စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 18, 2012

Plextor အမှတ်တံဆိပ် Solid State Drive များ နေပြည်တော်ဈေးကွက်အတွင်းဝင်ရောက်လာ


နေပြည်တော် ကွန်ပျူတာဈေးကွက်အတွင်းသို့ Plextor အမှတ်တံဆိပ် Solid State Drive တစ်မျိုးဝင်ရောက်လာကြောင်း သိရသည်။ အဆိုပါပစ္စည်းမှာ ပိုမိုပေါ့ပါးပြီး အကြမ်းခံသည့်ပစ္စည်းဖြစ်သည့်အတွက် နောင်အခါတွင် SSD များမှာ HDD တွေနေရာတွင် ၀င်ရောက်လာမယ့် အစားထိုးပစ္စည်းဖြစ်လာတော့မည်ဖြစ်ကြောင်း သိရသည်။

“အဲ့သည့် SSD တွေဟာဆိုရင် SATA 3.0 Support လုပ်ပြီး မြန်နှုန်းအနေနဲ့ကလည်း ပုံမှန်အသုံးပြုနေကြတဲ့ HDD တွေထက် (၁၆) ဆပိုမြန်လာခြင်း၊ Memory Stick ကဲ့သို့ သွားလေရာယူဆောင်နိုင်ခြင်း၊ လှုပ်ရှားမှုဒဏ်ပါ ပိုမိုခံနိုင်ရည်ရှိခြင်း၊ External ရော Internal အတွက်ပါ 2 Way အသုံးပြုနိုင်ခြင်း၊ ပုံမှန် HDD တွေထက် ပိုမိုသေးငယ်လို့ နေရာယူမှုသက်သာခြင်း၊ မီးအားစားသက်သာခြင်း၊ စတဲ့အားသာချက်တွေများနေလို့ နောက်ပိုင်းမှာ SSD Heard Disk တွေဟာ အသုံးပြုတွင်ကျယ်လာမှာဖြစ်ပါတယ်” ဟု LINN IT & Mobile မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဈေးကွက်ထဲတွင် 64GB, 128 GB နှင့် 256GB ဆိုပြီး ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ကြောင်း သိရသည်။ နေပြည်တော်ဈေးကွက်ထဲတွင် ၀ယ်ယူလိုသူများအနေဖြင့် LINN IT & Mobile 1,2,3 ဖုန်း ၀၆၇-၂၂၈၈၄၊ ၂၃၈၈၄ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ရေးသားသူ - ကျော်ဇေယျ


0 comments: