ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ၂၀၀၈ ခုနှစ်က ပေးအပ်တဲ့
သတင်းလွတ်လပ်ခွင့်ဆုကို ပြင်သစ်နိုင်ငံကို
ရောက်ရှိနေတဲ့ စွယ်စုံအနုပညာရှင် လူရွှင်တော် ကို ဇာဂနာဟာ မနေ့က လက်ခံရယူခဲ့ပါတယ်။
ဆုလက်ခံရာမှာ ကိုဇာဂနာက မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ရှိဖို့ RSF က တစိုက်မတ်မတ် အားပေးထောက်ခံခဲ့တဲ့အတွက် ကျေးဇူးတင်
ရှိကြောင်း ပြောကြားပါတယ်။
၂၀၀၈ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ကွန်ပြူတာ အင်တာနက် အသုံးပြုပြီး လူ့အခွင့်အရေး လှုပ်ရှားသူ Cyber-dissident ဘလောက်ဂါ ဆုကို အဲဒီအချိန်က အကျဉ်းကျနေကြတဲ့ ကို ဇာဂနာ နှင့် ဘလော်ဂါ
နေဘုန်းလတ်တို့ ပူးတွဲ ရရှိခဲ့ကြပါတယ်။
ကိုနေဘုန်းလတ်အတွက် ဆုကိုလဲ ကိုဇာဂနာက လက်ခံယူခဲ့ပါတယ်။
ကိုဇာဂနာ နဲ့ ကိုနေဘုနုးလတ်ကို ၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုနဲ့ နာဂစ် ဆိုင်ကလုံး ဒဏ်ခံခဲ့ရတဲ့ပြည်သူတွေအတွက် လှုပ်ရှား ကြိုးစားခဲ့ မှု တွေကြောင့် ဒီဆုရွေးချယ်ပေးအပ်ခံရတာဖြစ်ပါတယ်။
How to Get a Bonus in Pana365 Casino Bangladesh?
2 weeks ago
0 comments:
Post a Comment