စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, January 12, 2012

ပေကျင်းတွင် မီးခိုးမြူများထူထပ်စွာ ကျရောက်မှုကြောင့် လေကြောင်းလိုင်း ၁၅၀ ကျော်ဖျက်သိမ်းခဲ့

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် မီးခိုးမြူများထူထပ်စွာကျရောက်ပြီး မြို့အနှံ့ပိတ်ဖုံးမှုများကြောင့် ဇန်န၀ါရီ ၁၀ ရက်နေ့တွင် လေကြောင်းလိုင်း ၁၅၀ကို ဖျက်သိမ်းခြင်း (သို့မဟုတ်)ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ခဲ့ရသည်။

ပေကျင်းမြို့ပတ်ဝန်းကျင်ရှိ မီးခိုးမြူများထူထပ်စွာကျရောက်ပြီး လေပိုင်နက်တွင် မြင်ကွင်းမြင်သာမှုမှာ ၂၀၀ မီတာအောက်နည်းပါးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အမျိုးသားမိုးလေ၀သဌာနက ထုတ်ပြန်ခဲ့သည်။

အစိုးရအချက်အလက်များတွင် လေထုအရည်အသွေးမှာ ကောင်းမွန်သည်ဟု အကဲဖြတ်ခဲ့သည်။ သို့သော်လည်း အမေရိကန်သံရုံးက လေထုထဲတွင် အမှုန် ၂ ဒသမ ၅ မိုက်ခရိုမီတာ သို့မဟုတ် ယင်းထက်နည်းသည့် ပမာဏပါဝင်ကြောင်း ၎င်း၏ twitter စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ ပေကျင်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗျူရိုကမူ ၎င်းတို့တိုင်းတာချက်အရ လေထုအရည်အသွေးမှာ ကောင်းမွန်ကြောင်း ထုတ်ပြန်ခဲ့သည်။ လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး အမေရိကန်သံရုံးနှင့် တရုတ်အစိုးရ ထုတ်ပြန်မှုအကြား ခြားနားချက်များ ကြိမ်ဖန်များစွာဖြစ်ပေါ်ခြင်းကြောင့် မြို့နေလူထုက ၎င်းတို့၏ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုများ ကြီးထွားလာခဲ့သည်။

လေထုညစ်ညမ်းမှုနှင့်ပတ်သက်သည့် နောက်ဆုံးတိုင်းတာချက်များကို နှစ်သစ်ကူးပွဲတော်မတိုင်ခင်အထိ နေ့စဉ်ထုတ်ပြန်ပေးသွားမည်ဟု တာဝန်ရှိသူများကပြောကြားခဲ့ပြီး လူထု၏စိုးရိမ် ပူပန်မှုများကို တုံ့ပြန်ဖြေရှင်းပေးခဲ့သည်။

Ref:AFP

0 comments: