စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, June 14, 2012

နောက်ဆုံး ရ ရခိုင် ပြည်နယ် သတင်း များ


စစ်တွေလေဆိပ်သို့ရောက်ရှိလာသော ကယ်ဆယ်ရေးပစ္စည်းများကို တာဝန်ကျတပ်မတော်တပ်သားများက သယ်ဆောင်နေကြစဉ်။
ဓာတ်ပုံ- ဥက္ကာကိုကို


မိမိအသက်လုံခြုံရေးအတွက် လက်နက်ဆောင်ယူကာ စစ်တွေမြို့တွင်းသွားလာနေသော မြို့ခံတစ်ဦးကို ဇွန် ၁၂က တွေ့ရစဉ်။


မိမိတို့ အသက်လုံခြုံရေးအတွက် အခင်းဖြစ်ပွားချိန်တွင် ရရာလက်နက်ကိုင်ဆွဲကာ စိုးရိမ်ပူပန်မှုများဖြင့် လမ်းပေါ်ထွက်ရှိလာကြသည့် စစ်တွေမြို့ခံများကို တွေ့ရစဉ်။


မိမိတို့ အသက်လုံခြုံရေးအတွက် အခင်းဖြစ်ပွားချိန်တွင် ရရာလက်နက်ကိုင်ဆွဲကာ စိုးရိမ်ပူပန်မှုများဖြင့် လမ်းပေါ်ထွက်ရှိလာကြသည့် စစ်တွေမြို့ခံများကို တွေ့ရစဉ်။


ဘင်္ဂါလီလူမျိုးများက မီးရှို့ထားခဲ့သော ရပ်ကွက်တစ်ခုမှ ပြန်လည် ရုပ်သိမ်းလာသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။


စစ်တွေမြို့ ရပ်ကွက်တစ်ခုကို ဘင်္ဂါလီများက မီးရှို့သဖြင့် လုံခြုံရေး ယူပေးနေသော ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။

မီးရှို့သည့် ဘင်္ဂါလီများမှာ ဂျင်ကလိ၊ လေးခွတို့ဖြင့် ပစ်ခတ်နေသောကြောင့် ရဲတပ်ဖွဲ့ဝင်များလည်း ရှေ့ဆက်မတိုးဘဲ လုံခြုံရေးအရ လှမ်းသည့်နေရာမှ စောင့်ကြည့်နေကြစဉ်။


မီးလောင်သည့်နေရာအတွင်း မီးရှို့နေသည့် ဘင်္ဂါလီလူမျိုးများရှိနေသဖြင့် မီးခိုးဗုံးများဖြင့် ပစ်ခတ်နေသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။


ညနေ ခြောက်နာရီမှစတင်ကာ ညမထွက်ရအမိန့်ကို လှည့်လှည်ထုတ်ပြန်ကြေငြာနေသည့် ကားတစ်စီးကို စစ်တွေမြို့တွင် တွေ့ရစဉ်။


ဇွန်လ ၁၃ ရက်နေ့နံနက်တွင် စစ်တွေမြို့သို့ ရောက်ရှိလာကြသည့် ကာကွယ်ရေးဝန်ကြီးနှင့် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးတို့ကို တွေ့ရစဉ်။


စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုမှ ရခိုင်တိုင်းရင်းသားများကို တွေ့ရစဉ်။

စစ်တွေမြို့တွင် ဇွန် ၁၂ ရက်နေ့ညအထိ ကျနော်တို့အနေနဲ့ လုံခြုံရေးစိတ်မချသေးပါ။
ယခုစိတ်ချရပြီလားဆိုတော့လည်း အဖြေက ရေရာမှုမရှိပါ။ ဘင်္ဂါလီများနေထိုင်သည့် ရွာဖက်သို့ မသွားရပါ။ တပ်မတော်စစ်ကြောင်းများက ပေးမ၀င်ကြပါ။ ဇွန် ၁၂ ရက်က စစ်တွေမြို့ နေ့လည်ခင်း မှာ သွေးပျက်စရာဖြစ်ပါသည်။ မြင်ရသမျှ လူအားလုံးလက်ထဲမှာ ရရာလက်နက် ကိုင်ဆွဲထားပါသည်။ ဓား၊ တုတ်၊ ဂျင်ကလိ၊ လှံ၊ လေးခွ စသဖြင့် ကလေး၊ လူကြီး၊ ကျား၊ မ ၊ သက်ကြီးရွယ်အိုမကျန် ရခိုင်တိုင်းရင်းသားများလက်ထဲတွင် မိမိကိုယ်ကိုယ် ကာကွယ်သည့်အနေဖြင့် အသင့်ကိုင်ဆောင်ထားကြပါသည်။

ရယ်စရာဖြစ်ရပ်တစ်ခုကိုပြောပါဦးမည်။ စစ်တွေသို့ ရောက်လျှင်ရောက်ချင်း နယ်ခံသတင်းထောက်နှင့် ဆက်သွယ်ကာ ခြံကျယ်ဝန်းသည့် တည်းခိုခန်းသို့သွားကြပါသည်။
လုံခြုံရေးစိတ်ချရသည်ဟု နယ်ခံသတင်းထောက်က ဆိုပါသည်။ တကယ်လည်း ခြံစည်းရိုးတွင် လျှပ်စစ်ဓာတ်များ လွှတ်ထားပါသည်။အဆိုပါတည်းခိုခန်းသို့ရောက်ပြီး ခဏအကြာတွင်
မန်နေဂျာမိန်းကလေးမှအစ တည်းခိုခန်းတာဝန်ရှိသူအားလုံးမှာ တုတ် ဓားများကိုင်ဆွဲပြီး ခြံဝတွင် စုရုံးနေပါတော့သည်။ ဘယ်နေရာမှ ၀င်လာလျှင် ဘယ်နေရာမှခုခံမည် ဘယ်နေရာသို့ တိမ်းရှောင်မည် စသည်တို့ကို အသက်ကြီးသူတစ်ဦးက ညွှန်ကြားလျှက်ရှိပါသည်။
ိထို့နောက် .... ကျနော်တို့ နေရာပြောင်းရွေ့ခဲ့ကြပါသည်။

ကျနော်တို့မကြောက်ပါ။ ကြောက်လျှင်လည်း ဒီကိုမလာကြပါ။ ဒီကိုရောက်နေသည့် သတင်းထောက်များသည် မကြောက်သဖြင့် လာကြခြင်းဖြစ်ပါသည်။ သို့သော် ရောက်ရောက်ချင်းတွင် မမြင်ဖူးသည့် အခြေအနေနှင့် ပက်ပင်းတိုးကြသဖြင့် ဒူးတုန်မိကြောင်းကိုတော့ ပွင့်လင်းစွာဝန်ခံပါသည်။ သတင်းထောက်များထဲတွင် မက်ဆင်ဂျာ ဂျာနယ်မှ မိန်းကလေးတစ်ဦးလည်း ပါဝင်ပါသည်။

တချို့ရက်များတွင် ရခိုင်လူမျိုးတချို့နှင့် သတင်းထောက်တချို့အကြား အဖုအထစ်အနည်းငယ် ရှိခဲ့ပါသည်။ ရဲတပ်ဖွဲ့များက ကြားဝင်ဖြန်ဖြေခဲ့ရပါသည်။ ဘီဘီစီစသော ပြည်ပသတင်းမီဒီယာများ၏ ပေါက်ကရ လုပ်ကွက်များကြောင့် မီဒီယာကို ဒေသခံများက မကြည်လင်ကြပါ။ ထို့ကြောင့် ကျနော်တို့အနေဖြင့် လုံခြုံရေးစိတ်မချရ သေးပါဟု ဆိုခြင်းဖြစ်ပါသည်။ တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့များက မီဒီယာသမားများကို သတိပေးထားခြင်းရှိပါသည်။ ကိုယ့်သတိကိုယ်ထားရန်ပစ် ဖြစ်ပါသည်။

လုံခြုံရေးယူထားသည့် တာဝန်ရှိသူများကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် သတိပြုနေရချိန်တွင် မီဒီယာသမားများအနေဖြင့် ပိုမိုသတိရှိရပါသည်။

ဇွန် ၁၃ ရက်နံနက်တွင် ကာကွယ်ရေးဝန်ကြီးတို့ရောက်လာပါသည်။ လုံခြုံရေးကလည်း ပိုမိုဂရုစိုက်လာပါသည်။ အနည်းငယ်လုံခြုံစပြုလာပြီဟု ထင်ရပါသည်။ အလှူအတန်းများလည်း ရောက်ရှိလာသဖြင့် ဒေသခံများအတွက်လည်း ၀မ်းသာစရာပင်ဖြစ်ပါ သည်။

မည်သည့်နေရာမှ ရောက်လာမည်မသိသော ဂျင်ကလိ၊ လောက်စာလုံး၊ သံချွန်များကို
ကိုယ့်ကိုယ်ကိုယ်သရဏဂုံတင်ရင်း ကိုယ့်အလုပ်ကိုယ် ထမ်းဆောင်နေကြပါသည်။

ချစ်သော ညီအစ်ကိုမောင်နှမများ ကျန်းမာချမ်းသာကြပါစေ။

လေးစားစွာ.....
ဥက္ကာကိုကို

ရခိုင် အဓိကရုဏ်းမှ ဒုက္ခသည် ပြည်သူများ


တဖက်စောင်းနင်းပြည်တွင်း မီဒီယာများမှာ မဖော်ပြတဲ့ မွတ်စ်လင်မ် ဒုက္ခသည်ပြည်သူများ
Photo-AFP -




ဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်း တခုတွင် တွေ့ရသော သနားစရာ အပြစ်မဲ့ ရခိုင်ကလေးငယ်


ပဋိပက္ခတွေ အမြန်ငြိမ်းဖို့လိုပါတယ်။


Members of a Rakhine family sit at a monastery used as a temporary shelter for people displaced by ongoing violence in Sittwe, capital of Myanmar's western state of Rakhine on June 13, 2012. Security forces grappled with sectarian violence that has left dozens dead and hundreds of homes burned down. A state of emergency has been declared in Rakhine state, which has been rocked by a wave of rioting and arson, posing a major test for the reformist government which took power last year. AFP PHOTO
AFP


An elderly Rakhine man sits at a monastery used as a temporary shelter for people displaced by ongoing violence in Sittwe, capital of Myanmar's western state of Rakhine on June 13, 2012. Security forces grappled with sectarian violence that has left dozens dead and hundreds of homes burned down. A state of emergency has been declared in Rakhine state, which has been rocked by a wave of rioting and arson, posing a major test for the reformist government which took power last year. AFP PHOTO
AFP




Residents look on from their house amid ongoing violence in Sittwe, capital of Myanmar's western state of Rakhine, on June 12, 2012. Dozens of people have been killed in a surge in sectarian violence in Myanmar, an official said on June 12, as international pressure grew for an end to the bloodshed. A state of emergency has been declared in western Rakhine state, which has been rocked by a wave of rioting and arson, posing a major test for the reformist government which took power last year. AFP PHOTO (Photo credit should read STR/AFP/GettyImages) 2012 AFP


Photo-AFP -

လတ်တလော အခြေအနေ တွင် စစ်တွေ မြို့  ဉ် အစိုးရ လုံခြုံ ရေး တပ် များ ၏ အင်အား နည်းပါးမှု ကြောင့် ၇ခိုင် တိုင်းရင်း သား များ မှာ မိမိ ရပ် ရွာ လုံ ခြုံရေး ကို ဆက် လက် တာဝန် ယူနေရဆဲ
ဖြစ်သည်။

ရခိုင်ပြည်နယ် သို့  ကုန်းကြောင်း ၊ ရေကြောင်း နှင့် လေကြောင်း လမ်များ ပါ ပိတ် ထား ၍ ပဋိပက္ခများ ဖြစ်ပွား ခဲ့ ရာ စစ်တွေ မြို့ ပေါ် နှင့် အခြား မြို့  များ တွင် စားနပ် ရိက္ခာ နှင့် ဆေးဝါးများ ပြတ်လပ်နေသည် ဟု သိရသည်။
 စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဦးအောင်ထွန်းဦးလမ်းအတွင်းမှ AZG ရုံးအား တပ်မတော်မှ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှာဖွေမှုပြုလုပ်သည့်အချိန်မှာ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်အထိ အချိန် ၃ နာရီခန့် ကြာမြင့်ကြောင်း သိရသည်။ AZG မှ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးကျော်လှအောင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူထားကြောင်း စစ်တွေမြို့ရှိ လုံခြုံရေးတာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။
 

0 comments: