စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, August 20, 2012

လုပ်ကြံဖေါ်ပြထားတဲ့ ဗွီဒီယို၊ ဓာတ်ပုံများ ပါကစ္စတန်မှ လာကြောင်း အိန္ဒိယ ပြောဆို

တရုတ်ပြည် ငလျင်ဒဏ်ခံရသူများကို တိဗက်ဘုန်းကြီးတွေ ကူညီကယ်ဆယ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတပုံကိုလည်း ဗုဒ္ဓဘာသာဝင်တွေ သတ်ဖြတ်လိုက်တဲ့မူဆလင်တို့ရဲ့ ရုပ်အလောင်းများ ဆိုပြီး ပုံမှားရိုက်ထားပါတယ်။


မြန်မာနိုင်ငံနဲ့အိန္ဒိယအရှေ့မြောက်ဒေသ အာသံပြည်နယ်မှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်နေပါတယ် ဆိုပြီး အင်တာနက် စာမျက်နှာတွေပေါ်မှာ လုပ်ကြံဖေါ်ပြထားတဲ့ ဗွီဒီယို နဲ့ ဓာတ်ပုံတွေကို ပါကစ္စတန်နိုင်ငံထဲ ကနေ ပြုလုပ် ဖြန့်ချိနေတာ ဖြစ်တယ်လို့ အိန္ဒိယ အစိုးရက ပြောဆိုလိုက် ပါတယ်။

နည်းပညာကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ အဲဒီ လုပ်ကြံဖေါ်ပြထားတဲ့ ပုံတွေကို ပါကစ္စတန် နိုင်ငံအတွင်းက အင်တာနက် ဘလော့ စာမျက်နှာတစ်ခုမှာ စတင်ဖေါ်ပြခဲ့တာလို့ အိန္ဒိယ ပြည်ထဲရေး ၀န်ကြီး က ပြောပါတယ်။

ဒီကိစ္စကို ပါကစ္စတန် အစိုးရနဲ့ဆွေးနွေးသွားမှာ ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံထဲကနေ အခုလို လုပ်ကြံ ၀ါဒဖြန့်တဲ့ ပုံတွေ စတင်ခဲ့တာနဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာ အထောက်အထားတွေ ရှိကြောင်းလည်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အဲဒီ လုပ်ကြံဖေါ်ပြထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဖြန်ချိတဲ့ ၀က်ဆိုဒ်ပေါင်း အနည်းဆုံး ၁၁၀ ကျော် ပါဝင်နေတာ တွေ့ရပြီး၊ အဲဒီထဲက ၇၆ ခုကို အိန္ဒိယအစိုးရက ပိတ်ပင်လိုက်ပါတယ်။
လုပ်ကြံထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေထဲမှာ ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့် သေဆုံးနေတဲ့ အလောင်းတွေကို အာသံပြည်နယ်ထဲမှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်ထားတဲ့ပုံတွေ အဖြစ် ဖေါ်ပြထားပြီး၊ ငလျင်ဒဏ်ကြောင့် သေဆုံးသူတွေရဲ့ပုံတွေကို မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်တွေက မူဆလင်တွေ ကို သတ်ဖြတ်ထားတဲ့ပုံတွေ အဖြစ် ဖေါ်ပြထားလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက အာသံပြည်နယ်မှာ မူဆလင်တွေကို သတ်ဖြတ်ခဲ့တဲ့ အတွက် လက်စားချေ တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ အင်တာနက် နဲ့မိုဘိုင်းဖုန်းတွေမှာ ပျံ့နှံ့ခဲ့တာကြောင့် ထောင်သောင်း ချီတဲ့ အာသံနယ်သူနယ်သား တွေ မွန်ဘိုင်း အပါအ၀င် မြို့ကြီးတွေကနေ နေရပ်ကို ပြန်သွားခဲ့ကြပါတယ်။

ဒီလိုခြိမ်းခြောက်တဲ့ တယ်လီဖုန်း သတင်းတွေ၊ အင်တာနက် စာမျက်နှာတွေပေါ်က ပုံတွေကို ပါကစ္စတန်နိုင်ငံထဲကနေ စတင်ခဲ့တာလို့ အိန္ဒိယပြည်ထဲရေး ၀န်ကြီး က ပြောဆိုခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပါကစ္စတန် အစိုးရကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။

ဆက်စပ်သတင်း - ကမ္ဘာပတ်လိမ်နေသည့် “ရိုဟင်ညာ” ဆိုသူများ လိမ်လည်မှုကို ဖွင့်ချလိုက်ပါပြီ

0 comments: