စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, January 16, 2012

လျှို့ဝှက်မြန်မာစစ်တပ်၏ ဓါတု လက်နက် စက်ရုံများ - ဖမ်းမိနိုင်ရိုးလား ? (အပိုင်း - ၅)

ဓါတု စက်ရုံများ ရှိရာ ကပစ စက်ရုံ (ထုံးဘို)

အောက်ပါ လေ့လာချက်တွေပါဝင်သည့် ဓါတ်ပုံများမှာ ၂၀၀၉ ခုနှစ်နှင့်၎င်းမတိုင်မှီနှစ်များက ဂြိုလ်တု ဓါတ်ပုံများကို အခြေပြုထားပါသည်။ google ကုမ္ပဏီမှ ၂၀၁၁ ဂြိုလ်တုဓါတ်ပုံများ ဤနေရာများ၌ တင်ထားသည့် အခါတွင် မြန်မာစစ်တပ်၏ လျှို့ဝှက်ဓါတု စက်ရုံများ တိုးချဲ့မှုကို ပိုမိုတင်ပြနိုင်ပါဦးမည်။


အဆောက်အဦး (၁.၂.၃) ( ၁ မှာ သိုလှောင်တိုင်ကီ ကြီးများ)

သိုလှောင်တိုင်ကီ ကြီးများ (၄)

အဆောက်အဦး (၅.၆)

စက်ရုံ (၇)


ဓါတု ချက်စက်ရုံ (၈)

ရဟတ်ယာဉ် (ဟယ်လီကေါ်ပတာ) ဆင်းကွင်း (၉)

စက်ရုံ (၁၀)


မြန်မာနိုင်ငံ၏ သံမှူးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ် ၏ အဆိုအရ ထိုစက်ရုံများတွင် လုပ်နေကြသူများအဖို့၊ ဤ ဓါတုပစ္စည်းများကို စစ်ဓါတု လက်နက်အတွက် လုပ်နေသည်ဟု သိကြပုံ မပေါ်ပါ။ ဓါတု ပစ္စည်းထုတ်လုပ်ရေးမှာ စစ်တပ်တွင်း အမြင့်ဆုံးအဆင့် ဗိုလ်ချုပ် အချို့သာ သိရှိသည်။ တချိန်က ဒေါ် အောင်ဆန်းစုကြည်ကို သူမ၏ အိမ်၌ ဖမ်းထားစဉ်၊ မြန်မာ စစ်ထောက်လှမ်းရေး ဌာနက၊ ဒေါ်စုနှင့် မနီးမဝေးရှိ ကပစ (၁) စက်ရုံ၌ ပေါက်ကွဲစေသည့် ယမ်းများ သိုလှောင်ထုတ်လုပ်မှုကို ဖြတ်သန်းရန် ကြိုးပန်းခဲ့ရာ၌၊ ကက (ကြည်း) မှ ကန့်ကွက်သဖြင့် ဆုတ်ခွါခဲ့ရသည်။

( http://photayokeking.org/hot-news/791-dadoleknet )

(video)
http://www.youtube.com/watch?v=y7rfScFveZU&feature=share

ဤသို့ ဓာတုလက်နက် ပြည်တွင်း ခိုးကြောင်ခိုးဝှက် သုံးနေသည်ကို မြန်မာအစိုးရက "ရီစရာ" များ ထင်နေပုံရ၏။ ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ နားလည်ရန်မှာ ဤကိစ္စသည် War Crime စစ်ရာဇ၀တ်မှု ဖြစ်သည်။ မြန်မာသည် ကမ္ဘာ့ဓာတုလက်နက် စာချုပ်တွင် လက်မှတ်ထိုးထားသည်။ လောလောဆယ် War Criminal ကမ္ဘာ စစ်ရာဇ၀တ်သားကြီး ဦးသန်းရွှေ၏ ရံရွှေတော်များအဖြစ် ဤဓာတုလက်နက် သုံးစွဲသည့် ရာဇ၀တ်မှုဖြင့် လက်ရှိ သမ္မတကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ စစ်ရာဇ၀တ်သား များ ဖြစ်လာနေပြိကို နားလည်ကောင်းပါ၏။


ကျေးဇူးတင် - ဂူဂယ်လ်အပ်၊ ရှုပဗေဒ ပညာရှင် ရောဘတ် ကယ်လီ၊ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်၊ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း၊ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်၊ ကချင်သတင်း အုပ်စု၊ Channel – 4

ဆောင်းပါးရှင် - ဒေါက်တာ ဦးဝင်း၊ ကယ်လီဖိုးနီးယား၊ USA

(ဤဆောင်းပါးကို 2012 နှစ်သစ်ကူးနေ. January 1 နေ. တွင်

www.burmachemicalweapons.blogspot.com တွင် အင်္ဂလိပ် ဘာသာ -in English -ဖြင့် ဖတ်ရှုနိုင်ပါသည်။)

0 comments: