စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, June 14, 2012

မြန်မာ နဲ့ အီးယူနိုင်ငံတွေ ကုန်သွယ်မှု ပြန်စနိုင်တော့မည်





အိုင်အယ်လ်အိုနိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်က နှစ်ပေါင်းများစွာ မြန်မာနိုင်ငံအပေါ် ပိတ်ပင်ထားခဲ့တဲ့ ကုန်သွယ်ရေး တားမြစ်ချက်တွေ ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး ၊ မြန်မာနိုင်ငံဟာ ဥရောပနိုင်ငံတွေနဲ့ ကုန်သွယ်မှု ပြန်လည်စတင်နိုင်ပြီလို့ သိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့မှာ ကျင်းပနေတဲ့ အိုင်အယ်လ်အို ညီလာခံကြီးကနေ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားခဲ့တဲ့ ကုန်သွယ်မှု အထူးခံစားခွင့် တားမြစ်ပိတ်ပင်ချက်တွေကို ဖယ်ရှားလိုက်ကြောင်း မနေ့က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၅ခုနှစ်နောက်ဆုံးထားပြီး မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်အောင် ဥပဒေ ပြဌာန်းဆောင်ရွက်ဖို့ သမ္မတဦးသိန်းစိန် အစိုးရနဲ့ လွှတ်တော်ကနေ ဆုံးဖြတ်လိုက်တဲ့အပြင် လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ အစည်းအရုံးတွေ ဖွဲ့စည်းခွင့်ကို လည်း ခွင့်ပြုလိုက်တဲ့အတွက် အိုင်အယ်လ်အိုကလည်း တားမြစ်ချက်တွေ ရုပ်သိမ်းပေးတာလို့ သိရပါတယ်။

အီးယူအဖွဲ့ရဲ့ ကုန်သွယ်ရေးရာ အကြီးအကဲ Mr. Karel Gucht ပြောတာက - မြန်မာနိုင်ငံက အပြောင်းအလဲကာလကို ၀ိုင်းဝန်း ကူညီလိုတယ်ဆိုရင် မြန်မာနိုင်ငံဟာ အီးယူနိုင်ငံတွေကို ကုန်သွယ်မှု ဆက်ဆံရေး ပြန်လည်စတင်နိုင်ဖို့ဟာအထူးအရေးကြီးပါတယ်လို့ ပြောခဲ့ပါတယ်။

အခုဆုံးဖြတ်ချက်အရဆိုရင် မြန်မာနိုင်ငံဟာ အိုင်အယ်လ်အိုရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်အိုင်အယ်လအိုအစည်းအဝေးတွေကို ပြန်လည်တက်ရောက်နိုင်ပြီ ဖြစ်သလို ၊ မြန်မာနိုင်ငံက ထွက်ကုန်တွေကိုလည်း အီးယူနိုင်ငံတွေရဲ့ ဈေးကွက်ကိုလည်း တင်ပို့ရောင်းချ နိုင်တော့မှာ ဖြစ်ပါတယ်။ အခုဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံက အီးယူနိုင်ငံတွေကို တင်ပို့နိုင်မယ့် အထဲမှာအ၀တ်အထည်ချုပ်လုပ်ငန်းဟာ ကုန်သွယ်မှု အထူးခံစားခွင့် နဲ့ တင်ပို့ရောင်းချနိုင်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရှိတာ၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေကြောင့် အိုင်အယ်လ်အိုရဲ့ ဖိအားနဲ့ အီးယူနိုင်ငံတွေက GSP ခေါ် ကုန်သွယ်မှု အထူးခံစားခွင့်တွေ ကို ၁၉၉၀ ခုနှစ်တွေလောက်ကစပြီး ပိတ်ပင်ခဲ့တာပါ။ လက်ရှိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမှာ ကျင်းပနေတဲ့ အိုင်အယ်လ်အို ညီလာခံကြီးမှာလည်း မြန်မာအစိုးရ ကိုယ်စားလှယ်တွေ အလုပ်ရှင်ကိုယ်စားလှယ်တွေ နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေပထမဆုံးအကြိမ်တက်ရောက်နေတာလည်း ဖြစ်ပါတယ်။


RFA Burmese
 

0 comments: