစ်ခုဖြစ်သော နာဒီ(Naadi)ဖောင်ဒေးရှင်းမှပြည်နယ် ၉ ခုရှိ အိမ်ထောင်စု ၇၃၀၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာမှရရှိခဲ့သော ရလဒ်ဖြစ်ကြောင်း သိရှိရသည်။ အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် လွန်ခဲ့သည့်နှစ် ၂၀ အတွင်း လျင်မြန်စွာတိုးတက်လာခဲ့ပြီး မကြာသေးခင် ကာလများအတွင်း တစ်ဦးချင်းဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းတိုးတက်လာခဲ့ကာ ဆင်းရဲမွဲတေမှုကို လျော့ချနိုင်ခဲ့သော်လည်း စစ်တမ်းများအရ ပြီးခဲ့သည့် ၇ နှစ်အတွင်း အသက် ၅ နှစ်အောက်ကလေးများ၏ အာဟာရချို့တဲ့မှုကို ၁၁ ရာခိုင်နှုန်းသာလျော့ချနိုင်ခဲ့သည်။

''ကျွန်တော်တို့နိုင်ငံရဲ့တစ်ဦး ချင်းဝင်ငွေကတိုးတက်လာခဲ့ပေမယ့် ကလေးငယ်တွေရဲ့ အာဟာရချို့တဲ့ မှုကိုလျော့ချနိုင်တဲ့နှုန်းကတော့ အရမ်းနည်းနေပါသေးတယ်။ ဒါဟာလုံးဝ လက်မခံနိုင်စရာကိစ္စပါ။ တကယ်ဆို ရင် ဒီအာဟာရချို့တဲ့မှု တိုက်ဖျက်နှုန်းဟာ ဒီထက်ပိုမြင့်မားသင့်ပါတယ်'' ဟု အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်သူ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟမ်ဆင်းက ပြောကြားခဲ့သည်။ အိန္ဒိယတွင် ကလေးမွေးဖွားပြီး ခြောက်လအတွင်း မိခင်နို့တိုက်ကျွေးခြင်းကသာ ကောင်းမွန်သည်ဆိုခြင်းကိုသိရှိသည့် မိခင်များမှာအနည်းသာရှိနေပြီး အချို့နေရာများတွင်နို့မှ ရရှိသောအရေးကြီး ပရိုတင်းဓာတ်တစ်ခု ဖြစ်သည့် ကိုလိုစထရမ်ကို ၎င်းတို့ဒေသတွင်း ကိုးကွယ်သော နတ်ဘုရားမများမှတစ်ဆင့် အလိုအလျောက်ရရှိပြီးသားဖြစ်သည်ဟု ယူဆသူများပင်ရှိကြောင်း စစ်တမ်းကဖော်ပြထားသည်။

Ref:AFP

0 comments: