စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, August 16, 2012

ဆရာစံတောင်စံပြရပ်ကွက် NLD ရပ်/ကျေးရုံးဖွင့်


ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဆရာစံတောင်စံပြရပ်ကွက်မှာ သြဂုတ်လ ၁၂ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရပ်/ကျေး ရုံးခန်း ဖွင့်လှစ်ပွဲ အခမ်းအနားကို
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဦးဝင်တင်၊ မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ တာမွေမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းနဲ့ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ခံ ဖျာပုံနီလုံဦးတို့ လာရောက် ခဲ့ကြပါတယ်။ နံနက် ၉ နာရီ
ကနေ စတင်ပြီး အစီအစဉ် ၁၁ ရပ်နဲ့ ကျင်းပ ပြုလုပ်တဲ့ ဒီအခမ်းအနားမှာ တက်ရောက်လာတဲ့ ဒေသခံ ပြည်သူတွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ
စုစုပေါင်း ၂၀၀ လောက်ကို အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်နဲ့ ဗဟန်းမြို့နယ် အဖွဲ့ချုပ် တာဝန်ခံ ဖျာပုံနီလုံဦးတို့က အသီးသီး အမှာစကား ဆိုခဲ့ကြပါတယ်။



by BurmaVJMedia

0 comments: