စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, January 16, 2012

လွတ်မြောက်လာသော သံဃာတော် အပါး ၂၀ သိက္ခာပြန်ထပ်မည်

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သော နိုင်ငံရေး အကျဉ်းသားများထဲမှ ဘုန်းကြီး ပြန်ဝတ်မည့်သူ ၂ဝဦးအား ဇန်န ဝါရီ ၂၂ ရက်၌ ဒဂုံမြို့သစ်မြောက် ပိုင်း ၅ဝကွေ့ မကွေး စာသင်တိုက် တွင် သိက္ခာထပ်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါပွဲအား ကမကထ ပြုလုပ်မည့် ဦးဇင်းဇဝန(ခ)မုတ်ဆိတ် က ပြောကြားလိုက်သည်။

''အခုလုပ်မယ့်ပွဲက မကွေးစာ သင်တိုက်က ဆရာတော် ဦးပါမောက္ခ က ကြီးမှူးပြီးတော့ ဒကာ၊ ဒကာမတွေ အားလုံးစုပေါင်းပြီးလုပ်တဲ့ ကုသိုလ် ကောင်းမှုဖြစ်ပြီး ၈နာရီလောက်မှာ သိမ်တက်မယ်၊ ၉နာရီလောက်မှာ သိမ်ဆင်းလောင်းမှာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အဲဒီပွဲအတွက် ဖိတ်စာတွေ ရိုက်နေပါပြီ'' ဟု ပြော သည်။ အဆိုပါပွဲကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်မှာ တန်ဆောင်မုန်း လပြည့်ကျော် ၂ရက် နေ့က သံဃာ ၁၂ပါးအား သိက္ခာ ထပ်ပေးခဲ့ကြောင်း သိရသည်။

ပထမအကြိမ် ကျင်းပသောပွဲတွင် သာမန်လွတ်ရက်နှင့်လွတ်ခဲ့သူများ အပါအဝင် သီတင်းကျွတ် လပြည့်နေ့ လွတ်ငြိမ်းချမ်း သာခွင့်နှင့် လွတ်မြောက် ခဲ့သောသူများ ပါဝင်ကြောင်း သိရ သည်။ ဒုတိယ အကြိမ်တွင်မူ နိုင်ငံတော်သမ္မတ ၏ ဇန်နဝါရီ ၁၃ရက် နေ့က လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ သောသူများ သာဖြစ်ကြောင်း၊ ယင်း အပြင် ရန်ကုန်မြို့ သာမက အခြား နယ်မြို့များ ကလဲ လွတ်မြောက် လာ သည့်သူများ ၂ဝကျော် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အချို့သော သူများ မှာ မိမိတို့ထောင် က ထွက်သည့်ဒေသ နှင့် နီးစပ်သော ဘုန်းကြီးကျောင်း များမှာပင် သိက္ခာ ထပ်ကာ ရန်ကုန် သို့ ပြန်လာခြင်း များလည်းရှိကြောင်း သိရသည်။

ယခုတစ်ကြိမ် လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် လွတ်မြောက်ခဲ့သူများ တွင် အရှင်ဂမ္ဘီရ အပါအဝင် မဂ္ဂင် ကျောင်းဆရာတော် အရှင်ဣန္ဒက၊ ဦးဇင်းဇဝန(ခ) မုတ်ဆိတ်နှင့် ဦးစန္ဒာ သီရိ(ခ) ဦးဇင်းပုရစ် တို့အပါအဝင် အများအပြားလွတ်မြောက်ခဲ့ကြောင်း သိရသည်။


ရေးသားသူ - ငွေစန္ဒီ ၊ ဝေမာသိမ့် ( ရန်ကုန်တိုင်းမ် )

0 comments: