၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရ က ဖိနှိပ် ဖြိုခွဲခဲ့အပြီး ဖျက်ဆီး ချိတ်ပိတ်ခဲ့တဲ့ မဂ္ဂင်ကျောင်းတိုက်မှာ အခုအခါ သမ္မတရဲ့ လွတ်ငြိမ်ျးမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ကျောင်းထိုင်ဆရာတော် အရှင်ဦးဣန္ဒက၊ အရှင်ဂမ္ဘီရနဲ့ ဦးဇင်းဂျောင်းဂျောင်း (ခေါ်) ဦးဣသရိယတို့ ၃ ပါး ပြန်လည် သီတင်းသုံးနေကြ ပြီ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေမှာ မဂ္ဂင်ကျောင်းတိုက်ဟာ ဆိုးဆိုးရွားရွား ပျက်စီးယိုယွင်းနေပြီး အသစ် ပြန်ဆောက်ရမယ့် အနေအထားမှာ ရှိကြောင်း၊ မိမိတို့ ပြန်လည်ရောက်ရှိ သီတင်းသုံးနေပြီ ဆိုတာကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဆီကို အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့ကြောင်း အရှင်ဂမ္ဘီရက အာအက်ဖ်အေကို မိန့်ကြားပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က အကျဉ်းထောင်က ပြန်လည်လွတ်မြောက် လာတဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် ဦးဂမ္ဘီရက ကျောင်းတိုက်ကို စနေနေ့က စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
သံဃာတွေ ပြန်လည် စုစည်းဖို့အတွက် မဂ္ဂင်ကျောင်းကို ပြန်လည် ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အရှင်ဂမ္ဘီရက မိန့်ကြားခဲ့ပါတယ်။
Burma vj medianetwork
0 comments:
Post a Comment