အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း အပါအ၀င် အထက်လွှတ်တော်အမတ် လေးဦး မြန်မာနိုင်ငံသို့ လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများ ပွင့်လင်းမြင်သာပြီး တရားမျှတပါက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းဖွယ်ရှိကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ပြောကြားပါသည်။
မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန်အထက်လွှတ်တော်အမတ်လေးဦးမှာ ဂျွန်မက်ကိန်း၊ ရှယ်လ်ဒန်ဝှိုက်ဟောက်စ်၊ ဂျိုးလီဘာမင်၊ ကယ်လီအာယိုတီတို့ ဖြစ်ကြကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုကြား နှစ်နိုင်ငံဆက်ဆံရေးမှာ ပြီးခဲ့သည့်လများအတွင်း တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုများကြောင့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေးတွင် သံရုံးယာယီတာဝန်ခံအဆင့်မှ သံအမတ်ကြီးအဆင့် တိုးမြှင့်မည်ဖြစ်ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောကြားထားသည်။
Welcome to SeekaHost
3 weeks ago
0 comments:
Post a Comment