စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 18, 2012

ပါတီအသုံးစရိတ်အခက်အခဲကြောင့် NDF ၀င်ပြိုင်မည့် နေရာလျှော့

ပါတီအသုံးစရိတ်ကြောင့် NDF ပါတီမှ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နေရာ လျှော့ချလိုက်ကြောင်း ပါတီအတွင်းရေးမှူး ဦးဝင်းနိုင်က YPI သို့ပြောသည်။

NDF (အမျိုးသားဒီမိုကရေစီအင်အားစု) ပါတီ အနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ယခင်က ၁၈ နေရာ ၀န်းကျင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ယခုအခါ ၁၂ နေရာသာ ၀င်ရောက် ယှဉ်ပြိုင်တော့မည်ဟု ဆိုသည်။

“အခုပါတီရပ်တီဖို့အတွက်တောင် တော်တော်လေးကြိုစားနေရတယ် ၊၀င်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းတွေ ကို ငါးသိန်းပဲ (တဦးလျှင်) ထောက်ပံ့နိုင်တယ်။ ယှဉ်ပြိုင်ဖို့အတွက် အခြားကုန်ကျစရိတ်တွေ မထောက်ပံ့ပေးနိုင်ဘူး၊ ဒါကြောင့်လျှော့ လိုက်တာပါ ” ဟုဆိုသည်။

ထို့ပြင်ယခင်က ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ပြိုင်ရန်စီစဉ်ထားသည့် ကိုယ်စားလှယ်လောင်းအချို့၏ မိသားစုကျန်းမာရေး အခြေအနေကြောင့် လျှော့ချလိုက်ခြင်းလည်း ပါသည်ဟု ဆိုသည်။

ယခုလ ၁၇ ရက်နေ့တွင် NDF ပါတီပါဝင်သည့် ဒီမိုဆယ်ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် ညှိုနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါညှိုနှိုင်းမှုတွင် NDF မှ၁၀ နေရာကျော်၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီမှ၁ နေရာ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရက်တစ်ပါတီမှ ၁ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၃ နေရာ နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ ၄ နေရာဝင် စုစုပေါင်း ၁၉ နေရာဝင်ရောက်ယှပြိုင်ရန် ဒီမိုဆယ်ပါတီမှ သဘောတူညီမှုရရှိခဲ့သည်။

လက်ရှိတွင်NDF အနေဖြင့် ကြားဖြစ် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ၉ နေရာ အတည်ပြုပြီးဖြစ်၍ ကျန်သည့် သုံးနေရာကို ဆက်လက် အတည်ပြုနေဆဲဟု ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲ အတွက်အလှူရှင် ရရှိမည့်အခြေအနေလည်း ယခင်ထက်ခက်ခဲလာသည်ဟု ၎င်းကဆက်ပြောသည်။

“အခုကပါတီစုံလာတဲ့ အတွက် နိုင် နိုင်ခြေက အပြတ်အသတ်ပြောလို့မရဘူး၊အခုက NLD လည်းပါတယ်၊ပြည်ခိုင်ဖြိုးလည်းပါတယ် အပြတ်တွက်လို့မရဘူးပေါ့ ဒေါ်စုနဲ့ NLD ကိစ္စကလည်း ကြီးတယ်လေ” ဟုဦးဝင်းနိုင်ကပြောသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) မှလစ်လပ်နေရာ ၄၈ နေရာစလုံး ၀င်ပြိုင်မည်ဖြစ်သည်။ ။

Yangon Press International Facebook မှ

0 comments: