စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, January 16, 2012

ပြည်တွင်းသတင်းမီဒီယာများ မှန်ကန်သည့် သတင်းအချက်အလက်များ ဖြန့်ဖြူးနိုင်ရန် ကြိုးစားသင့်ဟု ကိုမင်းကိုနိုင် အကြံပြု

ပြည်တွင်း အခြေစိုက်၍ သတင်း ထုတ်လုပ်ဖြန့်ချိနေသည့် သတင်း မီဒီယာသမားများသည် ပြည်သူလူထု အား မှန်ကန်သည့်သတင်းအချက် အလက်များ ဖြန့်ဖြူး နိုင်ရန် နှင့်ဆင်ဆာ စနစ်မှ ကင်းလွတ်ခွင့်ရရန် ကြိုးစား သင့်ကြောင်း ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်က ပဲခူးတိုင်း ဒေသကြီး သာယာဝတီမြို့ တွင် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၃ရက်က သရက် ထောင်မှ လွတ်မြောက်ခဲ့သည့် ကိုမင်းကိုနိုင် သည် ရန်ကုန်သို့ ပြန် လာသည့် လမ်းတစ်လျှောက်ရှိ မြို့များ တွင် ပြည်သူလူထုနှင့် တွေ့ဆုံပွဲများ၊ ဟောပြောမှုများကို ပြုလုပ်ခဲ့ပြီး ဇန်န ဝါရီ ၁၅ရက် က သာယာဝတီမြို့ရှိ ၈၈ မျိုးဆက်ကျောင်းသား ကိုကျော်နိုင်ဦး ၏ အိမ်တွင် ပြုလုပ်သည့် ဟောပြောပွဲ တွင် ပြည်တွင်း သတင်းမီဒီယာများ တွင် ဆင်ဆာစနစ် ရှိမှုနှင့် ယင်းစနစ် ကြောင့် ဖြစ်ပေါ်လာသည့် အကျိုး ဆက်များ ကို အကျယ်တဝင့် ပြော ကြားခဲ့သည်။


''မီဒီယာလွတ်လပ်ခွင့် ကို တကယ် လိုချင်ရင် မီဒီယာသမားများက သတ္တိ ရှိဖို့လိုပါတယ်။ ပြည်သူလူထု ဘက်က လွတ်လပ်တဲ့ စာကောင်းတွေ ဖတ်ချင် တဲ့အတွက် အားပေးဖို့ အဆင်သင့် ပါပဲ''


''ကျွန်တော်တို့ဖတ်ခဲ့ရတဲ့ဂျာနယ် တွေက တစ်ဖက်သတ်စိစစ်ပြီး ဖော်ပြ တဲ့ သတင်းဂျာနယ်တွေ၊ ဥပမာတစ်ခု ကို ပြောရမယ်ဆိုရင် ၂၀ဝ၈ ဆန္ဒခံယူ ပွဲတို့၊ ၂၀၁ ဝရွေးကောက်ပွဲတို့မှာဆို ရင်အဲဒီဟာကိုဝင်ဖို့၊ လက်ခံဖို့ဆိုတဲ့ အကြောင်းပဲ ဖတ်ရတယ်။ မဝင်သင့်ဘူး။ ဘာကြောင့် မဝင်သင့်ဘူး ဆိုတာ တွေကိုတော့ မဖတ်ရဘူး။ ဒါတွေကို မီဒီယာသမား တွေကိုယ်တိုင် သိမှာ ပါ'' ဟု ကိုမင်းကိုနိုင် က သတင်းမီဒီ ယာတွင် ဆင်ဆာ စနစ်ရှိခြင်း ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ ကို ဆက်လက် ပြောသည်။


၈၈-မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် သာယာဝတီမြို့နယ်တွင် ပြည်သူများအား အမှာစကားပြောကြားစဉ်

ယင်းဖြစ်ရပ်များကြောင့် ပြည်ပ အခြေစိုက် အသံလွှင့်မီဒီယာနှင့် ရုပ်သံ လွှင့်မီဒီယာများကို ပြည်သူများအား ကိုးနေခြင်းဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကို နိုင်က ဆိုသည်။ ''မီဒီယာလွတ်လပ်ခွင့်ကို တကယ် လိုချင်ရင် မီဒီယာသမားများက သတ္တိ ရှိဖို့လိုပါတယ်။ ပြည်သူလူထုဘက်က လွတ်လပ်တဲ့ စာကောင်းတွေ ဖတ်ချင် တဲ့အတွက် အားပေးဖို့ အဆင်သင့် ပါပဲ'' ဟု ယင်းက ပြောသည်။

0 comments: