စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Friday, May 18, 2012

တပ်ရင်းမှူးလက်ထဲက မန္တလေးတောင် အလှူခံပုံး

မန္တလေးတောင်ခြေက မြင်ကွင်းတခု (photo - Robert Wilson)

မန္တလေးတောင်တော်သည် ရှေးယခင်အဆက်ဆက်ကစ၍ မန္တလေးရဟန်းပျိုအဖွဲ့၏စီမံအုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပြီး မန္တလေးသူမန္တလေးသားတို့၏ အထွဋ်အမြတ်ထားသော နေရာလည်းဖြစ်ခဲ့ပါသည်။

ထိုတောင်တော်သည် ၁၉၉၃ခုနှစ်(စစ်အစိုးလက်ထက်)မှစတင်၍ ဘက်စုံအာဏာအဖွဲ့၏ လက်အောက်သို့ မောင်ပိုင်စီးခံခဲ့ရပါသည်။

၁၉၉၅ခုနှစ်တွင် ခလရ(၉၅)တပ်ရင်းမှူးအား မန္တလေးမြို့တော်ဝန်က သူ၏ကိုယ်စား စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ကိုပေးအပ်ခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။

ယခုအစိုးရသစ်လက်ထက်တွင် မန္တလေးမြို့တော်ဝန်အသစ်ပြောင်းလဲသွားခဲ့ပြီဖြစ်သော်လည်း မန္တလေးတောင် စီမံခန့်ခွဲမှုမှာ မပြောင်းမလဲ ခလရ(၉၅)တပ်ရင်းမှူး လက်ထဲ ရှိနေဆဲဖြစ်ပါသည်။

ထိုသို့မပြောင်းလဲခြင်းကြောင့် မန္တလေးတောင်ရံပုံငွေမှာလည်း သိသာအောင် တိုးတက်ခြင်းမရှိဟု မန္တတောင်ဈေးသည်တစ်ဦးက ဆိုပါသည်။

“ကျွန်မတို့ မန္တလေးတောင်မှာ ဈေးရောင်းလာတာ နှစ်ပေါင်း အတော်ကြာနေပါပြီ။ မန္တလေးတောင်မှာ ဈေးဆိုင်ခန်းပေါင်း(၈၀၀)ကျော်ရှိပါတယ်။ တစ်ဆိုင်ကိုနေ့စဉ် ၃၀၀ကနေ ၅၀၀ ဈေးကောက်ပေးရပါတယ်။

ဒီတော့ တစ်ဆိုင်ကို တစ်လ ၁၀,၀၀၀ ပဲ ထားပါ။ ဆိုင် ၈၀၀ ကျော် ဆိုတော့ တစ်လ သိန်း(၈၀) ၀င်ငွေရှိပါတယ်။

အလှူခံပုံးတွေကို (၃)လတစ်ကြိမ် ဖွင့်ဖေါက်ပါတယ်။ တစ်ခါဖွင့်ဖေါက်ရင်သိန်း(၂၀၀)ကျော်ရပါတယ်။ နောက် ဓါတ်ပုံလေလံ။ စက်ဘီးလေလံ။ ဓါတ်လှေခါးလေလံ။ ယာဉ်တက်ခလေလံ။ ဖိနပ်အပ်ခံတဲ့လေလံ ဆိုတာတွေလည်း အများကြီးရှိပါတယ်။

အဲဒါကို တလောလေးက ရှင်းတမ်းထွက်လာတာဖတ်ရပါတယ်။ ၄ လ လုံးလုံး ဆိုင်ခန်းခ ရရှိငွေ ၈,၀၀၀ ကျပ်ပဲ စာရင်းဝင်နေတယ်။

အဲဒါနဲ့ ၂၀၀၇ ခုနှစ် က မန္တလေးတောင် လက်ကျန်ငွေကို စုံစမ်းတော့ သိန်း(၁,၄၀၀)ရှိပါတယ်။

၂၀၁၂မှာ လက်ကျန်ငွေဟာသိန်း(၁,၆၀၀) ဆိုတော့ (၅)နှစ်နေမှ သိန်း(၂၀၀)ပဲတိုးလာတဲ့သဘောဆိုတော့ ကျွန်မတို့ မန္တလေးတောင်ဈေးသည်တွေက ဘယ်ကျေနပ်ကြမှာလဲ။

မန္တလေးတောင်မှာ ဂေါပကအဖွဲ့ရှိပါတယ်။ သူတို့က တကယ့် အရုပ်တွေလိုပါပဲ။ အလှူခံပေးရတယ်။ အလှူခံပုံး ဖွင့်ရင် ငွေ ရေပေးရတယ်။ ပြီးရင် ခလရ(၉၅)တပ်ရင်းမှူးကို အပ်ရတယ်လို့ပြောပါတယ်။

တလောလေးကတော့ ဂေါပကတစ်ယောက်ကို မေးကြည့်ဖြစ်ပါတယ်။ ဓါတ်ပုံလေလံခက တစ်နှစ်ကို ဘယ်လောက်ရသလဲလို့။ အဲဒီမှာဂေါပကမင်းက ကျွန်မကိုအော်သွားပါတယ်။ ငါတို့က ဘာလေလံ ဘယ်လောက်ရလဲ မသိရဘူးဟ။ ခလရ(၉၅)က အကုန် လုပ်သွားတာ။ လေလံပိုင်ရှင်တွေကို စုံအောင်တောင် ငါတို့ဂေါပကတွေ မြင်ဖူးတာတောင် မဟုတ်ဘူးတဲ့လေ” ဟုပြုံးစိစိနှင့် ဆိုပါသည်။

မျက်နှာ ပြုံးနေသော်လည်း မျက်လုံးတွေမှာ မျက်ရည်တွေက ပြည့်နေရှာပါတော့သည်။

 ခရီးသွားဧရာဝတီ

0 comments: