စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, January 16, 2012

အီရန်နျူစီမံကိန်းကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် လက်နက်အားပြိုင်ပွဲဖြစ်လာနိုင်ကြောင်း ဝီလျံဟိတ်ဂ် သတိပေး


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဝီလျံဟိတ်ဂ်

အီရန်နိုင်ငံ၏ နျူကလီးယား စီမံကိန်းကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် လက်နက်အားပြိုင်ပွဲတစ်ခု ဖြစ်ပွားသွားနိုင်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ်က ဇန်န၀ါရီလ ၁၅ ရက်တွင် သတိပေးခဲ့သည်။

ဗြိတိန် ဖျက်သင်္ဘော HMS Daring ပင်လယ်ကွေ့တွင် တပ်စွဲရန်အတွက် ဇန်န၀ါရီလ ၁၁ ရက်က ဗြိတိန်တောင်ပိုင်းမှ ထွက်ခွာလာစဉ်

မည်သည့်ခြိမ်းခြောက်မှုကိုမဆို တုံ့ပြန်သွားရန်အတွက် နည်းလမ်းအားလုံးကို စဉ်းစားထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အီရန်အစိုးရအနေဖြင့် ၎င်းတို့၏ နျူစီမံကိန်းနှင့်ပတ်သက်၍ စေ့စပ်ဆွေးနွေးမှု ပြုလုပ်ရန်နှင့် မလုပ်ပါက ပိတ်ဆို့အရေးယူမှုနှင့် ရင်ဆိုင်ရမည်ဟု ဆန်းဒေးတယ်လီဂရပ်နှင့် အင်တာဗျူးတစ်ခုတွင် ဟိတ်ဂ်က ပြောကြားခဲ့ခြင်းဖြစ်သည်။အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမည့် ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား သဘောတူညီချက်ရရန် နီးကပ်လာနေသည်။ ယင်းဆုံးဖြတ်ချက်အရ ဥရောပကုမ္ပဏီများသည် အီရန်ကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်မှု ခြောက်လခန့် ရပ်ဆိုင်းရမည်ဖြစ်သည်။

မိမိတို့သည် ယင်းပြဿနာကို ထိပ်တိုက် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ အီရန်သည် နျူကလီးယားပြန့်ပွားစေရန်လုပ်ဆောင်ပြီး အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို ခြိမ်းခြောက်သည့်လမ်းစဉ်ကို လျောက်လှမ်းနေ၍ ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

အီရန်နျူစီမံကိန်းနှင့်ပတ်သက်၍ ပြဿနာအတိမ်အနက်မှာ ကြီးထွားလာနေကြောင်း၊ ယင်းအတွက်ကြောင့် ၂၀၁၂ ခုနှစ်တွင် အကြီးမားဆုံး ပဋိပက္ခတစ်ခုဖြစ်လာနိုင်ကြောင်း ဟိတ်ဂ်က ပြောကြားခဲ့သည်။ အီရန်က ၎င်းတို့ ၏ နျူကလီးယားစီမံကိန်းမှာ ငြိမ်းချမ်းရေး ရည်မှန်းချက်တစ်ခုတည်းအတွက်သာဖြစ်ကြောင်း ကြေညာထားသည်။ အီရန်က စေ့စပ်ဆွေးနွေးမှုပြုလုပ်ရန် သဘောတူမည့်အချိန်အထိ ပိတ်ဆို့အရေးယူမှုများကို ပိုမိုပြင်းထန် အောင် လုပ်ဆောင်သွားမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ကတိပြုခဲ့သည်။

အီရန်အပေါ် ချမှတ်ထားသော စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ၏ အကျိုးသက်ရောက်မှုများအပေါ် မျှော်လင့်ချက်အလွန်အမင်း ထားရှိမှုများအား ၎င်းက သတိပေးခဲ့သည်။

ဗြိတိန်အနေဖြင့် အီရန်အပေါ် စစ်ရေးဖြင့် မကြာမီအချိန်အတွင်း အရေးယူရန် စဉ်းစားနေသည်ဆိုခြင်းကို နိုင်ငံခြားရေးဝန်ကြီးက ပယ်ချခဲ့သော်လည်း ရေရှည်တွင် ရွေးချယ်စရာအားလုံးကို ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်နျူသိပ္ပံပညာရှင် အသတ်ခံရမှုနောက်ကွယ်တွင် အမေရိကန်နှင့် အစ္စရေးတို့ပါဝင်ကြောင်း ခိုင်မာသော အထောက်အထား ရရှိထားသည်ဟု အီရန်နိုင်ငံပိုင်ရုပ်သံက ဇန်န၀ါရီလ ၁၄ ရက်တွင် ထုတ်လွှင့်ခဲ့သည်။ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ယင်းစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။ အစ္စရေးသမ္မတ ရှီမွန်ပီရက်စ်ကလည်း အီရန်နျူသိပ္ပံပညာရှင် သေဆုံးမှုတွင် အစ္စရေးနိုင်ငံက ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

Ref:CNN;Reuters

0 comments: