ယနေ့ညနေ ခြောက်နာရီအချိန်တွင် ပြည်မြို့အ၀င်၌ ကိုမင်းကိုနိုင် ကို ကြိုဆိုရန် စောင့်ဆိုင်းနေကြသူများ။ ကိုမင်းကိုနိုင်မှာ ညနေ ၆နာရီ မိနစ် ၃၀ကျော်ခန့် အချိန်တွင် အောင်လံမြို့မှ ထွက်ခွာပြီး ပြည်မြို့သို့ ည ၈နာရီ မိနစ် ၃၀ခန့်အချိန်တွင် ရောက်ရှိမည်ဟု သိရပါသည်။

သရက်အကျဉ်းထောင်မှ လွတ်မြောက်ပြီးစအချိန်တွင် စောင့်ဆိုင်းနေသော ပြည်သူများအား နှုတ်ဆက်ရန် အပြေးလာခဲ့သော ကိုမင်းကိုနိုင်။
သရက်အကျဉ်းထောင်မှ လွတ်မြောက်ပြီးစအချိန်တွင် စောင့်ဆိုင်းနေသော ပြည်သူများကို လိုက်လံ နှုတ်ဆက်နေသော ကိုမင်းကိုနိုင်။
သရက်မြို့မှ ပြန်လည်ထွက်ခွာလာသော ကိုမင်းကိုနိုင်သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ နေအိမ်(အမှတ်-၄၇၂/ခ၊ ဇာနည် (၁၃) လမ်းအထက်၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်)သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်းသိရသည်။ ကိုမင်းကိုနိုင်လွတ်မြောက်မှုကို စောင့်မျှော်ခဲ့ကြသော ပြည်သူများနှင့် မိတ်ဆွေများသည် ၎င်း၏နေအိမ်ရှေ့တွင် သွားရောက်စောင့်ဆိုင်း ကြိုဆိုကြရန် ပြင်ဆင်နေကြကြောင်းလည်း သိရှိရသည်။
Eleven media group facebook မှ ဖော်ပြပါသည်.
facebook -7 day news journal မှ ဖော်ပြပါသည်။
0 comments:
Post a Comment