Australia နိုင်ငံ၊ Sydney မြို့ရှိ New South Wales တက္ကသိုလ်၊ Quantum Computation and Communication Technology ဌာနမှသိပ္ပံပညာရှင်များသည် လျှပ်စစ်စွမ်းအင်ထုတ်လုပ်နိုင်သည့် အရွယ်အစားသေးငယ်သော nanoscale wire ကို ဖန်တီးထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းကကြေညာခဲ့သည်။
ယင်းဖန်တီးမှုသစ်တွင် ကြေးနီဝိုင်ယာကြိုးများနှင့် စွမ်းဆောင်ရည်ချင်းတူညီသော အက်တမ်လေးခုပါဝင်သည့် ၀ိုင်ယာကြိုးကို ဖန်တီးထားခြင်းဖြစ်ကာ အဆိုပါဝိုင်ယာကြိုးများသည် ယင်းကြေးနီဝိုင်ယာများမှရရှိသည့် လျှပ်စစ်စွမ်းအင်အတိုင်း တူညီသည့်လျှပ်စစ်ပမာဏကို ထုတ်ပေးမည်ဖြစ်ပြီး ယခုလက်ရှိအသုံးပြုနေသည့် အသေးငယ်ဆုံးသော ၀ိုင်ယာကြိုးများထက် အဆ ၂၀ ပို၍သေးငယ်ကြောင်းသိရသည်။ ၎င်းတွေ့ရှိမှုသစ်ကို ခေတ်သစ်နည်းပညာမြင့်ကွန်ပျူတာများ ကဲ့သို့သော nanoscale နည်းပညာပေါ်တွင် အခြေခံထားသည့်ပစ္စည်းများတွင် ထည့်သွင်းအသုံးပြုမည်ဖြစ်ပြီး အဆိုပါဝိုင်ယာကြိုးများသည် အချက်အလက်ပေါင်းများစွာကို ပိုမို၍လျင်မြန်စွာပို့ဆောင်နိုင်မည့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာများအဖြစ် ဖန်တီးပေးမည်ဖြစ်သည်။ Semiconductor ထုတ်လုပ်သည့်လုပ်ငန်းများတွင်လည်း ပိုမိုတိုးတက်လာပြီးနောက် ချစ်ပ်အစိတ်အပိုင်းများကိုလည်း အရွယ် အစားသေးငယ်စွာ ထုတ်လုပ်လာကြပြီး အရွယ်သေးငယ်ကာ စွမ်းဆောင်ရည်ပိုမိုပြည့်ဝသည့် ကွန်ပျူတာများတွင် ထည့်သွင်းအသုံးပြုနိုင်ရန် ပြုလုပ်လာကြောင်း စမ်းသပ်ရှာဖွေမှုကိုဦးဆောင်ခဲ့သည့် သု တေသီတစ်ဦးဖြစ်သူ Michelle Simmons ကပြောကြားခဲ့သည်။
ရေးသားသူ - ဟေမာ
Ref: CNET

0 comments:
Post a Comment