စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, January 26, 2012

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့ညနေ ၆ နာရီက တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်းအတွင်း တွေ့ဆုံကြသည်။


ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ တင်ဆောင်လာသည့်ကား တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်ခြံတွင်း ၀င်ရောက်သွားစဉ်

"ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုက အလုပ်သဘောလုံးဝ မပါပါဘူး။
ကျွန်တော်တို့က ၁၉၈၈၊ ၁၉၈၉ခုနှစ် မှာ တွေ့ခဲ့ကြပေမယ့်
ဒီနောက်ပိုင်း ကျွန်တော်တို့ အပြင်မှာ ရှိနေချိန်မှာ အန်တီက
နေအိမ်အကျယ်ချုပ်ဖြစ် နေ၊ အန်တီက အပြင်မှာရှိနေတဲ့
အချိန်မှာ ကျွန်တော်တို့က ထောင်ထဲ ရောက်နေနဲ့
ကျွန်တော်တို့တွေ မဆုံ ဖြစ်ခဲ့ကြပါဘူး။ အခုမှ ပြန်ဆုံကြရ တာပါ။
ကွဲကွာနေတဲ့ မိသားစုဝင် တွေ ပြန်တွေ့ကြတဲ့သဘောပါပဲ။
ည နေ ခြောက်နာရီကနေ ရှစ်နာရီအထိ နှစ်နာရီလောက်
တွေ့ခဲ့ကြပါတယ်။ အန်တီက ကျွန်တော်တို့ကို ညစာနဲ့
ဧည့်ခံခဲ့ပါတယ်။ နောက်ပြီး ယော လုံချည်တစ်ထည်စီ
လက်ဆောင်ပေးခဲ့ပါတယ်။ ထောင်ထဲက အတွေ့အ ကြုံတွေကိုပဲ ရယ်ရယ်မောမောပြန် ပြီး ပြောဖြစ်ခဲ့ကြပါတယ်" ဟု
၈၈မျိုး ဆက်ကျောင်းသားခေါင်းဆောင်တစ် ဦးဖြစ်သည့်
ကိုမြအေးက ပြောပြခဲ့ ပါသည်။

အဆိုပါတွေ့ဆုံမှုသို့ ၈၈ မျိုး ဆက်ကျောင်းသားကိုးဦး
တက်ရောက် ခဲ့ပြီး တွေ့ဆုံခဲ့ကြသူများမှာ ကိုမင်းကိုနိုင်၊
ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်၊
ကိုဌေးကြွယ်၊ ကိုအောင်သူနှင့် ကို ပဏ္ဍိတ်ထွန်းတို့ဖြစ်ကြကြောင်း
သိရှိ ရပါသည်။

0 comments: