စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, January 23, 2012

သမ္မတဆာလက်ဟ် တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် ဥပဒေ ယီမင်ပါလီမန်အတည်ပြု


ဇန်န၀ါရီလ ၂၁ ရက်နေ့က ဆာလက်ဟ်ကို တရားစွဲဆိုမှု ကင်းလွတ်ခွင့်ပြုသည့် ဥပဒေအတည်ပြုရေး လွှတ်တော်တွင် လက်ထောင်မဲခွဲဆုံးဖြတ်နေစဉ်

သမ္မတဆာလက်ဟ်အား တရားစွဲဆိုခံရခြင်းမှ လုံးဝကင်းလွတ်မှုကို သေချာစေသည့် အငြင်းပွားဖွယ် ဥပဒေတစ်ရပ်အား ယီမင်ပါလီမန်က ဇန်န၀ါရီလ ၂၁ ရက်နေ့က အတည်ပြုပေးခဲ့သည်။

ဆာလက်ဟ်က ၎င်း၏လက်ထောက်များကို အရေးယူခံရခြင်းမှ တစ်စိတ်တစ်ပိုင်း အကာအကွယ်ပေးရန်အတွက် တိကျသော အပြောင်းအလဲများပြုလုပ်ရန် တောင်းဆိုနေသဖြင့် ဥပဒေအတည်ပြုရေးမှာ သီတင်းပတ်များစွာ နှောင့်နှေးခဲ့သည်။

တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အတွက် အပြန်အလှန်အနေဖြင့် နိုင်ငံကို ၃၃ နှစ်ကျော်အုပ်ချုပ်ခဲ့သော ဆာလက်ဟ်သည် လာမည့်လတွင် ရာထူးမှဆင်းပေးရမည်ဖြစ်သည်။

ဆာလက်ဟ်အား တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်ဥပဒေသည် နိုင်ငံအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး ယခုအခါပြည်သူများအနေဖြင့် ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုး တက်မှုကို မျှော်ကြည့်နိုင်ပြီဖြစ်ကြောင်း ယီမင်ပြန်ကြားရေးဝန်ကြီး အလီအယ်လ်အမ်မရာနီက ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် နိုင်ငံကို သမ္မတသစ်တစ်ဦးက ဦး ဆောင်တော့မည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။ ဥပဒေအတည်ပြုခဲ့ သည့်အပြင် ဒုတိယသမ္မတ အက်ဘဒူရာဘူဟာဒီအား သမ္မတရာထူးအတွက် အမည်စာရင်းတင်သွင်းထားခြင်းကို လည်း ပါလီမန်က လက်ခံခဲ့သည်။

တရားစွဲဆိုမှု ကင်းလွတ်ခွင့်ပြုသည့်ဥပဒေသည် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၏ အာဏာလွှဲပြောင်းရေး သဘောတူညီချက်တွင် အဓိကကျသည့် အချက်တစ်ခုဖြစ်သည်။ အာဏာလွှဲပြောင်းရေး သဘောတူညီချက်ကို ယီမင်ရှိ အတိုက်အခံပါတီများက လက်ခံကြိုဆိုခဲ့သော်လည်း လူငယ်ဆန္ဒပြသူများနှင့် နိုင်ငံတကာ အခွင့်အရေးအုပ်စုများကမူ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားလျက်ရှိသည်။ ဇန်န၀ါရီလ ၂၁ရက်နေ့က ပြည်နယ် ၁၃ ခုတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

Ref:CNN

0 comments: