စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, January 20, 2012

ဖေဖော်ဝါရီ ၇ ရက်တွင် အကယ်ဒမီပေးမည်


အစိုးရသစ် လက်ထက် ပထမဆုံးကျင်းပမည့် အကယ် ဒမီပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ရ ရက် တွင် ထူးခြားသော အပြောင်းအလဲများ ဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ စတိတ်ဒီဇိုင်းအပြင်အဆင်များ ကို ဒီဂျစ်တယ်မက်ပင်ဖြင့် ပြုလုပ်မည်ဖြစ် ပြီး အကယ်ဒမီပေးပွဲ အခမ်းအနား ကျင်းပ နေစဉ်တွင် မီဒီယာများကို တိုက်ရိုက်သတင်း ယူ ခွင့်မပြုဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ သိရ သည်။

''စတိတ်ဒီဇိုင်းအပြင်အဆင်ကို ဒီဂျစ်တယ်မက်ပင်နဲ့လုပ်မယ်။ ဆုရဇာတ် ကားတွေကို ပိတ်ကားနဲ့မပြတော့ဘူး။LED နဲ့ ပြမယ်။ နောက်ထူးခြားတာက မီဒီယာတွေကို တိုက်ရိုက်သတင်းယူခွင့် မပေးဘူး။ မီဒီယာ Room သီးသန့်ထား ပေးမယ်။ ကော်ဖီဆိုင်ထားပေးထားမယ်။ အရုပ်အသံရအောင် LED နဲ့ပြပေးမယ်။ နောက် ရိုက်ထားတဲ့ပုံတွေကို လိုချင်ရင် ယူလို့ရအောင် စီစဉ်ပေးမှာဖြစ်တယ်'' ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။ အခမ်းအနားပြင်ဆင်ရန် အတွက် စက်ပစ္စည်းများကို ထိုင်းနိုင်ငံမှ ကွန်တိန်နာအလုံး ၂၀ တင်သွင်းခဲ့ကြောင်း သိရသည်။ ယခင်က အကယ်ဒမီပေးပွဲများ ကို စနေနှင့် တနဂင်္နွေနေ့များတွင်သာ ကျင်းပခဲ့ပြီး ယခုနှစ်တွင် အင်္ဂ࿿ါနေ့၌ ကျင်းပ မည်ဟု သိရသည်။

''၄ ရက်နေ့ တနဂင်္နွေက ပြင်ဆင် မှု အားလုံးမပြီးနိုင်ဘူး။ နောက်တစ်ပတ် တနဂင်္နွေက ပြည်ထောင်စုနေ့ဖြစ်နေတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ရ ရက် အင်္ဂ࿿ါနေ့ မှာ ကျင်းပမှာဖြစ်တာပါ'' ဟု အဆိုပါပုဂ္ဂိုလ် က ပြောသည်။ ၂၀၁၀ အကယ်ဒမီစာရင်းတွင် ဇာတ်ကား ၁၅ ကား ပါဝင်ပြီး ပြေတီဦး၊ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်နှင့် လင်းဇာ နည်ဇော်တို့ အကယ်ဒမီ ရရှိနိုင်သည်ဟု တစ်ပြေးနေသည်။

ရေးသားသူ - အေးမြမြထွန်း

YANGON MEDIA GROUP

0 comments: