စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, January 16, 2012

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကျန်ရှိပါက စာရင်းပေးပို့နိုင်

ယုံကြည်ချက်ကြောင့် မြန်မာနိုင်ငံအနှံ့တွင် အကျဉ်းကျခံနေသည်ဟုဆိုသူများ ကျန်ရှိပါက စာရင်းပေးပို့နိုင်ပြီး ယင်စာရင်းနှင့်တိုက်ဆိုင်ကာ ပြန်လွှတ်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ရှိ
ပြည်ထဲရေး ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သော သတင်း စာရှင်းလင်းပွဲတွင် ပြောကြားသည်။

အစိုးရသစ် လက်ထက်တွင် ယခုပေးသောလွတ်ငြိမ်းချမ်းသာခွင့်မှာ စတတ္ထအကြိမ်မြောက် ဖြစ်ပြီး ယင်းလွတ်ငြိမ်းချမ်းသာခွင့်တွင် ပြည်သူများနှင့် အတူ နိုင်ငံရေးစောင့်ကြည့်လေ့လာသူများ အားလုံးမျှော်လင့် ထားသည့်အတိုင်း လွတ်မြောက်လာ ခဲ့ကြောင်းသိရှိရသည်။

“အဘနဲ့အတူတကွ ထိန်းသိမ်းခံထား ရတဲ့သူအချို့ မလွတ်သေးလို့ စိတ်မကောင်းဖြစ်မိတယ်။ အဘကြောင့် ရဲဘောရဲဘက်တွေ အဖမ်းခံရတယ်လို့ ယူဆပါတယ်။” ဟု ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် က နေအိမ် အကျယ်ချုပ် မှ လွတ်မြောက်စဉ် ယင်းကဲ့သို့ ပြောကြားခဲ့သည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေသူများစွာ လွတ်မြောက် လာသော်လည်း မြန်မာနိုင်ငံအနှံရှိ အကျဉ်းထောင်အချို့တွင် ယင်းအကျဉ်းသူ၊ အကျဉ်းသားများ ကျန်ရှိနေသေးကြောင်း လွတ်မြောက်လာ သူများ၏ ပြောကြားချက်အရ သိရသည်။ “ဒီစာရင်း အတိုင်းဆိုရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ အကျဉ်းထောင်တွေမှာမရှိတော့ပါဘူး။ ကျန်ရှိတယ်လို့ ယူဆပါက စာရင်းပေးပို့နိုင် ပါတယ်။ စာရင်းမှာပါလာတဲ့ နာမည်နဲ့ အကျဉ်းထောင်ထဲက နာမည်ရှိတယ် ဆိုရင် စိစစ်ပြီး ပြန်လွှတ်ပေးသွားမှာပါ။” ဟု ပြည်ထောင်စုဝန်ကြီး ကပြောသည်။

YANGON MEDIA GROUP

0 comments: