စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, January 20, 2012

ပခုက္ကူ မြို့နယ် အန်အယ်လ်ဒီ ကိုယ်စားလှယ်လာင်း ရွေးချယ်ရေးနဲ့ ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်

ဇန်န၀ါရီ ၁၉၊ ၂၀၁၂ (YPI)

NLD မှ ပုခုက္ကူ မြို့နယ် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးနှင့် ပတ်သက် ၍ ပါတီရုံးချုပ်မှ ရွေးချယ်ထားသူနှင့် မြို့နယ်မှ တင်ပြသူ ကွဲလွဲကာ အငြင်းပွားမှု ဖြစ်ပေါ်နေသောကြောင့်ဖြေရှင်းရန် အတွက်ညှိုနှိုင်းမည်ဖြစ်ကြောင်း ပခုက္ကူမြို့အောင်နိုင်ရေး ကော်မတီမှ အဖွဲ့ဝင် ဒေါက်တာကြည်မင်း ကပြောသည်။

အဆိုပါကိစ္စကို ရုံးချုပ်နှင့် ညှိုနှိုင်းရန်အတွက် အောင်နိုင်ရေးကော်မတီမှ အဖွဲ့ဝင်သုံးဦး ယနေ့ညနေတွင် ပခုက္ကူမှ ရန်ကုန်မြို့သို့လာရောက်မည်ဖြစ်သည်။

“ကျွှန်တော်တို့ ကတမြို့နယ်လုံး အများသဘောတူ လက်ခံထားတဲ့ ဦးလှိုင်အေးကို မရွေးပဲ ရုံးချုပ်ကဘာဖြစ် လို့ ဦးပိုက်ကို ကိုရွေးလိုက်တာလဲဆိုတာ သိချင်လို့ သွားမေးပြီးညှိုနှိုင်းမှာပါ၊ တဖက်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမပါပါဘူး၊ ပြေပြေလည်လည်ပဲ ညှိုနှိုင်းမှာပါ” ဟု၎င်းကဆိုသည်။

NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) မှကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ပခုက္ကူ ကိုယ်စားလှယ်လောင်းကို အောင်နိုင်ရေးရုံးက ဦးလှိုင်အေးကို ရွေးချယ်ထားပြီး ရုံးချုပ် မှ ထုတ်ပြန်သည့် ပခုက္ကူ ကိုယ်စားလှယ်လောင်းမှာ ဦးပိုက်ကို ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဦးပိုက်ကို ကို ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော် ဗဟိုက ပေးတဲ့တာဝန်အတိုင်းလုပ်ရတာပါ။ ဒီလိုတက်သုတ်လုပ်လိုက် ရတဲ့ အခြေအနေမှာ ဒေါ်စုက သူ့ Team ကို သူဖွဲ့လိုက်တဲ့အတွက် တဖက်ကလည်း ဒါကိုနားလည်ပေးနိုင်ရင် အကောင်းဆုံးပါပဲ” ဟုဆိုသည်။

ဦးပိုက်ကိုသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မင်း၏ ကိုယ်စားလှယ်ဖြစ်သည်။

ဦးလှိုင်အေးကမူ ဦးပိုက်ကိုကို ဗဟိုက ရွေးချယ်ထားခြင်းနှင့်ပတ်သတ်၍ “အောင်နိုင်ရေးရုံးကလူတွေ ကဗဟိုကို သွားပြောချင်တယ်ဆိုလို့ သွားကြတာပါ၊ ကျွှန်တော်ကတော့ ဗဟိုကရွေးတာဆိုလို့ ဘာမှအကြောင်းထူးမှာမဟုတ်ဘူးလို့ ထင်တယ်” ဟုဆိုသည်။
ဒေါက်တာကြည်မင်းကတော့ အဖွဲ့ချုပ်ကို နားလည်အောင်ပြောပြီး ၄င်းတို့ ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းကို လက်ခံသွားရန် တိုက်တွန်းညှိုနှိုင်းမည်ဟု ဆိုသည်။

အဆိုပါ အငြင်းပွားနေသည့် ပခုက္ကူ ကိုယ်စားလှယ်လောင်းကိစ္စနှင့် ပတ်သတ်၍ NLD မှပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်ကတော့ ရောက်လာမည့် ပခုက္ကူ အောင်နိုင်ရေး ရုံးမှ အဖွဲ့ဝင်များနှင့် စေ့စပ်ဆွေးနွေးသွားမည် ဟုဆိုသည်။

“သူတို့နဲ့ အဆင်ပြေအောင်ညှိုနှိုင်းမှာပါ ။အခုလို ရွေးချယ်ထားတာက သေချာစဉ်းစားထားတယ်ဆိုတာ သူတို့ ကိုနားလည်အောင်ရှင်းပြမှာပါ၊ သူတို့က မြို့နယ်အဆင့်မှရွေးထားတယ်၊ကျွန်တော်တို့ က တနှိုင်ငံ လုံးအဆင့်မှာ ရွေးထားတာပါ။ သူတို့တင်ပြတဲ့ အခြေအနေပေါ်ကြည့်ပြီးဆုံးဖြတ်မှာပါ” ဟု၎င်းကဆိုသည်။

အဖွဲ့ချုပ်မှ လက်ရှိရွေးချယ်ထားသော ပခုက္ကူ ကိုယ်စားလှယ်လောင်း ဦးပိုက်ကိုကိုလည်း အတည်ဖြစ်ကြောင်း ယခုအချိန်တွင် ယတိပြတ်မပြောနိုင်သေးဟု ၎င်းကပြောသည်။

ယခုအဖြစ်အပျက်နှင့် အခြားဆင်သူတသည့် အဖြစ်အပျက် တခုမှာ မိတ္ထီလာမြို့နယ် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း အတွက် နိုင်ငံရေး လှုပ်ရှားမှုတလျောက်လုံးလုပ်ကိုင်လာသည့် ဒေါ်မြင့်မြင့်အေးအား ရွေးချယ်မခံရပဲ ရန်ကုန်ရုံးချုပ်မှ ဗိုလ်ကြီးဝင်းထိန်ကို မိတ္တီလာမြို့နယ် ကိုယ်စားလှယ်လောင်း အဖြစ် လျာထားသောကြောင့် ဒေါ်မြင့်မြင့်အေးမှာ တသီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အသစ်ပြန်လည် မှတ်ပုံတင်လိုက်သည့် အန်အယ်လ်ဒီပါတီ မှ လစ်လပ်နေရာ ၄၈ နေရာအားလုံးဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ။

Yangon Press International - Facebook မှ

0 comments: