စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 18, 2012

စစ်အာဏာ မသိမ်းတော့ပါဘူးလို့ သူရရွှေမန်းပြောကြား


ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက သူ့အမြင် အတွေ့အကြုံအရ မြန်မာနိုင်ငံမှာ နောက်ထပ် စစ်အာဏာသိမ်းတာ မဖြစ်နိုင်တော့ဘူးလို့ ပြင်သစ် သတင်းဌာန AFP နဲ့ တနင်္လာနေ့က တွေ့ဆုံမေးမြန်းခန်း တခုမှာ သူရ ဦးရွှေမန်းက အခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ဒီမိုကရေစီစနစ် ပြောင်းလာဖို့ ဘယ်လောက် ကြာမယ် မပြောနိုင်ပေမယ့် အစားထိုး ကျင့်သုံးစရာ တခြားစနစ် မရှိဘူးလို့ ဦးရွှေမန်းက ပြောခဲ့သည်ဟု သိရပါသည်။ ဦးရွှေမန်းသည်၊ ၂၀၀၄ခုနှစ် န၀တခေတ်တုန်း ကလည်း ဥပဒေအပေါ် ဘယ်သူမှ မရှိစေရဆိုပြီး၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကိုဖြုတ်ချခဲ့စဉ် ပြောကြားခဲ့ဘူးပါသည်။

ဒီမိုကရေစီ ပြောင်းလဲရေးကို လက်မခံနိုင်သည့် စစ်တပ်တွင်းက အင်အားစုတချို့  အာဏာ ပြန်သိမ်းတာမျိုး ဖြစ်မလာဖို့ မျှော်လင့်တယ်လို့ မကြာသေးခင်ကပဲ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါ သည်။

0 comments: