စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, January 20, 2012

စည်ပင်က အန္တာရယ်မရှိကြောင်း pass ပေး၍ ၈ ထပ်တိုက်တွင် နေသူများ နေထိုင်ခွင့် ပြန်ရ

မြို့တော် စည်ပင်က အန္တာရယ်မရှိကြောင်း pass ပေးလိုက်၍ ၈လွှာတွင် နေသူများ နေထိုင်ခွင့် ပြန်ရပြီဖြစ်ကြောင်းသိရသည်။ ဇန်နဝါရီ ၁၉ ရက် ည ၁၁ နာရီခန့်တွင်အလုံမြို့နယ် စောရန်ပိုင်မြောက်ရပ်ကွက်အောက်ကြည့်မြင်တိုင်လမ်း အမှတ် ၃၆၇- ၈လွှာတွင် မြေနိမ့်ဝင်သွားမှုကြောင့် ၅ လက်မခွဲထိ အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာကြောင်းသိရသည်။ “အခုချိန်မှာ လမ်းတွေပြန်ဖွင့်လိုက်ပါပြီ စည်ပင်က အန္တာရယ်မရှိကြောင်း pass ရတာနဲ့ လူတွေက ၉နာရီခွဲ ဝန်းကျင်လောက်မှာ တိုက်တွေပေါ် ပြန်တက်ကုန်ပါပြီ။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (အောက်မြန်မာပြည်)မှ ညွှန်ကြားရေးမှုး ဦးသင်းဌေးရွှေ က FLOWER NEWS သို့ ပြောကြားသည်။

အလုံမြို့နယ် စောရန်ပိုင်မြောက်ရပ်ကွက်အောက်ကြည့်မြင်တိုင်လမ်း အမှတ် ၃၆၇- ၈လွှာ မြင်ကွင်း

“အပေါ်က ဝိတ်များသွားလို့ မြေက ကျွံပြီးနိမ့်သွားတာ။ တိုက်ရဲ့နောက်ပိုင်းက နိမ့်သွားတယ်။ မီးသတ်ကတော့ ဘေးကင်းလုံခြုံဖို့အတွက်နဲ့ လိုအပ်ရင် အကူညီ ပေးနိုင်အောင်လို့ မီးသတ်အင်အား ၅၀ လောက် လွှတ်ထားပါတယ်။ကြက်ခြေနီတွေ ရဲတွေလည်း အကူအညီပေးကြပါတယ်။ ၂၀ဝ၇ ခုနှစ် တုန်းက ဆောက်ထားတဲ့ တိုက် တွေဖြစ်ပါတယ်။ အန္တာရယ်ရှိ အဆောက်အဦးတော့ မဟုတ်ပါဘူး။” ဟု ဦးသင်းဌေးရွှေ ကဆက်ပြောသည်။
တိုက် အက်ကွဲလာမှုအားမြင်တွေ့ရစဉ်

''သတင်းရတာက ည ၉ နာရီခွဲ သတင်းရတာနဲ့ အဖွဲ့တွေအားလုံးက ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီးတော့ ဒီတိုက်ပေါ်မှာရှိတဲ့ မိသားစုခြောက်စု၊ လူဦးရေ ၃၉ ဦး၊ သူတို့ကို ဘေးကင်းရာ နေရာကိုရွှေ့ပြောင်းထားတယ်။ တချို့ကလဲ သူတို့တွေရဲ့ ဆွေမျိုးသားချင်းအိမ်မှာ သွားနေကြတယ်။ ဒီတိုက်ပတ်ဝန်းကျင်ရဲ့ ဘေးပတ်လည်မှာရှိတဲ့ မိသားစုတွေကိုလဲ ဒီအတိုင်းပဲ ဘေးကင်းရာကိုဖယ်ရှားထား တယ်။ သူတို့တွေကိုတော့ ကယ်ဆယ်ရေး စခန်းဖွင့်ထားတဲ့ အထက(၁)နဲ့ အမက(၄) တွေမှာ နေထိုင်ခွင့်ပေးထားတယ်။ စဖြစ် တာက ဒုတိယအလွှာယာဘက်အနောက် ထောင့်အခြမ်းကနေ အက်သွားတယ်။ အဲလိုအက်သွားတဲ့အတွက် တိုက်ကြီးဟာ အရှေ့ဘက်ကို အနည်းငယ် ယိုင်ဆင်း သွားတယ်။ အားလုံးတော့ မပြိုကျနိုင် ဘူးလို့ ခန့်မှန်းတွက်ချက်ထားတာပဲ။ မြေ ကြီးအက်ကွဲတာမျိုး မဟုတ်ပါဘူး။ ဖြစ် နိုင်ချေကတော့ တိုက်ဆောက်တာ မခိုင် လုံလို့ဘဲ ပြောရမှာပေါ့။ အလုံမှာ ဒါမျိုး ဖြစ်ခဲ့တာတော့ မရှိခဲ့ပါဘူး။ ဒါပထမဆုံး ပါ''ဟု အလုံမြို့နယ်မှ တာဝန်ရှိ ရဲအရာရှိ တစ်ဦးက ပြောသည်။
တိုက် အက်ကွဲလာမှုအားမြင်တွေ့ရစဉ်

ယင်းတိုက်တွင်နေထိုင်သူ ပြည်သူ တစ်ဦးကလည်း “ကျွန်တော်က ဒီတိုက်မှာ ဌားနေတဲ့သူ တစ်ဦးပါ ။ ဒီလိုတိုက်ပြိုမယ်ဆိုတာ ကျွန်တော်တို့ တိုက်မှာ နေတဲ့သူတွေက သိတာမဟုတ်ပါဘူး။ဒီတိုက်နဲ့ကျောခြင်းကပ်လျက် အနောက်ဘက်တိုက် ကသူတွေအော်လို့ ဒီတိုက်ပေါ်ကလူတွေအားလုံး ဆင်းပြေကြတာပါ။ ကျွန်တော်က မီးလောင်တယ်ထင်လို့ ဘာမှ မယူနိုင်ခဲ့ဘူး ။ ဒီအတိုင်းပဲ ဆင်းပြေးလာပါတယ် အောက်ရောက်မှ တိုက်အနောက်ဖက်က အက်ကွဲကြောင်းကြီး ပေါ်တယ်ဆိုတာ သိလိုက်ရတယ်” ဟုပြောသည်။

ရေးသားသူ - Flower News Team

YANGON MEDIA GROUP

0 comments: