စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 18, 2012

သာကေတရှိ အစ္စလာမ်စာသင်ကျောင်း နှစ်ကျောင်းကို ပိတ်ပင်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွင်းရှိ အစ္စလာမ်ဘာသာရေး ဝတ်ပြုနည်း အာရဗီဘာသာ စာသင်ကျောင်းများကို အာဏာပိုင်များက ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာ ရီခန့်က ပိတ်ပင်လိုက်သည်။

သာကေတမြို့နယ် အမှတ် ၂/တောင်ရပ်ကွက် ရန်ပြေ ၁ လမ်းရှိ ကျောင်းနှင့် အမှတ် ၄/တောင်ရပ်ကွက်
အောင်သစ္စာလမ်းတို့မှ ကျောင်းများ အပိတ်ခံရခြင်း ဖြစ်သည်။

“တနေ့ကပဲ ဝတ်ပြုကျောင်းတွေကို ကြိုတင်ပြီးနှုတ်နဲ့ ပြောထားတယ်။ လုံးဝ ဆက်လက်ပြီးတော့ စာမသင်ဖို့ပေါ့။ ဘာကြောင့်ပိတ်လဲ ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ ၁၇.၁.၂၀၁၂ ရက်နေ့က ကျတော့ လာပြီးတော့ ချိတ်ပိတ် သွားတယ်” ဟု ကျောင်းတာဝန်ရှိသူ တဦးက ပြောသည်။

သာကေတမြို့နယ် မာန်ပြေ အမှတ် ၂ နှင့် ၄ ရပ်ကွက်မှ အစ္စလာမ်ဘာသာရေး ဝတ်ပြုနည်း အာရဗီစာသင်ကျောင်းများအား အာဏာပိုင်များက ၁၇.၁.၂ဝ၁၂ ရက် အင်္ဂါနေ့တွင် လာရောက်ပိတ်ပင်လိုက်သဖြင့် အမှတ် ၃ ကျောင်းမှ ကလေးများက ဆန္ဒပြနေကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

အမှတ် ၃ ရပ်ကွက်ရှိ ဝတ်ပြုကျောင်းကိုလည်း ပိတ်ရန် ခရိုင်သာသနာရေးမှ ဦးအောင်ထူး၊ ဦးညွန့်ဝေနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင့်နိုင်တို့ လာရောက်စဉ် ကျောင်းမှ စာသင်သားကလေး ၁၅၀ ခန့်က ကျောင်းရှေ့တွင် မတ်တပ်ရပ်ကာ လက်ကိုင်ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ မပိတ်ရန် ဆန္ဒပြကြသည်။

ထို့နောက် ကျောင်းတာဝန်ရှိသူများနှင့် အာဏာပိုင်တို့ ညှိနှိုင်းနောက် အဆိုပါ အမှတ် ၃ ကျောင်းကိုမူ မပိတ်ဘဲ
ပြန်သွားကြကြောင်း သိရသည်။


သာကေတမြို့နယ် မာန်ပြေ အမှတ် ၂ နှင့် ၄ ရပ်ကွက်မှ အစ္စလာမ်ဘာသာရေး ဝတ်ပြုနည်း အာရဗီစာသင်ကျောင်းများအား အာဏာပိုင်များက ၁၇.၁.၂ဝ၁၂ ရက် အင်္ဂါနေ့တွင် လာရောက်ပိတ်ပင်လိုက်သဖြင့် အမှတ် ၃ ကျောင်းမှ ကလေးများက ဆန္ဒပြနေကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)


အပိတ်ပင်ခံလိုက်ရသည့် အမှတ် ၂ နှင့် အမှတ် ၄ ကျောင်းများ ပြန်လည် ဖွင့်ပေးရန်အတွက် အာဏာပိုင်များနှင့်
ဆွေးနွေးမည်ဟု အမှတ် ၄ ရပ်ကွက်မှ အစ္စလာမ်ဘာသာဝင် ကိုစိန်မြင့် က မဇ္ဈိမကို ပြောသည်။

“ဆွေးနွေးလို့သာ အဆင်မပြေရင် သောကြာနေ့မှာ အပိတ်ခံရတဲ့ (စာသင်ကျောင်းမှ) လူတွေ ရန်ကုန်ဆူးလေက ဘင်္ဂါလီဗလီကို ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြပါမယ်”ဟု အစ္စလာမ်ဘာသာဝင် ကိုစိန်မြင့်ဆိုသူက ပြောသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် တိုင်းပြည် တည်ငြိမ်ရန် အရေးကြီးကြောင်း၊ ဒီမိုကရေစီ အခွင့်အရေး များကို လေးစားသင့်ကြောင်း ကမန်အမျိုးသားလူငယ် ကွန်ယက်မှ ကိုညီညီက မဇ္ဈိမကို ပြောသည်။

“အခုလို အေးချမ်းစွာ ပညာသင်ကြားနေတဲ့ ကလေးသူငယ်တွေကိုရော၊ ငြိမ်းချမ်းစွာ ဝတ်ပြုကိုးကွယ်နေတဲ့ အရပ်သားပြည်သူတွေကိုရော လွတ်လပ်စွာ စာသင်ခွင့်၊ ဝတ်ပြုခွင့် ပေးသင့်တယ်”ဟု ကမန်အမျိုးသားလူငယ် ကွန်ယက် မှ ကိုညီညီ က မဇ္ဈိမကို ပြောသည်။

မဇ္ဈိမ - မင်းသက်

0 comments: